SP

in #myanmar4 years ago

85ptci.jpg

Steem ဈေးက မနေ့က အတိုင်းပင် ငြိမ်နေသေး၏။ market cap ကို သိပ်မကြည့်တတ်သည့် ကျနော့်အဖို့ ဘယ်လို ဆက်ဖြစ်လာမည်ကိုတော့ မပြောတတ်သေးပေ။ မည်သို့ပင် ဆိုစေ မနေ့က ကိုဟင်၏ ပြောစကားအရ steem ဈေး ကောင်းလာနိုင်သည်ဟု မျှော်လင့်ရ၏။ ဈေးက လက်ရှိအချိန်ထိတော့ မနေ့က ဈေးတန်းကို ထိန်းထားနိုင်နေသေးသဖြင့် steem အခြေအနေက ကောင်းလာနိုင်သည်ဟု ပြောလို့ ရ၏။ အခြား crypto coin တွေလည်း တက်ဈေး ပြနေ၏။ crypto coin တွေ တဖန်ပြန်လည်ပြီး ဦးမော့ လာဦးမလားဆိုသည်ကိုတော့ စောင့်ကြည့်ရပေလိမ့်ဦးမည်။

တကယ်တမ်းကျ Crypto currency ပိုင်းနှင့် ပတ်သက်ပြီး သိပ်အများကြီး မသိလှပေ။ Crypto လောကထဲကို ရောက်မှန်း မသိ ရောက်လာခဲ့ခြင်း ဖြစ်၏။ ထိုသို့ ရောက်လာရသည့် အကြောင်းအရင်းကလည်း MMM Global ကြောင့် ဖြစ်၏။ လွန်ခဲ့သော နှစ်ကလာများဆီက အဆိုပါ MMM Global ကြောင့် တော်တော်လေး သင်ခန်းစာ ရလိုက်၏။ အဆိုးထဲက အကောင်းဟု ပြောလို့ ရသည်က online currency များနှင့် ပတ်သက်ပြီး အထိုအလျောက် နားလည်သွားခဲ့ရ၏။ ထိုစဉ်က ကိုယ်က အရင်းအနှီး အများကြီး မထည့်ထားလို့ တော်သေး၏။

hb3i0o.png

ပိုက်ဆံ (၇၀၀၀၀) ကျပ်က တကယ်တမ်းဆိုလျှင် မနည်းသည့် ပမာဏ ဖြစ်ပေမယ့် ဆုံးရှုံးသွားလျှင်လည်း သိပ်ပြီး ပြဿနာတော့ မရှိလှပေ။ ကျနော် ကြားမိသလောက် အချို့ဆိုလျှင် တော်တော်များများ ဆုံးရှုံးသွားကြသည် ပြော၏။ ဆိုင်ကယ်တို့ ကားတို့ ရောင်းပြီး ရင်းနှီးလိုက်ကြသည် ဆို၏။ တော်တော်လေးကို စိတ်မကောင်း ဖြစ်ရ၏။ ခက်တာကလည်း လူ့သဘော၊ လူ့သဘာ၀ အရ ဖြစ်သွားရသည့် အဖြစ်တွေပင်။ လောဘ၊ အယုံလွယ်မှုတွေက ကျနော်တို့ကို ဒုက္ခပေးသွားခဲ့ခြင်း ဖြစ်၏။

ထိုစဉ်ကတည်းက စပြီး online currency တွေနှင့် ပတ်သက်ပြီး သတိကြီးကြီး ထားတော့၏။ မပတ်သက်တော့ခြင်းမျိုး မဟုတ်ဘဲ သေချာ စီစစ်ပြီးမှ လုပ်ဆောင်တော့၏။ လုံးဝကြီး မလုပ်တော့တာမျိုး တော့ ကျနော် မလုပ်နိုင်ပေ။ ထို Online currency ကို အခြေခံပြီး တစုံတရာ အကျိုးအမြတ် ပြန်ရအောင် လုပ်ဆောင်ရပေဦးမည်။ ခံလိုက်ရလို့ ဆိုပြီး နောက်ဆုတ်လိုက်ဖို့ ကျနော့်အတွေးမှာ လုံး၀ မရှိပေ။ လဲကျသည့် နေရာကနေ ပြန်ထရမည် မဟုတ်လား။

သို့နှင့် online base အပိုဝင်ငွေရှာနည်းမျာကို လေ့လာခဲ့ခြင်း ဖြစ်၏။ များပြားလှစွာသော Online base ငွေရှာနည်းတွေထဲမှာမှ steemit ကို တွေ့သွားခြင်း ဖြစ်၏။ ယခုအချိန်ထိလည်း steemit မှာ လျှောက်လှမ်းနေခဲ့ ရေးသား ဖြစ်နေခဲ့ခြင်း ဖြစ်၏။ ရေးလိုက်၊ ပိုစ့်တင်လိုက်၊ SP စုလိုက်၊ တခါတလေ steem လေး SBD လေး ထုတ်ရောင်းပြီး သုံးလိုက် စွဲလိုက်နှင့် အတော်လေးတော့ အဆင်ပြေခဲ့သည် ပြောလို့ ရ၏။ ထုတ်သုံးခြင်းထက် စုဆောင်းမှုက ပိုများခဲ့သည်ဟုတော့ ပြောလို့ ရ၏။ သာမန်ရိုးကျ စာရေး စုဆောင်းခြင်းနည်းလမ်းသာ သုံးနေခဲ့သည့် ကျနော့်အဖို့ SP များလာဖို့ အချိန်ကြာခဲ့၏။ သာမန်ရိုးကျ ဆိုရာ၌ Trade နှင့် အခြား Upvote ရနိုင်သည့် နည်းလမ်းများကို ဆိုလိုခြင်း ဖြစ်၏။ မနေ့ကတော့ ချစ်သူများနေ့ အမှတ်တရ ဆိုပြီး power လေး အနည်းငယ် up လိုက်သေး၏။ လက်ရှိမှာတော့ SP 1500 ရှိသွားပြီ ဖြစ်၏။ ထပ်မံ ပြီးတော့လည်း SP တွေ ဆက်လက်စုနိုင်၊ တိုးပွားနိုင်ဖို့ လုပ်ဆောင်သွားပါဦးမည်။

Don Jaun

MSC 31

Sort:  

ဆက်လက်ချီတတ် ဇွဲခတ်ကြိုးပမ်း အောင်ပွဲမြန်းမည်

V Dayမှာ power up တာ 1500 ဆိုပါလား။

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work!
Dear reader, Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.me/esteem

Coin Marketplace

STEEM 0.20
TRX 0.12
JST 0.028
BTC 64377.96
ETH 3500.45
USDT 1.00
SBD 2.52