ကျနော်နှင့် အားကစား (Chapter 2)

in #myanmar6 years ago

FB_IMG_1527335451652.jpg

ကလေးဘ၀က ပြေးလွှားခုန်ပေါက် ကစားခြင်းကို အားကစားဟု မည်သူမျှ မှတ်ယူမည် မထင်ပေ။ သို့သော် ထို ပြေးလွှား ခုန်ပေါက်ခြင်းက အားကစား တော်တော်များ၏ အခြေခံ အဆင့်ဟုပင် ပြောလို့ရ၏။ ယခုကလေးငယ်များတွင်မူ ကစားခုန်ခြင်း သိပ်မတွေ့ရတော့ပေ။ အားလျှင် အားသလို အချိန်ရလျှင် ရသလို TV ကြည့်၊ Game ဆော့၊ Phone ကြည့်နှင့်သာ အချိန်ကုန်နေကြတော့၏။ ထို့ကြောင့်ပင် ယခင် ကလေးများထက် ယခု ကလေးများသည် အကြမ်းသိပ်မခံတော့ပေ။ အချိန်မတန်ခင် မျက်မှန်လေးတွေနှင့် ဖြစ်ကုန်ရတော့၏။ ကလေးများ လွတ်လပ်စွာ ကစားနိုင်စေရန် မိဘ၊ ဆရာနှင့် အုပ်ထိန်းသူများတွင် တာဝန် ရှိပေသည်။

ယနေ့ခေတ် အခြေအနေအရ မိဘများမှာ စားဝတ်နေရေး အတွက် စီးပွားရေးကိုသာ အာရုံစိုက် နေရသဖြင့် မိမိတို့်ကလေးငယ်များကို အချိန် သိပ်မပေးနိုင်ကြပေ။ ပေးနိုင်သည့် အချိန်မှာလည်း သူတို့ အနားယူရမည့် အချိန်ဖြစ်နေသဖြင့် ကလေးများကို TV, Game စသည်တို့နှင့်သာ လွှတ်ထားပေးလိုက်လေတော့၏။ ဤသည်မှာ လွန်စွာမှပင် ဆိုးလှ၏။ မိမိတို့ ကလေးငယ်များအတွက် သေချာ အချိန်ပေးပြီး လုပ်ဆောင်ပေးသင့်၏။ သို့မှာသာ ကလေးသည် လိုအပ်သော လုံလောက်သော ကိုယ်လက် လှုပ်ရှားမှု ရရှိမည် ဖြစ်၏။ အစားအစာလည်းများလည်း ယခင်ထက် ပိုမို စားသောက်ဖြစ်မည်။ ကိုယ့်ခံအားလည်း တက်လာမည် ဖြစ်၏။

ကျနော့် အမေသည် ငြိမ်ငြိမ်နေတတ်သော ကလေးကို သိပ်သဘောမကျပေ။ စာဖတ်ချိန်၊ အရုပ်နှင့် ဆော့ကစားနေချိန်မျိုး၌ ငြိမ်သက်နေချိန်မျိုးကို မဟုတ်ပဲ ပြေးလွှားဆော့ကစားလေ့ မရှိသော ကလေးမျိုးကို ဆိုလိုသည်။ အမေ့ ဗီဇ အမေ့ အကျင့် အမေ့ ဆန္ဒများ ပါလာသော ကျနော်သည် ကလေးဘ၀က သိပ်ပြီး ငြိမ်ငြိမ်နေလေ့ မရှိပေ။ စာကျက်နေချိန်တောင် နည်းနည်းလေးတော့ လှုပ်လိုက်ရမှ ကျေနပ်၏။ သမိုင်းစာပေ၊ အကြောင်းအရာများ ကျက်မှတ်နေချိန်ဆိုလျှင် သာ၍ ဆိုးတော့၏။ တိုက်ခိုက်၊ သိမ်းယူ၊ တွန်းလှန်ခန်းများကို မိမိဘာသာ ဇာတ်ထုပ် ခင်းပြီး ကျက်လေတော့၏။ ကျနော် ငြိမ်သည့် အချိန်ဆိုလို့ ကျောင်းစာ မဟုတ်သည့် အပြင်စာဖတ်ချိန်၊ အစားစားချိန်၊ အိပ်ချိန် တို့သာ ဖြစ်၏။

