Today Thought

in #myanmar5 years ago

t5n9axz4v5.jpg

ဒီနေ့ သင်တန်း ရှိ၏။ ယခင်ထက် ခပ်စောစော အိမ်က ထွက်လာခဲ့၏။ ဆရာမ တဦးကို လစာပေးဖို့ ရှိနေသောကြောင့် ဖြစ်၏။ ယခင်ထက် စောစော ထွက်လာရသဖြင့် မနက်စာ မစားလိုက်ရပေ။ မနေ့ကလည်း မနက်စာ မစားလိုက်ရပေ။ ရေရှည် ဆိုလျှင်တော့ မကောင်းပေ။ ဂရုစိုက်မှ ရပေမည်။ အတန်းချိန်က (၂) ချိန်ဆက် ဖြစ်သဖြင့် နေ့လည် (၁၁) ခွဲမှ ပြီး၏။ မနက် (၉) နာရီခွဲကနေစ၊ (၁၁) ခွဲပြီးပေါ့။ မွန်းလွဲပိုင်းမှာ အတန်း ပြန်ရှိပေါ့။ ထို့ကြောင့် တခါတလေ တချို့ရက်များ မနက်စာ မစားလိုက်ရလျှင် မနက်စာနှင့် နေ့လည်စာ ပေါင်းပေါင်းပြီး စားလိုက်ရ၏။

ဒီနေ့လည်း မနေ့ကလို ဖြစ်ဦးမည် ထင်၏။ မနက်စာနှင့် နေ့လည်စာ ပေါင်းစားရဦးမည် ထင်၏။ ဖြစ်ချင်တော့ ပထမ အတန်းချိန် မပြီးခင်ကတည်းက ဗိုက်က အတော်လေး စာနေပြီ ဖြစ်၏။ သို့နှင့် နောက် အတန်းချိန် တခုကို အကူး ကြားခဏလေးမှာ အချိန်လုပြီး ပဲလိပ် (လိပ်ခုတ်) (နံပြားနှင့် ပဲပြုတ်ကို ရောလိပ်ကာ ကြော်ပြီး ခုတ်ထားသည့် စားစရာ) လေး ၀င်စား၏။ ထိုဆိုင်ကလေးက သပ်သပ်ရပ်ရပ်နှင့် စားလို့ကောင်းလှ၏။ လက်ဖက်ရည်ဆိုင် မဟုတ်ပေ။ နံပြား၊ ပလာတာ သီးသန့် ရောင်းသည့် ဆိုင် ဖြစ်၏။ ဆိုင်စားထက် ပါဆယ်သာ အလေးထားသည့် ဆိုင်ကလေး ဖြစ်၏။ ဆိုင်မှာ ထိုင်စားလျှင်လည်း ရတော့ ရပါ၏။

ကျနော်လည်း မြန်မြန်ရသည့် လိပ်ခုတ်လေးကို ခပ်မြန်မြန် စားပြီး နောက်အတန်းချိန်သို့ သွားဖို့ ပြင်၏။ လိပ်ခုတ်စားနေတုန်း ခပ်လှမ်းလှမ်းမှာ မြင်နေရသည့် တိုဖူးသုပ်ကိုလည်း မျက်စိက မခွာပေ။ အနှီ တိုဖူးသုပ်ကလည်း စားလို့ကောင်း၏။ ဆိုင်နှင့် မဟုတ်ပေ။ ကား (hi-jet) နှင့် လည်ရောင်းသည့် တိုဖူးသုပ် ဖြစ်၏။ တောင်ကြီးက မဟုတ်ပေ။ ဟိုပုံးကနေ လာရောင်းခြင်း ဖြစ်၏။ ကျနော်တို့ ငယ်ငယ်လေးကတည်းက တိုဖူးသုပ် ဖြစ်၏။ အရသာလည်း တကယ်ကောင်း၏။ ဈေးလည်း တန်၏။

ဟိုးယခင်တုန်းကတော့ ထိုတိုဖူးသုပ်သည် စက်ဘီးနှင့် ရောင်းခြင်း ဖြစ်၏။ ဟိုပုံးကနေ လိုင်းကားနှင့် တက်လာ၏။ ထို လိုင်ကားပေါ်မှာ တိုဖူးသုပ်ရာမှာ သုံးသည့် ပစ္စည်း ပစ္စယများနှင့် စက်ဘီးကို တပါတည်း တင်လာပြီး တောင်ကြီးရောက်မှ စက်ဘီးနှင့် လှည့်လည် ရောင်းခြင်း ဖြစ်၏။ နှစ်ကာလကြာပြီး ယခုအခါမှာတော့ ကားနှင့် လာရောင်းသည့် အဆင့်သို့ ရောက်သွားပြီ ဖြစ်၏။ ဤသည်ကား အနှီ တိုဖူးသုပ်သည်ကြီး၏ ကြိုးစားအားထုတ်မှုကို သိနိုင်၊ မြင်နိုင်၏။

ထိုထို သမိုင်းကြောင်း ရှိသည့် ကောင်းသည့် တိုဖူးသုပ်ကို ပဲလိပ်စားနေရင်း မျက်စောင်းထိုးနေမိ၏။ ပါဆယ် ၀ယ်ထားလိုက်ပြီး သူငယ်ချင်း ဆိုင်ရောက်မှ ထမင်းလေးနှင့် တွဲစားလိုက်ရလျှင် ဆိုသည့် အတွေးနှင့် ပါဆယ်လေး ၀င်ဝယ်လိုက်၏။ တပွဲမှ (၅၀၀) သာပေးရ၏။ (၂) ပွဲ ၀ယ်လိုက်၏။ (၂) ပွဲဆို ဇလုံ အကြီး တလုံးအပြည့် ရ၏။

ဆက်ပါဦးမည်

Don Jaun

MSC 31

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63818.94
ETH 2624.28
USDT 1.00
SBD 2.78