ကျနော်နှင့် smartphone (Chapter 4)

in #myanmar6 years ago

FB_IMG_1527335451652.jpg

Sony M4 aqua လေးကို တနှစ်လောက် ကိုင်လာခဲ့ပြီးချိန်မှာတော့ တတတနောက်ထပ် ပြဿနာ တခုက ပေါ်လာ၏။ Ram ပင် ဖြစ်၏။ M4 ၏ Ram က 2G ဖြစ်၏။ ထို့ကြောင့် တချို့ Game ကြီးများကို မနိုင်ပေ။ ထို့ပြင် Storage နည်းသောကြောင့် file size ကြီးသော Game များ ဆော့ကစားဖို့ရာ သိပ်အဆင်မပြေလှပေ။ ထိုအချိန် ထိုအခါက Ram 2G သည် မနည်းလှသော်လည်း ကျနော် M4 ကိုင်ပြီး တနှစ်တွင်းမှာ ဆော့လို့ ကောင်းသည့် Game များထွက်လာ၏။ Game ၏ file size တွေကလည်း မနည်းမနောပင်။ ကျနော် ဆော့ချင်သော Game များကို ကျနော့် sony လေးက support မပေးနိုင်တော့ပေ။ ထို့ကြောင့် နောက်တနည်း ကြံရတော့၏။

လက်ရှိကိုင်နေသည့် sony လေးကို မရောင်းပဲ ကျနော် Meizu phone တလုံး ထပ်ဝယ် လိုက်၏။ မော်ဒန် အမျိုးအစားက MX6 ဖြစ်၏။ Ram 4, Rom 32 ဖြစ်၏။ သူ့ chipset က MTK ဖြစ်၏။ Sony က snapdragon ဖြစ်၏။ snapdragon သည် အမေရိကန်က ဖြစ်ပြီး MTK ကိုက ထိုင်ဝမ်မှ ထုတ်လုပ်ခြင်း ဖြစ်၏။ ကနဦး smartpnone လောက ကို ထို chipset (၂) ခုက လွှမ်းမိုးထား၏။ တရုတ်ပြည်မှ ထုတ်လုပ်သော phone အများစုတွင် MTK ကို အသုံးများ၏။ MTK သည် snapdragon ထက်စာလျှင် အနည်းငယ် ဈေးသက်သာ၏။ Sony phone များတွင်လည်း MTK သုံးသည့် series များလည်း ရှိ၏။ တချို့ M series နှင့် A series များ ဖြစ်၏။ smartphone သုံးစွဲသူ အများစုက MTK ကို မကြိုက်ကြပေ။

FB_IMG_1535538430715.jpg
photo from Facebook

MTK သည် snapdragon ထက်စာလျှင် core ပိုများ၏။ core ပိုများတော့ ပို အလုပ်လုပ်ရ၏။ ထို့ကြောင့် ပိုပူ၏။ သို့သော် MTK သည် snapdragon ကို ကောင်းကောင်း ယှဉ်နိုင်၏။ တကယ်တမ်း ပြောရလျှင် snapdragon လည်း ပူတာပင် ဖြစ်၏။ သာမန်ထက် ခိုင်းစေ၊ သုံးစွဲမှု ပိုများလျှင် မည်သည့် phone မဆို ပူတာပင်။ မောင်းနှင်မှု သိပ်မများပဲ ပူနေပါက၊ softwarwe သို့ hardware ပိုင်းတွင် error ရှိနေသောကြောင့်ပင် ဖြစ်၏။ နောက်တချက်က ရေစိမ်ခံ phone အများစုသည် သာမာန် phone များထက် အနည်းငယ် ပို၍ ပူတတ်၏။

