Steemit Journey (Chapter 3)
Steemit မှာ စာ စရေးစက မြန်မာတွေ မစုမိသေးတော့ English တ၀က်၊ ဗမာ တ၀က်နှင့် ရေးလိုက်ရ၏။ မြန်မာလိုက မခက်၊ မိမိစာကို English လို ပြန်ရေးရတာက ခက်၏။ လက်ဝင်၏။ သို့သော် နောက်ပိုင်း ကိုဟင် ကျေးဇူးနှင့် မြန်မာတွေ စုမိပြီး မြန်မလို ရေးတင်လို့ ရလာသောကြောင့် အတန်ငယ် အသက်ရှူချောင်သွား၏။ တဖြည်းဖြည်း မြန်မာများ များလာ၏။ တမျိုးလေးတော့ ပျော်ဖို့ကောင်းခဲ့၏။ တယောက်တလှည့် ကူညီရင်း၊ လမ်းပြရင်းပေါ့။ ထိုစဉ်က ယခုလောက် အရမများသော်လည်း ယခုလိုပဲ ပျော်ခဲ့ရ၏။
ထိုစဉ်က (50/50) ကို နားမလည်ရကား post တိုင်းကို (100%) နှင့်ပဲ တင်ခဲ့၏။ ထို 100% သည် ဈေးကျနေတုန်းမှာ သိပ်ကိစ္စမရှိပေမယ့် ဈေးတက်ချိန်ဆိုလျှင်တော့ မကိုက်ပေ။ ယခုနောက်ပိုင်းတော့ 100% power မ up ထားတော့ပဲ post များကို (50/50) နှင့် တင်တော့၏။ ထိုစဉ်က လက်ထဲမှာ ရှိသည့် SBD တွေကို ဘာလုပ်ရမယ်မှန်း မသိဖြစ်ခဲ့ဘူး၏။ ကျွမ်းကျင်သူများ၊ လေ့လာနိုင်သူများက အခြား exchange site များတွင် Steem နှင့် SBD တို့ကို Trade ကြ၏။ ထိုစဉ်က ကိုစံက External site များမှာ မ Trade တက်လျှင်တောင် internal market မှာပင် အလွယ်တကူ ၀ယ်ရောင်း လုပ်လို့ ရကြောင်း အကြံပေးဖူး၏။
photo from Google
ကိုစံ အကြံပေးသည့် အတိုင်း Internal market မှာ ၀ယ်ရောင်းလေး လုပ်ကြည့်သေး၏။ Steem ဈေး၊ SBD ဈေးပေါ်မူတည်ပြီး Steem မှ SBD၊ SBD မှ Steem သို့ ပြောင်းလဲ ခြင်း ဖြစ်၏။ မိမိ wallet ထဲရှိ Steem နှင့် SBD များကို ဒီအတိုင်း ထားမည့်အစား ကိုစံ ပြောသလို အပြောင်းအလဲလေး လုပ်ကြည့်တော့ အကျိုးအမြတ်လေး အနည်းငယ်တော့ ရခဲ့၏။ ပြင်ပဈေးကွက်မှာသာ Steem နှင့် SBD ဈေးကွက်သည် အတက်အကျ ကြမ်းသော်လည်း Internal market တွင်တော့ သူ့ဈေးက ငြိမ်၏။ အတက်အကျ ညှင်သာ၏။ ပြင်ပ ဈေးကွက်မှာ အတက်အကျ ကြမ်းသည် ဆိုသော်လည်း ၀ုန်းခနဲကျ၊ ၀ုန်းခနဲတက်ခြင်း မျိုး မဟုတ်ပေ။ တအိအိကျ၊ တအိအိတက်ခြင်းမျိုး ဖြစ်၏။
