ကျနော် နှင့် ဆိုင်ကယ် (Chapter 1)
ကျနော်သည် ဆိုင်ကယ်ကို အရူးအမူး နှစ်သက်သူ မဟုတ်သော်လည်း သာမန်ထက်တော့ စိတ်ဝင်စားမှု ရှိ၏။ ဆိုင်ကယ်ကို (၁၀) တန်း အောင်ပြီးမှ စီးတတ်၏။ ဆိုင်ကယ် စီးတတ်သွားပေမယ့် ကျနော့်မှာ ဆိုင်ကယ် မ၀ယ်နိုင်သေး။ အိမ်ကိုလည်း မပူဆာချင်။ ပြန်စဉ်းစားကြည့်လျှင် ယခု အသက်အရွယ် ယခု အချိန်အထိ ဘာဝယ်ပေးပါ၊ ညာဝယ်ပေးပါ ဟု တခါမျှ မပူဆာ၊ မတောင်းဆို ခဲ့ဘူးချေ။ တောင်းဆိုရကောင်းမှန်း မသိ၍ မဟုတ် ဒီအတိုင်း မတောင်းဆိုပဲ နေခဲ့ခြင်းသာ ဖြစ်၏။
ဆယ်တန်းအောင်တော့ အိမ်က စက်ဘီး တစီး ၀ယ်ပေးဖူး၏။ mountain တံဆိပ် ပြိုင်ဘီး ဖြစ်၏။ ထို စက်ဘီးကို ကျနော် အလွန် နှစ်သက်၏။ ထိုစဉ်က ထိုစက်ဘီးနှင့် ကျနော်သည် ခွဲမရပေ။ ဘယ်သွားသွား ထိုစက်ဘီး ပါ၏။ (နောက်များမှ ထိုစက်ဘီးအကြောင်း ရေးပါဦးမည်) စက်ဘီးမှ တဆင့်တက်ပြီး ဆိုင်ကယ် စီးခြင်း ဖြစ်၏။ အကိုတယောက်မှ သင်ပေးခြင်း ဖြစ်၏။ တက္ကသိုလ် မတက်ခင်မှာ ဆိုင်ကယ် စီးတတ်နေပြီ ဖြစ်သော်လည်း ပထမဆုံး ကိုယ်ပိုင် ဆိုင်ကယ်ကို ဘွဲ့ရပြီး (၁) နှစ်လောက်နေမှ ၀ယ်နိုင်ခဲ့၏။ ဆယ်တန်း Guide အဖြစ် လုပ်ကိုင်ပြီး ရရှိလာသော ပိုက်ဆံလေးများကို စုပြီး ၀ယ်ခြင်း ဖြစ်၏။ Honda dream ပုံဟောင်း ဘီးလေးဖြစ်၏။ အသစ်မဟုတ်ပေ၊ second ပေါ့။ (၃) သိန်းပေးရ၏။ ကျနော့်လက်ထဲ (၂) သိန်းသာ ရှိ၏။ လိုနေသည့် (၁) သိန်းကို အမေ စိုက်ပေး၏။
photo from Google
စာသင်ရသည့် နေရာတွေက အိမ်နှင့် အလွန်ပဲ ဝေး၏။ ဆိုင်ကယ် မ၀ယ်နိုင်ခင်က စက်ဘီးလေးနှင့် သွား၏။ တခါတလေ သူငယ်ချင်းက လိုက်ပို့ပေး၏။ အတက်အဆင်းများသည့် မြို့၏ အနေအထားကြောင့် စက်ဘီးနှင့်က သိပ်အဆင်မပြေလှပေ။ စာသင်ချိန်ကို အချိန်မီရောက်အောင် သွားနိုင်ဖို့ အိမ်မှ ကြိုတင်ပြီး အချိန်ယူကာ ထွက်ရ၏။ သူငယ်ချင်းလိုက်ပို့ပေးပြန်တာ့ အသွားတော့ အဆင်ပြေ၏။ အပြန်ကို လမ်းလျှောက်ပြန်ရတော့ သိပ်မစားသာလှပေ။ သူက ပြန်လာကြိုပေးပေမယ့် ရေရှည်ကြ အားနာဖို့ ကောင်း၏။ ထို့ကြောင့် ထိုအချိန်က ကျနော့်အတွက် အလိုအပ်ဆုံးမှာ ဆိုင်ကယ် တစီး ဖြစ်၏။
