ကျနော်နှင့် smartphone (Chapter 3)

in #myanmar6 years ago

FB_IMG_1527335451652.jpg

Sony M4 aqua phone လေးကို TWRP recovery သွင်းပြီးနောက် firmware အမျိုး ပြောင်းလည်းပြီးတင်တော့ ၏။ firmware များကို xda site မှရ၏။ Online မှာ ခင်မင်ခွင့်ရသော အကိုတယောက်ကလည်း firmware အသစ်ထွက်တိုင်း လှမ်းလှမ်းပြောပေး၏။ firmware တင်စဉ် ကြုံတွေ့ရသည့် အခက်အခဲများကိုလည်း ကူညီပြီး ဖြေရှင်းပေး၏။ တခါတလေ Sony flashtool ကနေ firmware ကို မတွေ့သည့်အခါမျိုး၊ ကျနော်လည်း မည်သို့မျှ လုပ်လို့ မရသည့်အခါမျိုးမှာ TeamViewer ကနေ တဆင့် ကျနော့် computer ထဲသို့ဝင်ရောက်ပြီး firmware file တွေ့အောင်၊ တင်လို့ရအောင် ကူညီပေး၏။ သူ့နာမည်က ဘိုဘိုအောင် ဖြစ်၏။ ရန်ကုန်တွင် software developer အဖြစ် လုပ်ကိုင်နေ၏။ သဘောကောင်းပြီး ကူညီတတ်၏။ Sony Xperia Myanmar (SXM) Facebook Group မှာ တွေ့ဆုံခင်မင်ခွင့် ရခြင်း ဖြစ်၏။ သူ့ထံမှ အကူအညီ အများကြီး ရခဲ့၏။ သူကိုယ်တိုင်ကလည်း Sony M4 aqua phone သုံးသူ တယောက် ဖြစ်နေခြင်း ဖြစ်၏။ ထို့ကြောင့် ကျနော့် M4 အကြောင်း ပြောလျှင် သူ့ကိုလည်း ချန်ထားလို့ ရမည် မဟုတ်ပေ။

ဘာလို့ Custom firmware တွေ တင်တင်နေရတာလဲ။ နဂိုပါတဲ့ Offical Firmware က မကောင်းလို့လား၊ မကြိုက်လို့လား။ မကြိုက်ရင် အစကတည်းက အဲ့ အမျိုးအစား မ၀ယ်နဲ့ပေါ့ဟု မေးစရာ ရှိ၏။ ထိုမေးခွန်းကို ဖြေဆိုရန် အတန်ငယ်တော့ ကသိကအောင့် နိုင်၏။ ကိုယ်ကိုတိုင်က တကယ်ကြိုက်လို့ ရွေးချယ်စရာ များစွာထဲကမှ အနှီ phone ကို ရွေးချယ် ၀ယ်ယူခဲ့ပြီး မဟုတ်လား။ ကျနော် Custom firmware တွေ ပြောင်းတင်နေသည့် အချက်က တခုတည်း ရှိ၏။ ဒီ phone အကြောင်း၊ စွမ်းဆောင်ရည်အကြောင်း၊ ဘာတွေ ဘယ်လို လုပ်၍ ရကြောင်းကို သိရှိလိုခြင်း ဖြစ်၏။ နောက်တချက်က ထိုသို့ စမ်းသပ် ပြုလုပ်ရခြင်းကို ကျနော် ပျော်၏။ Custom firmware တွေက Offical firmware တွေလောက် မကောင်းပါဘူးကွာလို့တော့ တထစ်ချ ပြောလို့ မရပေ။ တချို့ Custom firmware တွေက Offical firmware တွေထက် stable ဖြစ်နေတတ်၏။ စွမ်းဆောင်ရည်ပိုင်းမှာ သာလွန်နေတတ်၏။ ထို firmware ကို ရေးဆွဲသည့် developer ပေါ်မူတည်ပြီး firmware အမျိုးအစား အမျိုးမျိုး ကွဲပြားသွား၏။

received_1472252506143555.jpeg

တချို့ Offical လောက် stable မဖြစ်သော၊ error များသော firmware မျိုးနှင့် ကြုံလျှင်တော့ ကမောက်ကမ၊ ကသောင်းကနင်း ဖြစ်တော့၏။ ထိုအခါမျိုးတွင်တော့ Offical firmware ကို ပြန်တင်ရတော့၏။ Custom firmware ရေးဆွဲကြသူ developer အများစုကလည်း မိမိ firmware ၏ အားသာချက်၊ အားနည်းချက်များကို တပါတည်း ပြောပြထားပြီး ဖြစ်၏။ ကိုယ်က ထိုအချက်များကို ဖတ်ပြီး တင်သင့်၊ မတင်သင့် ကိုယ့်ကို ဆုံးဖြတ် ရွေးချယ် ရ၏။ တချို့ firmware တွေက bluetooh မရတာမျိုး၊ wifi မရတာမျိုး၊ screen cast လုပ်မရတော့ တာမျိုး၊ camera ဖွင့်မရတော့ တာမျိုး၊ phone ရဲ့ setting ကြောင်သွားတာမျိုး၊ external storage (sd card) ကို မသိတော့တာမျိုး စသည့် error လေးတွေ ရှိတတ်၏။

