ကျနော်နှင့် Smartphone (Chapter 2)

in #myanmar6 years ago

FB_IMG_1527335451652.jpg

Sony M4 aqua လေး လက်ထဲရောက်လာပြီ ဖြစ်၏။ Zawgyi font မရေပေ။ Uni တော့ ရ၏။ ခက်တာက မြန်မာနိုင်ငံမှာက လူ(၁၀၀) တွင် (၉၈) ယောက်လောက်က Zawgyi သုံးနေကြတော့ Uni နှင့်ဆိုလျှင် အဆင်မပြေပေ။ ထိုစဉ်က M4 သည် Zawgyi font မရသေးပေ။ Uni font သာ ရ၏။ ကျနော့်မှာ uni to zawgyi app လေးဖြင့် message မှ စာများ၊ facebook မှ စာများကို ဖတ်နေရ၏။ Zawgyi နှင့် Uni ကိစ္စကလည်း မသေးလှပေ။ ခုထိလည်း အဆင်မပြေသေး။ Uni က ဘယ်လိုပဲ စံဖြစ်ဖြစ်တယ်ပြောပြော အားလုံးက Zawgyi ပဲ သုံးနေကြ၏။

Zawgyi font ရအောင် phone ကို root လုပ်ဖို့ လို၏။ root လုပ်ဖို့ Bootloader Unclock (BLU) လုပ်ဖို့ လို၏။ unclock လုပ်ဖို့ သတ်မှတ်ထားသည့် website သို့ code ပို့ပေးရ၏။ (၂) ရက်လောက်နေမှ code က ရ၏။ zawgyi font ရသွား၏။ ပျော်လိုက်တဲ့ ဖြစ်ခြင်း။ နောက် တခြား အရာများပါ လုပ်လို့၊ ကလိလို့ ရသွားပြီ ဖြစ်၏။ ကျနော်၏ ဒီ phone လေးကိုတော့ မကလိပဲ သုံးပါမယ် ဆိုတဲ့ စကားသည် root ပေါက်သွားခြင်း နှင့်အတူ လွင့်ပျယ်သွားပြီ ဖြစ်၏။ Sony နှင့် ပတ်သက်ပြီး မကျွမ်းခင်၊ မသိခင်က ငြိမ်ငြိမ်နေခဲ့သမျှကို ယခုမှ အတိုးချပြီး ကလိတော့၏။

S80827-145144(1).jpg
screenshot from Google

Custom recovery သွင်း၏။ Huawei တုန်းက CWM recovery ခု Sony ကျတော့ TWRP recovery ပေါ့။ recovery ကနေ zip file များ run ခြင်း၊ custom firmware များတင်ခြင်းတို့ကို လုပ်ဆောင်နိုင်၏။ firmware တခုလုံးကိုလည်း backup လုပ်ထားနိုင်၏။ ဒီအတိုင်း sony ၏ Offical firmware ကို တနှစ်လောက် သုံးစွဲကြည့်ပြီး သကာလ၊ custom firmware များဖက်သို့ ကျနော် ဦးတည်တော့၏။ firmware မကလိခင်က Kernel version များကို အတင်အချ လုပ်၏။ (Phone setting ၏ About phone (about software) မှာ ၀င်ကြည့်နိုင်၏။) Kernel date က ဒီဖက်ခေတ် နှစ်ကာလနှင့် နီးလေလေ phone ၏ စွမ်းဆောင်ရည်ပိုင်းက သွက်လက်လေလေ၊ up to date ဖြစ်လေလေ ဖြစ်၏။

Kernel verion အပြောင်းအလဲသည် phone စွမ်းဆောင်ရည်ပိုင်း အရ ပြောင်းလဲသွားသော်လည်း၊ phone ၏ စနစ်တခုလုံး၊ အသွင်အပြင်ပိုင်းရတော့ လုံးဝ ပြောင်းသွားခြင်းမျိုး မဟုတ်ပေ။ ထို့ကြောင့် Offical firmware ကို သုံးစွဲရတာ ငြီးငွေ့လာသော ကျနော့် အဖို့ custom firmware များ ဖက်သို့ ဦးလှည့်တော့၏။ ကလိလွန်ပြီး firmware ပြန်မတက်လာတော့သောအခါမျိုး၊ power သေသွားသော အခါမျိုး၌ သူငယ်ချင်း ဆိုင်သို့ ပြေး၏။ ထိုအခါတိုင်း၌ သူငယ်ချင်းက ပြောတော့ မကလိတော့ဘူးဆိုဟု ပြောပြီး firmware ပြန်ပြန်တင်ပေးလိုက်၏။ နောက်များမှာတော့ firmware ရေးဖို့ လိုအပ်သည့် file များ၊ dat များကို ယူထားလိုက်၏။ ထို့ပြင် firmware တင်နည်းကိုလည်း လေ့လာထားလိုက်၏။ Huawei phone တုန်းကလိုပဲ ကလိတော့၏။ ယခု sony လည်း U8825D လိုပဲ အကြမ်းခံ၊ အပေအတေခံ၏။

