Sleep Time (Chapter 8)steemCreated with Sketch.

in #myanmar5 years ago

FB_IMG_1527335451652.jpg

Health Center ကနေ ဟိုတယ်ကို ပြန်ရောက်တော့ ည (၁) နာရီပင် ကျော်နေပြီ ဖြစ်၏။ အနှိပ်ခံလိုက်သဖြင့် အညောင်းအညာ ပြေသွားပြီး လူလည်း ပေါ့ပါးသွား၏။ ဟိုတယ် အခန်းထဲသို့ ရောက်သည်နှင့် သွားတိုက်၊ အ၀တ်လဲပြီး အိပ်ဖို့ ပြင်၏။ ထိုအခါမှ ခက်တော့၏။ အစောက အိပ်ချင်နေသော မျက်လုံးများက အ၀တ်လဲပြီး အိပ်ရာပေါ် အလှဲမှာပင် မည်သို့ မည်ပုံ ဖြစ်သွားသည် မသိ။ မဖြစ်ပေ ထိုသို့ ဖြစ်လို့ မရပေ။ မနက် အစောထ ရဦးမည် မဟုတ်လား။ နေ့ခင်းက ဂိတ်ကို လှမ်းမေးကြည့်တော့ ကားက မနက် (၇) နာရီခွဲ လာကြိုမည် ပြော၏။ မနက် (၇) နာရီ မတိုင်မီ အိပ်ရာ နိုးနေမှ အဆင်ပြေမည်။

မနက် အစောထရမှာ မလို့ အိပ်ပါမည် ဆိုမှ မည်သို့မှ အိပ်မရ ဖြစ်နေ၏။ သို့နှင့် မထူးပါဘူး ဆိုပြီး TV ဖွင့်ထားလိုက်ပြီး အလကားရသည့် wifi နှင့် internet သုံးနေလိုက်၏။ မျက်စိညောင်းပြီး အိပ်သွားအောင်ပေါ့။ ထိုအခါမှ ပိုဆိုးသွား၏။ အဘယ်သူက Facebook သုံးပြီး အိပ်ချင်သွားသည်လို့ ရှိသနည်း။ မျက်စိက မညောင်းသည့် အပြင် ပိုပြူးသွား၏။ TV ကြည့်လိုက်၊ Phone သုံးလိုက်နှင့် နံနက် (၂) နာရီပင် ထိုးသွား၏။ မဖြစ်တော့ ရရ၊ မရရ အိပ်မှကို ဖြစ်တော့မည်။ လက်ထဲက phone ကို ချပြီး အသာလှဲလိုက်၏။ TV ကိုတော့ မပိတ်ပဲ ထားလိုက်၏။ TV ကို လှမ်းငေးနေရင်း တအောင့်နေတော့ အိပ်ပျော်သွားတော့၏။

sleep_associations_2048x.jpg
photo from Google

မနက် (၇) နာရီထိုးခါနီးတော့ ကျနော် နိုး၏။ Phone နှင့် နှိုးစက်ပေးထားသောကြောင့် ဖြစ်၏။ မျက်နှာသစ်၊ ကိုယ်လက် သန့်စင်ပြီး ပစ္စည်းများ သိမ်း၏။ ထို့နောက် အ၀တ်လဲပြီး breakfast စားဖို့ သွား၏။ ကားက (၇) နာရီခွဲ လာကြိုမည် ဆိုသဖြင့် breakfast ကို အမြန်ကြီး စားလိုက်ရ၏။ သိပ်တောင် မ၀လိုက်ပေ။ buffet တ၀ စားရမည်ကို စတိလောက်သာ စားလိုက်၏။ (၇) နာရီခွဲတော့ အထုပ်ဆွဲပြီး ဟိုတယ် ဧည့်ခန်းမှာ စောင့်နေလိုက်၏။ ကားက (၈) နာရီ ရောက်မလာသေးပေ။ သို့နှင့် ဂိတ်ကို phone ဆက်မေးတော့ ထွက်သွားပြီ၊ လာပါလိမ့်မည်ဟု ဆို၏။ ကားက (၈) နာရီခွဲမှ ကျနော့်ကို လာကြို၏။ ဒီလိုမှန်း သိလျှင် မနက်စာကို အေးဆေး စားပါတယ်။ အစောလည်း မထပါဘူးကွာ။ ခုတော့ ….။

ဘယ်တတ်နိုင်မလဲ ကိုယ်ပိုင်ကားနှင့်မှ မဟုတ်ပဲ။ သူတို့ ပြောသည့် အချိန်ပေါ့။ သို့နှင့် ကားပေါ်မှာပဲ ခဏ တဖြုတ် ရသလို မှိန်းပြီး နေ့လည်စာ စားဖို့ ကားရမှ တ၀၊ တမုန်းစားမည် တွေးထားလိုက်၏။ ကားက ရွှေနန်းတော် ဖြစ်၏။ ယခင် Mdy လာလျှင် ရွှေတောင်ရိုး (ကားသေး) စီးပေမယ့် ယခု အပြန်ကိုတော့ တမင် ရွှေနန်းတော် စီးကြည့်ခြင်း ဖြစ်၏။ ကားတွေက အတူတူပင် ဖြစ်၏။ ဘာမှ မကွာပေ။

ဆက်ပါဦးမည်

Don Jaun

MSC 31

Sort:  

ကိုယ်ပိုင်ကားနဲ့ဖြစ်တော့မယ်ထင်ပါတယ် Steem ဈေးတွေတက်နေတယ်မလား ☺

လုပ်ပလိုက်မယ် ဗျာ
😁

အားပေးဒယ်ချချ ☺

မျှော်နေပါဦးမယ် ကိုဒွန်ရေ

ဟုတ်ကဲ့ပါဗျ

စောင့်​​မျှော်​ဖတ်​ရူ​နေပါတယ်​ရှင်

ဟုတ် ကျေးဇူးပါ

Congratulations! This post has been upvoted from the communal account, @minnowsupport, by Don Jaun from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

Coin Marketplace

STEEM 0.26
TRX 0.13
JST 0.031
BTC 61553.99
ETH 2881.27
USDT 1.00
SBD 3.54