received_1603987546303383.jpeg

လက်ရှိ M4 တွင် မောင်းနှင် ဖူးသည့် firmware များစွာထဲမှာမှ (၂) ခုကို ကျနော် အတော်လေး သဘောကျ၏။ (၂) ခုလုံးက Offical firmware ကို modify လုပ်ထားခြင်း ဖြစ်၏။ xda developer site မှာ တွေ့ခြင်းဖြစ်၏။ ကိုဘိုဘိုအောင်က သတင်းပေးခြင်း ဖြစ်၏။ Pure Android ကို အခြေခံထားသည့် Concept-ify- AOSP base Rom နှင့် Pexo Rom ဖြစ်၏။ (၂) ခုလုံး Android Version (6.0.1) ကို အခြေခံထား၏။ ထို့ပြင် ထို firmware (၂) ခုလုံးသည် stable ဖြစ်ပြီး version (3.0) ထိ ထွက်ထားပြီးပြီ ဖြစ်၏။ ကျနော်က ဒီတခု သုံးရတာ ပျင်းလာရင် နောက်တခု တင်လိုက်၊ နောက်တခုကို သုံးရတာ ငြီးငွေ့လာရင် ဒီတခု တင်လိုက်နှင့် ဟန်ကို ကျနေ၏။ firmware အတင်များပြီး ဂေါက်သွားလျှင် Offical firmware လေး ပြန်တင်လိုက်နှင့်ပေါ့။

Phone ဆိုင်က သူငယ်ချင်းကတော့ ပြောရှာ၏။ ခင်ဗျားကမှ phone သုံးရတာ တန်တာ။ phone ကို အမျိုးမျိုး လုပ်သုံးနေတာ ဟု ဆိုတတ်၏။ ထိုအခါမျိုးတွင် ကျနော်ကလည်း ကျေနပ် အားရစွာ ပြုံးနေတတ်၏။ သေချာတာ တခုကတော့ နောက်ထပ် phone များ ၀ယ်ဖြစ်လျှင်လည်း ကျနော်ကတော့ ကလိနေဦးမှာ အသေအချာပင် ဖြစ်၏။

Don Jaun

MSC 31

Sort:  

အချို့လူ​တွေ​ပြောတာ...ဖုန်းကိုကလိမှကျွမ်းကျင်​တယ်​ဆိုလား....

အဲ့ကြောင့်ပဲ ကလိနေတာ
😂😂

များများကလိမှပညာရပါမည်

ဟုတ်

ဗဟုသုတ ရပါတယ်အစ်ကို။ဒီလိုမျိုးတွေလုပ်ပြီးသုံးနေတော့ မိမိအတွက် ကျွမ်းကျင်မှုတွေ နည်းပညာအသိတွေ တိုးလာမှာ အသေအချာပဲပေါ့။အားလုံး သိသင့်တဲ့ နည်းပညာလေးတွေ မျှဝေပေးပါအုံးလို့ပြောရင်း...စောင့်မျှော်အားပေးနေပါ့မယ်အစ်ကို။

ဟုတ်ကဲ့ပါဗျ

တော်ပါပေ၏ တန်ပါပေ၏

ပျော်ပြီလေ 😂

ဖုန်း နာမည်‌ပါ‌သော မမများနဲ့ ညီမ‌လေးတို့‌ရေ ‌မောင်းဖုန်းသက်‌လယ်‌ ကို သတိထားကြဦး‌နော်‌။

ငှယ့် ကိုမဟော်ကတော့ လုပ်ပြီ

ကိုယ့်ရဲ့ ဘေဘီလေး အမရာဘုန်းကို ဖွက်ထားဦးမှပဲ.... 😄😄

များများကလိ များများပညာရတယ် အကိုဒွန်😁

ဟုတ်ဟုတ်

မတ်မတ်တို့တော့ ကလိရဲဘုအေ

ချစမ်းပါ မမကလည်း

ကလိရဲဘူး ပိုက်ပိုက်ကုန်မှာကြောက်တယ်

ကုန်ပါဘူး လုပ်လိုက်စမ်းပါ

အလှဆုံးဖြစ်အောင်သာကလိပေတော့

အေးလေ ကလိမ ပျော်စရာလေ အမေက အမြဲ ငေါက်တယ် နင့်ဖုန်းတော့ ဘယ်လောက်မ မကြာ ပျက်မှာတဲ့ ပျက်လဲ ဝယ်ယုံပေါ့ နော့အေ😌

အေးလေ

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63914.63
ETH 2664.93
USDT 1.00
SBD 2.77