Steem price?

in #myanmar6 years ago

85ptci.jpg

မနေ့ကတော့ power up ထားလိုက်ပြီ ဖြစ်၏။ ကံကောင်း မကောင်းကတော့ စောင့်ကြည့်ရပေလိမ့်ဦးမည်။ ကံမကောင်းလို့ ဆု မရခဲ့လျှင်တောင် power up ရတာက အမြတ်ပဲ မဟုတ်လား။ ကိုယ့် အတွက် ကျန်မယ့် အရာတွေချည်းပဲ ဖြစ်၏။ steem ဈေးကလည်း ယခုအချိ်န်ထိကို ပြန်မတက်သေးပေ။ ခုတခေါက် ဈေးကျမှုက အတော်လေးကို ရှည်ကြာသည်ဟု ပြောလို့ရ၏။ တချိန်ချိန် ပြန်တက်လာနိုး မျှော်နေမိ၏။ ဈေးလေး ပြန်တက်လာနိုးနှင့် ရှိသည့် steem တွေ အကုန်လုံးကိုတောင် power မ up ဘဲ ခဏ သိမ်းထားမိနေခြင်း ဖြစ်၏။

အရေး တကြီး သုံးစရာ၊ သုံးဖို့ မလိုပေမယ့် မတော်တဆ ပြောကောင်းပြောကောင်း ဈေး တက်လာလျှင် လုပ်စရာတွေ၊ သုံးစရာတွေက ရှိ၏။ အခြား မဟုတ် (၃) လပိုင်းထဲလောက် ကမ်းခြေ တခုခုသွားဖြစ်နိုင်သဖြင့် ဈေးတက်လျှင် ဈေးကောင်းလျှင် steem ကို ထုတ်ရောင်းဖို့ စဉ်းစားထားသောကြောင့် ဖြစ်၏။ လွန်ခဲ့သော (၃) နှစ်လောက်က ကမ်းခြေသွားလည်ဖြစ်တော့ steem နှင့် SBD အနည်းငယ် ထုတ်ရောင်း ဖြစ်လိုက်သေး၏။ steem နှင့် ခရီးသွားသည်ပေါ့။ ထို့ပြင် ဟိုက်ပါ ရေတံခွန်ကို သွားလည် တုန်းကလည်း steem ထုတ်ရောင်းပြီး သွားလည်လိုက်ခြင်း ဖြစ်၏။

Steem က ကျနော်၏ ခရီးသွားဖော် ဖြစ်၏။ steem ကို ရောင်းပြီး ပစ္စည်း တစုံတခု မ၀ယ်ဖူးသေးပေမယ့် steem ကျေးဇူးနှင့်တော့ ခရီးတွေ သွားခွင့် ရလိုက်၏။ steem ဈေးကောင်းတုန်းက steem ကနေ phone ၀ယ်ဖို့ စဉ်းစားထားပေမယ့် ထိုစဉ်တုန်းက မိမိမှာ လုံလောက်သည့် steem အရေအတွက်က မရှိနေပေ။ သို့နှင့် ထိုအစီအစဉ်က အထ မမြောက်လိုက်ပေ။ ယခု လက်ထဲ steem ပမာဏ များလာတော့ steem ဈေးက မကောင်းနေပေ။ လောက သဘာ၀က ရယ်တော့လည်း ရယ်ရသား။

မည်သို့ပင် ဆိုစေ steemit ကိုတော့ ခုချိန်ထိ ယုံကြည် မျှော်လင့်နေသေး၏။ တချိန်ချိန်မှာ ပြန်ဦးမော့လာမည်။ ဈေးပြန်တက်လာမည်။ MSC လည်း တဖန်ပြန်ပြီး အသက်၀င် စည်ကားလာလိမ့်မည်။ ထို အချိန် ထိုကာလကို မျှော်မှန်းပြီး ယခုချိန်မှာ စာရေး၊ ပိုစ့်တင် SP စုပေါ့။ ဈေးကျနေတုန်း steem စု၊ ဈေးတက်တော့ ထုတ်ရောင်းပေါ့။ မရောင်းလျှင်တောင် ဈေးတက်လာချိန်ကြ ကိုယ့် အကောင့်က အထိုက်အလျောက် လူရိုသေ ရှင်ရိုသေ SP ပမာဏလေး ရှိနေလောက်ပြီ ဖြစ်၏။ ထို့ကြောင့်ပင် ထိုတနေ့နေ့ကို ယုံကြည် မျှော်လင့်ရင်း ချီတက်နေမိတော့၏။

Don Jaun

MSC 31

Sort:  

အိုးးး တူတူမျှော်သော စတင်းဈေး ပေါ့လေ

ကျနော်ဆို ဒီစတင်းလေးကို စကတည်းက မထိရက်မတို့ရက်. ရွှေလိုဥထားတာ..ဘယ်အချိန်ထိ ဆက်ထားရမလည်းမသိပါဘူးဗျာ...

Coin Marketplace

STEEM 0.05
TRX 0.33
JST 0.080
BTC 63435.26
ETH 1684.80
USDT 1.00
SBD 0.41