FB_IMG_1542025477438.jpg
photo from Facebook

မိမိလုပ်စရာ ရှိသည့် ကျောင်းစာ၊ အိမ်စာများ ပြီးလျှင် ဆော့ကစားခွင့် ရ၏။ ကစားချိန်တွင် TV ကြည့်ခွင့် မရ၊ မရှိပေ။ ကစားခြင်းကိုသာ လုပ်ရ၏။ ကျနော်ကလည်း မကြည့်ချင်ပေ။ ထိုအချိန်က TV ကြည့်ရခြင်းထက် ကစားရခြင်းကို ပိုပြီး နှစ်သက်၏။ ကလေးဘ၀က ညနေစောင်းချိန်များတွင် ပိုပြီး ဆော့ကစား ဖြစ်၏။ ကျောင်းဖွင့်သည့် ရက်များဆိုလျှင်တော့ နေ့လည်ခင်း ထမင်းစားပြီးသည်နှင့် ကျောင်းမှာ ဆော့တော့၏။ ပြေး၏၊ လွှား၏။ ပြေးကောင်းလို့ မြတ်ထဲမှာ မြုပ်နေသည့် ၀ါးလုံးကွဲကို မမြင်ပဲ ခြေထောက်ရှဘူး၏။ သွေးများက တားမရ၊ ဆီးမရ တရစပ် ကျလာ၏။ အရပ်အခေါ် ခြင်ပြေးရွက်ဟု ခေါ်သည့် အရွက်များကို ခြေပြီး ခြေထောက်မှာ သိပ်ထားလိုက်၏။ ဆရာမကိုလည်း မပြောရဲပေ။ အိမ်ပြန်ရောက်ချိန်ထိလည်း အမေ့ကို မပြောရဲပေ။ နောက်ရက် မဆော့ရမည်ကို ကြောက်သောကြောင့် ဖြစ်၏။ စီးထားသည့် ဘွတ်ဖိနပ်ကိုလည်း အိမ်ပြန်ရောက်သည်ထိ မချွတ်ပေ။ သို့သော် ကျနော် ကြာကြာ ဟန်ဆောင်၍ မရပေ။ လမ်းလျှောက်လျှင် ခြေထောက်က ထော့နဲ့ထော့နဲ့ ဖြစ်နေပြီ ဖြစ်၏။ ဤသည်ကို အမေ သတိထားမိပြီး အတင်းမေးရာမှ အကြောင်းစုံ သိသွားလေတော့၏။

အနှီ ဒဏ်ရာကြောင့် တပတ်လောက် ပြေးလွှား ဆော့ကစားခြင်းအမှုကို မပြုနိုင်ပဲ ငြိမ်ငြိမ်လေး နေရ၏။ ကျောင်း၌ သူငယ်ချင်းများ ပြေးလွှားကစားနေကြသည်ကို ထိုင်ကြည့်နေရသည်မှာ အလွန်မှပင် ၀မ်းနည်းဖို့ ကောင်း၏။ ထိုစဉ်က မြင်ကွင်းကို ယခုချိန်ထိ ကျနော် မမေ့ပေ။ အနာသက်သာပြီး ပြေးလွှား ဆော့ကစားခွင့် ရတော့ ယခင် ကထက်ပင် သာပြီး ဆော့ကစားလေတော့၏။ သို့သော် ယခင်လို ဇွတ်ဇက် မပြေးတော့ပဲ အခြေအနေ၊ အချိန်အခါကို သေချာကြည့်၊ ပတ်ဝန်းကျင်ကို အကဲခတ်ပြီးမှ ပြေး၏။ ကြုံကြိုက်လို့ ကြွားရလျှင် ကလေးဘ၀တုန်းက ကျနော်သည် မူကြိုကျောင်း အပြေးပြိုင်ပွဲ၏ အပြေးချန်ပီယံ တယောက် ဖြစ်၏။

ဆက်ပါဦးမည်

Don Jaun

MSC 31

Sort:  

စောစောအိပ်လို့ စောစောထလို့ စောစောလမ်းလျှောက်ကြပါစို့လား😁

Posted using Partiko Android

အစောကတော့ အိပ် ဖြစ်သလား မမေးနဲ့ မနက် ၁နာရီ ပဲ အိပ်ချိန်က 😂

ခု​ခေတ်​က​လေး​တွေကငြိမ်​​နေပါတယ်​...ဖုန်းကိုယ်​စီ၊ဂိမ်းကိုယ်​စီနဲ့...ဒါ​ကြောင့်​ငယ်​ငယ်​ရွယ်​ရွယ်​မျက်​မှန်​တပ်​ရလို့....

Posted using Partiko Android

ဟုတ်

Congratulations! This post has been upvoted from the communal account, @minnowsupport, by Don Jaun from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

ကလေးသာ ယူလိုက် လိုက်ထိန်းနေရတာနဲ့ တကူးတက အားကစားလုပ်စရာမလိုတော့ဘူး 😁

Posted using Partiko Android

မိန်းမတော့ အရင် ယူခွင့် ပြုပါလို့ 😂

တစ်ချို့ကလေးတွေတော့ မျောက်ရှုံးအောင် ဆော့နေကြတုန်းပါလေ ။

ဟုတ်ပ

ကလေးတွေအတွက်လွယ်ဘူးနော

Posted using Partiko Android

ဟုတ်ပ

ဒဏ်ရာတွေက သင်ခန်းစာရလိုက်တာပ

အဟုတ်ပဲ

ဟာ အတော်ဆော့တဲ့ကလေး😁😁

Posted using Partiko Android

အဟီး

ပြေးတော့မလို့လား ဆာဒွန်

ခုက ရပ်နေပြီ 😂

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63548.34
ETH 2646.78
USDT 1.00
SBD 2.74