Tired (Final Chapter)
Update download က သိပ်မကြာဘူး ဆိုပေမယ့်လည်း ကြာတော့ ကြာ၏။ ကျနော့် စက်တုန်းက ဆိုလျှင် သူငယ်ချင်း ရုံးမှာ ညနေခင်း သွားပို့ထားပြီး ညအထိပါ ထားခဲ့ရ၏။ နောက်နေ့ မနက်မှ သွားပြန်ယူရ၏။ ထိုစဉ်တုန်းက update က (၂) ဆင့်လုပ်နေရသည့် အပြင် internet MB ကလည်း နည်းသည်ကိုး။ ယခု အသိ၏ update ကတော့ တဆင့်ထဲပဲ ဖြစ်၏။ download က သိပ်မကြာပေ။ down ထားသည့် file ကို update loading လုပ်နေသည့် အချိန်က ကြာခြင်း ဖြစ်၏။ (၁၁) နာရီ ကျော်လောက်က စတင် download လုပ်ခြင်း၊ update လုပ်ခြင်း တို့်သည် နေ့လည် (၂) နာရီခွဲလောက်မှ ပြီးတော့၏။
ထို့နောက် photoshop cc 2019 သွင်း၏။ ဒီတခါတော့ ရသွား၏။ ထိုအကိုလည်း ပျော်သွား၏။ သူ သုံးချင်သည့် update software ကို သုံးလို့ ရသွားပြီကိုး။ ထို့နောက် Glasswire software သွင်းပြီး နောက်ကွယ်က data စားနေသည့် software များကို block ထားလိုက်၏။ wifi မရှိဘဲ မိမိ၏ phone မှ internet ပြန်လွှင့်သုံးသူများ အဖို့ ထို software က လွန်စွာမှ အထောက်အကူ ဖြစ်၏။ data မစားအောင် ကူညီပေး၏။ နောက် အကြောင်း အခွင့် တိုက်ဆိုင်က ထို software အသုံးပြုပုံကို ရေးသားပါဦးမည်။
Zawgyi font သွင်းဖို့သာ ကျန်တော့၏။ ယခင်နေ့က သွင်းသည့် နည်းအတိုင်း သွင်းလိုက်၏။ တ၀က်ပဲ အဆင်ပြေ၏။ zawgyi ဖြင့် ရေးထားသည့် မြန်မာ စာများ အမှန်မြင်ရပေမယ့် မြန်မလို (zawgyi) လို တော့ရိုက်လို့ မရပဲ ဖြစ်နေ၏။ သို့နှင့် အခြား နည်းလမ်း ရှာရပြန်၏။ နည်းလမ်း (၃)၊ (၄)၊ (၅) ခုလောက် ပြောင်းသုံးပြီး သွင်းရ၏။ သို့မှ ရတော့၏။ အင်း window တခါတင် တခါ မရိုးရအောင်ပင်။ အခြား စက်များကိုလည်း ကျနော် window တင်ဖူးပါ၏။ သို့သော် ယခုစက်လောက် ကျနော့်ကို ပြဿနာပေါင်း သောင်းခြောက်ထောင် ပေးသည့် စက်မျိုးကိုတော့ မတွေ့ဖူး၊ မကြုံဖူးပေ။
နောက်ဆုံးမှာတော့ မြန်မာစာလည်း အဆင်ပြေသွားပြီ ဖြစ်၏။ photoshop လည်း သွင်းပြီးသွားပြီ။ နောက်ကွယ်ကနေ run နေသည့် data use များကိုလည်း ပိတ်ထားပြီးပြီ ဖြစ်၏။ ညနေ (၅) နာရီလည်း ထိုးပြီ ဖြစ်၏။ နောက်ဆုံး အဆင့်အနေဖြင့် glasswire software အသုံးပြုပုံကို တပါတည်း ပြပေးလိုက်၏။ အချို့ software များကို ကျနော် ပိတ်ပေးလိုက်ပြီး ဖြစ်ပေမယ့် သုံးနေရင်း အခြား data စားနေမည့် software များရှိလာပါက မည်သို့ ပိတ်ရမည်ကိုပေါ့။ စက်ကို ထိုအကို လက်ထဲ ထည့်ပေးပြီးနောက် လူလည်း လုံးဝကို ပေါ့ပါးသွားတော့၏။
ထိုအကိုကလည်း သုံးကြည့်ပြီး ပြန်ပြောမယ်နော်ဟု ဆိုပြီး ပြန်သွား၏။ အဆင်ပြေပါပြီ အကိုရယ်ဟု ကျနော်ကလည်း ပြန်ပြောလိုက်၏။ စိတ်ထဲကလည်း အဆင်ပြေပါစေဟု တပါတည်း ဆုတောင်းနေရ၏။ ထိုစက်၏ ကျေးဇူးနှင့် ဘယ်နှယ်ရက်လောက် အချိန်ကုန်ခဲ့ပြီလဲ။ ဒီလောက်နှင့်ပဲ ရပ်ဖို့ သင့်ပြီ ထင်၏။ ညရောက်တော့ messenger ကနေ ထိုအကို message လှမ်းပို့လာ၏။ အဆင်ပြေတယ်တဲ့။ ပျော်လိုက်သည့် ဖြစ်ခြင်း။ ခုတော့ နားအေးပါးအေး အေးအေးဆေးဆေး ပြန်ဖြစ်သွားပြီ မဟုတ်လား။ တခါတလေတော့ ထိုကဲသို့မျိုးလည်း ကြုံရတတ်သေး၏။ စေတနာက အလုပ်ရှုပ်မှုကို အပိုစာသားအနေနှင့် ပေးတတ်သေး၏။ သို့သော် ကျနော့် စေတနာကို တဖက်လူက နားလည် ခံစားမိသောကြောင့် ထိုအလုပ်ရှုပ်မှု၊ ပင်ပန်းမှုက ဘာမှ မပြောပလောက်တော့ပေ။
Don Jaun
MSC 31