Sony phone ၏ အားသာချက်က sony series အများစုသည် ရေစိမ်ခံ၏။ အခြား smartphone brand များထက် အရင်ဆုံး ရေကူးတတ်သော phone ဖြစ်၏။ ကျနော့် M4 သည် ထိုစဉ်က Midrange Phone အမျိုးအစား ဖြစ်၏။ သို့သော် flashship phone များကို မှီလို့ မှီခင် အခြေအနေ အတိုင်းအတာ တခုထိတော့ ရှိ၏။ သူ၏ 13 MP camera သည် ထိုစဉ်က စိတ်ကျေနပ်ဖွယ် ကောင်းသော အခြေအနေ ဖြစ်၏။ ram 2G, Snapdragon 615 ဖြစ်၏။ sd 600 series သည် battery လွန်စွာ အသုံးခံသော series ဖြစ်၏။ အတော်အသင့် စွမ်းဆောင်ရည် ကောင်းသော phone မျိုး ဖြစ်၏။ သို့သော် Storage ပိုင်းကတော့ နည်း၏။ 8GB နှင့် 16GB နှစ်မျိုးထုတ်၏။ မြန်မာနိုင်ငံတွင်းကိုတော့ 8GB ကိုသာ ပိုမိုတင်သွင်း၏။ ကျနော့် M4 က 8GB ဖြစ်၏။

sony-xperia-m4-aqua-dual-2.jpg
photo from Google

ကျနော်သည် ယခု သုံးနေသည့် M4 လေးကို နှစ်သက်၏။ သူငယ်ချင်းများ၏ အမှတ်တရ လက်ဆောင် ဖြစ်သည်က တကြောင်း phone ၏ အသွင်အပြင် ဒီဇိုင်းက စွဲဆောင်မှု ရှိခြင်းလည်း ပါ၏။ သူ့ အရွယ်အစားက လက်ထဲကိုင်ထားရတာ အဆင်ပြေ၏။ 5 inches နှင့် screen to body ratio သည် 16:9 ဖြစ်၏။ ယခု 18:9 ratio များ ခေတ်စားလာသော်လည်း ကျနော်သည် 16:9 လေးကိုသာ ပိုမိုပြီး သဘောကျ၏။ chipset, ram, rom, camera, power, display ပိုင်းအရ အခြား phone များကို မဖြစ်မနေ ပြောင်းကိုင်ရမည် ဆိုသော်လည်း လက်ရှိသုံးနေသည့် sony M4 လေးကိုသာ တန်ခိုးရှင် တဦးဦးကများ ဟက်ချလောင်း ဆိုပြီး RAM 8, ROM 256, AI base 45 MP dual camera, 10000 mAh battey နှင့် Super AMOLED Full HD 8K display အဖြစ် ပြောင်းပေးလိုက်လျှင် လွန်စွာမှပဲ ကောင်းပေလိမ့်မည်။

ဆက်ပါဦးမည်

Don Jaun

MSC 31

Sort:  

ဖုန်းအကြောင်းသိကောင်းစရာ

နည်းနည်းပါးပါးပေါ့

အသိဥာဏ်ဗဟုသုကြွယ်ဝပါပေသည်

အဲ့လောက်ကြီးတော့လည်း မဟုတ်ရပါဘူးဗျ။ ကျေးဇူးတင်ပါတယ်ဗျ

ကလိနိုင်သူကြီးပေါ့😁😁😁

အဟီး

အသိပညာတိုးပြီးမသိတာသိရှိရသောကြောင့်ကျေးဇူးပါ

ဟုတ် ကျေးဇူးဗျ

ကိုဒွန်‌ကskill menကြီးဘဲ။‌လေးစားပါတယ်‌ ကိုဒွန်‌။

ဟီး ဟုတ်ဟုတ်

ဟက်ချလောင်း ပြောင်းစေကွယ်

ပြောင်းသွားပြီ

ဖုန်းလှတယ်​...အနီ​ရောင်​​လေး
ဖုန်းအ​ကြောင်းသိပ်​မသိ​တော့ဗဟုသုတရပါတယ်​...

ဟုတ်

Samsung grand2 လေးပါဝါပြုတ်ပြုတ်ကျနေတာလာပြဦးမှပါ

ဟုတ်ဟုတ်

ဖုန်းဘတ်လဘိုင် လိုက်အောင် ကိုင်တတ်တယ် ဦးဒွန်က ဦးဇင်းတို့ ကတော့ ရိုသေသလားမပြောနဲ့ ဒီနေ့ ဝယ် မနက်ဖြန် မှန်ကွဲပြီပဲ

အသစ်ရတာပေါ့ ဘုရား
😂

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63348.66
ETH 2668.99
USDT 1.00
SBD 2.78