တော်ရုံတန်ရုံ phone များသည် MTK ကို မနိုင်ပေ။ ဆိုလိုသည်က MTK chipset သုံးထားသော phone အများစုသည် error များတတ်၏။ system ပိုင်းကို မထိပဲ ကိုင်နေလျှင်တော့ ကောင်း၏။ သို့သော် BLU လုပ်လိုက်ခြင်းမျိုး၊ root လုပ်လိုက်ခြင်းမျိုး၊ custom recovery သွင်းလိုက်ခြင်းမျိုးများတွင် တခါတလေ အဆင်မပြေ ဖြစ်တတ်ပြီး phone power သေသွားခြင်းမျိုး ဖြစ်တတ်၏။ snapdragon ထက် စာလျှင် MTK က ထိုသို့ ပိုပြီး ဖြစ်တတ်၏။ Handphone ဆိုသည့် အတိုင်း ဘယ် phone မဆိုတော့ ဟန်းသည့် အမျိုးပင်။ လူ့အလို နတ်မလိုက်နိုင်မလား။ တခါတလေ ကျနော်တို့၏ စောနေသော စိတ်အလျင်နောက်ကို အနှီ phone များ မလိုက်နိုင်ပါက ဟန်းလေတော့၏။

FB_IMG_1535538422507.jpg
photo from Facebook

MTK သုံးထားသည့် phone အများစုတွင်တာ့ meizu လောက် MTK ကို နိုင်သည့် phone မျိုး မတွေ့ဖူးပေ။ ကြိုက်သည့် software ကို ကြိုက်သလို run သူက အေးအေးဆေးဆေး run ပေးနိုင်၏။ သူ့အိုး သူ့ဆန် တန်သည့် software မျိုးဆိုလျှင် အသာအယာလေး လုပ်ဆောင်ပေးနိုင်၏။ တချို့ သူနှင့် အမျိုးအစားတူ MTK သုံးထားသည့် phone များပင်လျှင် သူ့လို မစွမ်းဆောင်ပေးနိုင်ပေ။ တချက်တချက် အနှီ meizu သည် snapdragon သုံး phone များနှင့်ပင် တန်းတူ ပြေးနေနိုင်သေး၏။ ဈေးသက်သာတိုင်း မကောင်းပါဘူးကွာ ဆိုသည့် အဆိုကို သူက ချေဖျက်ပေးနိုင်သူ ဖြစ်၏။ တချို့ ဈေးကြီးပေးရသည့် phone brand များ၏ စွမ်းရည်အတိုင်းကို သူက လုပ်ဆောင်ပေးနိုင်သောကြောင့် ဖြစ်၏။

Don Jaun

MSC 31

Sort:  

RAM 4GBလောက်မှလည်း ခုနောက်ပိုင်းသုံးရတာ
အဆင်ပြေလာတယ်ဗျာ
Facebookနှငါ့Messengerနှစ်ခုတည်းတင်Size ကတော်တော်ကြီးနေပြီ ခဏခဏClear Dataလုပ်နေရတယ်

အဲ့ကြောင့် တချို့လူတွေက facebook lite နဲ့ messenger lite သုံးကြတာ။

5G ရောက်မှပဲသုံးတော့မယ် ကြော်ငြာကောင်းတယ် meizu ကိုယ်စားလှယ်များလား ☺☺☺

ငှယ့် ကိုစိုး
6G 8G တွေတောင် လာနေပြီလေ။ သုံးတော့။ 5G တော့လာမှာ မဟုတ်ဘူးရယ် 😁

တစ်ချို့ဖုန်းတွေဆို ဈေးကြီးပေးဝယ်ပီး သိပ်မကြာခင်ပဲ အဆင်မပြေဖြစ်တာကြုံဘူးတယ်

မှန်တာပေါ့ ဗျာ။ ဂျင်းတွေလေ

ဖုန်းအကြောင်း ဗဟုသုတ ရပါတယ်ဗျာ

ဟုတ် ကျေးဇူးဗျ

RAM များလေ သုံးကောင်းလေ

ဟုတ်တယ်

ဖုန်းအကြောင်းတွေ သိရလို့ကျေးဇူးပါ။

ဟုတ်

မီဇူးက ကင်မရာကော ရုပ်ထွက်ကောင်းလား ကိုဒွန် ... မသုံးဖူးသေးလို့ ...။

ကောင်းတယ်ဗျ။ sony lens ပဲ

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63493.34
ETH 2578.53
USDT 1.00
SBD 2.79