ပထမဆုံး steemit မှ ငွေစမ်းထုတ်ဖို့ လုပ်ကြည့်တုန်းက အချိန်လေးကို ပြန်မှတ်မိသေး၏။ ယခုလိုမျိုး Steemit ကနေ မိမိိလိုအပ်သည့် မြန်မာငွေကြေးကို တိုက်ရိုက်ထုတ်မရသောကြောင့် အခြား ကြားခံ coin တခုခုသို့ ပြောင်းပြီးမှ ထုတ်ခဲ့ရ၏။ ကျနော်တို့ အများစု ပြောင်းထုတ်ကြသည်က Dogen coin အနေနှင့် ပြောင်းထုတ်ကြ၏။ Btc နှင့် ထုတ်လျှင် fee များသောကြောင့် ဖြစ်၏။ Yobit site မှာ Dogen coin အနေနှင့် လက်ခံ၊ ပြီးမှ USD ပြောင်း၊ ထို့နောက် ထို USD ကို code အနေနှင့် လုပ်လိုက်၏။ ပြီးမှ Yobit code အနေနှင့် ပြန်ရောင်း၏။ code နှင့် ရောင်းတော့ fee ထပ်မကုန်တော့ပေ။ ယခုအခါမှာတော့ Steem နှင့် SBD ကို မြန်မာငွေနှင့် တိုက်ရိုက် ၀ယ်ရောင်းလုပ်လို့ ရနေပြီ ဖြစ်၏။
photo from Google
အစောပိုင်းကာလများတုန်းက Steem နှင့် SBD ကို အတော်လေး စုမိခဲ့၏။ ၀ယ်စုသည်ဟု ပြောလို့ မရသော်လည်း ဖြည်းဖြည်းချင်း ၀ယ်စုတာပါပဲဟု ပြောလို့ ရသည့် SBD နှင့် phone bill လဲပေးခဲ့ဖူး၏။ SBD နှင့် Steem ဈေး 1 $ ပတ်ချာလည်နားလောက်တုန်းကပေါ့။ 1 SBD ကို 5$ လောက်ထိ ဖြစ်သွားပြီးသည့် နောက်ပိုင်းများတွင်တာ့ phone bill နှင့် မလဲဖြစ်တော့ပေ။ ငွေထုတ်လို့ ရသည့် နည်းလမ်းများလည်း တွေ့ကုန်ကြပြီကိုး။ ထို့ပြင် ဈေးကလည်း တက်လာပြီကိုး။ ထိုစဉ်က ဈေးမျိုး ပြန်လည် ရောက်လာဖို့ မျှော်လင့်နေ၏။ တချိန်ချိန်မှာ ရောက်လာမည်မှာ အသေအချာပင် ဖြစ်၏။ သို့သော် မြန်မြန် ဆန်ဆန် ရောက်ချင်၊ ရောက်လိုလှသော လူ့သဘော သဘာဝကြောင့် ခုဆိုမှ ခု မြန်မြန်လေး ဈေးတက်တာကို လိုချင်မိနေတော့၏။
ဆက်ပါဦးမည်
Don Jaun
MSC 31
ခုထိ steem and sbd. ရောင်းဖူးသေးဘူး
တယ်ညံ့တာ် ထင်ပ😁
Posted using Partiko Android
နောက်ဆို ရောင်းရတော့မှာ
မြဘူး ခုဆိုမှ ခုဘဲ ကိုယ်ဖြစ်ချင်တာနဲ့ ပြောင်းပြန်ဖြစ်ဖြစ်သွားတတ်တာကို ပြောပါတယ် ။
ဟုတ်ပ
စိတ်ကတော့ ဖြစ်ချင်ကြတာပါပဲလေ။အစ်ကိုတို့က ခေတ်ကောင်းကို တွေ့ကြုံခဲ့ရတဲ့သူတွေဆိုတော့ အဲဒီအရသာကို ပိုသိပြီး ပိုလိုချင်နေမှာပေါ့။
ဟုတ်တယ်
ဈေးတက်ပါစေတော်😁
Posted using Partiko Android
Me too
ဈေးကောင်း မှီခဲ့တာပေါ့နော်။ ပြန်ကောင်းဘို့ မကြာလောက်တော့ပါဘူး။
Yeah
ဈေးကောင်းလေးတော့ရချင်မိတယ် 😁😁
Posted using Partiko Android
လာတော့မှာ မပူနဲ့
Congratulations! This post has been upvoted from the communal account, @minnowsupport, by Don Jaun from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.
If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.