လက်ထဲရှိသည့် ငွေလေး နည်းနည်းဖြင့် ရွေးချယ်ဝယ်ယူရသည်မှာ ထင်သလောက်တော့ မလွယ်လှပေ။ တရုတ်ဘီးဝယ်စီးမည်ဆိုလျှင်လည်း ရေရှည် သုံးလို့ ရမည် မဟုတ်ပေ။ တရုတ်စက် တရက်ဆုတ်မလား။ သို့နှင့် မိမိသုံးနိုင်သည့် ပမာဏနှင့် အတတ်နိုင်ဆုံး အကောင်းဆုံး ဘီးမျိုးကို ရှာရတော့၏။ သူငယ်ချင်းတွေကလည်း ကူညီပြီး ရှာပေးကြ၏။ ကြုံတုန်း ကြွားရလျှင် ကျနော့်တွင် ထို ကံတခုတော့ အလွန်ကောင်း၏။ သူငယ်ချင်းကံ ဖြစ်၏။ ကျနော့် သူငယ်ချင်းတွေ အားလုံး ကျနော့် အပေါ်ကောင်းကြ၏။ ချစ်လည်း ချစ်ကြ၏။ ဤသို့နှင့် သူငယ်ချင်း တယောက် ရှာပေးသောကြောင့် အဆိုပါ ပုံဟောင်းဘီးလေး ကျနော့်လက်ထဲ ရောက်လာတော့၏။
ထိုအချိန် ထိုအခါက honda ပုံဟောင်းဘီးများ၏ အကြမ်းခံမှုသည် စံတင်ရ၏။ ခုထိလည်း တချို့လူကြီးများက တခုတ်တရနှင့် စီးနေကြသေး၏။ တလက်ကိုင် တရိုတသေလည်း စီးမည်ဆိုလျှင် ထိုဘီးသည် မုန်းလောက်အောင် စီးရ၏။ ကြီးကြီးမားမား ပျက်သည် ပြင်ရသည် ဆိုပြီး မရှိလှပေ။ နှစ် (၂၀) ကျော် ကြာသွားပြီ ဖြစ်သောကြောင့် လူငယ် အချို့ကတော့ ထိုဘီးကို မကြိုက်ကြပေ။ ပုံတုံးကြီးလို့သာ မြင်ကြပေလိမ့်မည်။ သို့သော် (၄၀)၊ (၅၀) ကျော် ဦးလေးတွေကတော့ ကြိုက်နေ၊ နှစ်သက်နေကြသေးသည်မှာ အသေအချာပင်။
ဆက်ပါဦးမည်
Don Jaun
MSC 31
Steem ဈေးတက်ရင် အဲဒါမျိုး ဝယ်စီးရအောင်
စီးမှာ အကို
ကျနော့် အိပ်မက်ထဲမှာ ဘီးကြီး စီးဖို့လည်း ပါတယ်
Honda ဘီးက ကောင်းတယ်။ကိုဒွန်က စာအရေးအသားကောင်းပါ့။ရေးတတ်တယ်။
ကျေးဇူးပါဗျ
ခုdream နောက်ပိုင်းဘီးတွေ သိပ်မဂွတ်တော့ဘူး ကိုဒွန်ရ ထိုင်းမစစ်တော့ဘူး
အင်း ဗီယက်နမ် ဖက်စပ်တွေ ဖြစ်ကုန်ပြီ
ဟုတ်တယ် အကိုဒွန်
တချို့တချို့ဆိုလည်းနှစ်အတော်ကြာစီးလာတော့၊စီးလို့လည်းကောင်းတော့အသစ်မလဲကြတော့တာလည်းရှိတယ်...
အမှန်ပဲ
အရင်ပေါ်ဆိုင်ကယ်နဲ့ နောက်ပေါ်ဆိုင်ကယ်
ကတ္တားပေါ် ယှဉ်ပြီး ချိန်ကြည့်ဘူးတယ် အလေးချိန်ကအစ ကွာသွားတယ်၊
ဟုတ်တယ်
လွန်ခဲ့သော ၂၀ နှစ်လောက်က ဆိုင်ကယ်တွေက ခုဘီးတွေထက် ပိုမာတယ်ဗျ
ဟုတ်ပ
ကိုယ်ကဘဲ အဖိုးကြီး အတွေးလားမသိ ကြိုက်မိပါသည် ဆီစားလဲ သက်သာပါသည် ။ ဒါပေမင့် ခရီးဝေးကျ သိပ်အဆင်မပြေ ။
မှန်တာပေါ့။ steem ဈေးတက်ရင် highway သွားဖို့ ဘီးကြီးတစီးလောက် ဝယ်တာပေါ့။
ခု ကြိုက်နေတာ ဝယ်မစီးနိုင်သေးဘူး ကဒွန် fino 2018😁
မိုက်တယ်
ကျနော်က ပုံဟောင်းလေး ပိုကြိုက်တယ်
Honda is the best!
Yeah
HONDAခုံပြတ်ဘီးလေးပါ့လား?
စီးရတာတော့ငြိမ်နေတာပဲ
ဟုတ်ပ