စီးပွားရေး တဲ့လား ... (Chapter 1)steemCreated with Sketch.

in #myanmar8 years ago

FB_IMG_1527335451652.jpg

ပြီးခဲ့သော စနေ တနင်္ဂနွေနေ့တုန်းက စီးပွားရေးဆိုင်ရာ အမြင်ဖွင့် သင်တန်းတခု သွားတက်ဖြစ်၏။ (၂) ရက်သင်တန်း ဖြစ်၏။ မနက် (၉) နာရီခွဲကနေ ညနေ (၄) နာရီထိ ဖြစ်၏။ ဘယ်ကဲ့သို့၊ ဘယ်လို စီးပွားရေးမျိုး လုပ်ရမည်၊ လုပ်သင့်သည် ဆိုသည်မျိုး မဟုတ်ပဲ စီးပွားရေးနှင့် ပတ်သက်သည့် သဘောထားအမြင်များ၊ ထားရှိရမည့် စိတ်နေ စိတ်ထားများ၊ အစီအစဉ်များ အစရှိသည်တို့ကို စဉ်းစားမိအောင်၊ တွေးတက်အောင် အမြင်ဖွင့်ပေးသည့် သင်တန်းမျိုး ဖြစ်၏။

ကျနော့်အတွက်တော့ ထိုသင်တန်းက အစိမ်းသတ်သတ် ဖြစ်၏။ စီးပွားရေးဆိုသည့် စကားလုံးသည် ကျနော့် အတွက် နားလည်ရခက်သော၊ အဓိပ္ပာယ် ဖွင့်ရခက်သော စကားလုံး ဖြစ်၏။ ပညာရှင်တွေ ပြောသော စကားတခု ရှိ၏။ လူတိုင်းဟာ အရောင်းသမားတွေပဲ ဆိုသည့် စကားပေါ့။ အမှန်ပဲ ဖြစ်၏။ တနည်းအားဖြင့် တွေးကြည့်လျှင် ကျူရှင်ဆရာ ဖြစ်သော် ကျနော်သည် လည်း အရောင်းသမားပဲ မဟုတ်လား။ အချိန်နှင့် အသိပညာများကို ရောင်းသည့် အရောင်းသမား တယောက်ပေါ့။

စီးပွားရေးနှင့် ပတ်သက်ပြီး ကျနော့်မှာ အမှတ်ထင်ထင် ရှိလှသည့် အကြောင်းလေး တခုရှိ၏။ ကျနော့်တွင် ထိုင်းနိုင်ငံမှ အထည်လိပ်များ တင်သွင်းပြီး ပြန်လည်ရောင်းချသည့် သူငယ်ချင်း တယောက် ရှိ၏။ ထိုအထည်လိပ်များ တင်သွင်းစတုန်းက ဖြတ်ပြီးသား အထည်များကို ကျနော့်အား ပြန်ရောင်းဖို့ ပြော၏။ ကျနော့်ကို ဖောက်သည်ဈေးနှင့် ပေးမယ်ပေါ့ ကျနော်က ထိုက်သင့်သည့် ဈေးနှင့် ရောင်းပေါ့။ ကျနော့်ကို အပိုဝင်ငွေ ရစေချင်သည့် သဘောနှင့်ပေါ့။

P81215-113121.jpg

ဤသည်ကို ကျနော်က ဘယ်လိုများ လုပ်လိုက်သည် ထင်သနည်း။ ကျနော့် အမအား ထိုအထည်များ ရောင်းဖို့ ဒီအတိုင်းပေးလိုက်၏။ အမတို့ ရုံးမှာ ရောင်းပေါ့။ သူငယ်ချင်း ပေးထားသည့် ဈေးအတိုင်း ပြောပြီး ဒီအတိုင်း ပေးလိုက်၏။ သူငယ်ချင်း ရစေချင်သည့် အပိုငွေများ ကျနော့် အမ ရသွား၏။ ထိုအကြောင်းကို သူငယ်ချင်းတွေ သိသွားတော့ ကောင်းကောင်းကြီး မှတ်ချက်ပေးကြ၏။ မင်း စီးပွားရေး ကောင်းကောင်း လုပ်တတ်တာပဲ နော်ဆိုပြီးတော့ပေါ့။ နောက်ပိုင်း ကျနော့်ကို အထည်တွေ ထပ်ယူရောင်းဖို့ သူငယ်ချင်း မပြောတော့ပေ။ ကျနော့် အမကိုပဲ ကျနော် ထပ်ပေးလိုက်မှာကို သူသိသောကြောင့် ဖြစ်၏။

ကျနော်က ထိုကဲ့သို့သော် လူမျိုး ဖြစ်၏။ စီးပွားရေး အမြင် ရှိလွန်းသူပင် ဖြစ်၏။ ထိုသို့ နေထိုင်ရင်း အဆင်ပြေနေသော ကျနော်သည် ထိုအမြင်ဖွင့် သင်တန်းသို့ သွားတက်ဖို့ အကြောင်းဖန်လာခြင်း ဖြစ်၏။ သင်တန်ပေးမည့် အကိုကလည်း ကျနော်နှင့် အသိပင် ဖြစ်၏။ သူက UN မှာ လုပ်နေသူ ဖြစ်၏။ ယခု သင်တန်းကတော့ UN နှင့် မဆိုင်ပေ။ ထိုအကိုက သူ့သူ လုပ်ခြင်း ဖြစ်၏။ သူသိထားသည့် အသိ၊ ဗဟုသုတများကို ပြန်လည်ပြီး မျှဝေလိုခြင်း ဖြစ်၏။ ယခင်ကလည်း ထိုကဲ့သို့သော် သင်တန်းမျိုး မဟုတ်သည့် အခြား သင်တန်းများကိုလည်း သူ မကြာမကြာ ပေးလေ့၊ လုပ်လေ့ ရှိ၏။ ထိုသင်တန်းများကိုလည်း အချိန်ရလျှင် ရသလိုတော့ ကျနော် သွားပြီး တက်လေ့ ရှိ၏။ သူက သဘောကောင်းသလို အသင်အပြလည်း ကောင်း၏။ ထို့ပြင် စကားပြောလည်း ကောင်း၏။ ကဲ သင်တန်း အကြောင်း ပြောရအောင်။

ဆက်ပါဦးမည်

Don Jaun

MSC 31

Sort:  

နားထောင်ချင်စမ်းပါဘိ။

ဟုတ်

စောင့်မျှော်ဖတ်ရှုပါ့မယ်ဗျာ

Posted using Partiko Android

ဟုတ်

သိချင်လာပြီ

Posted using Partiko Android

ဟုတ် ပြောပါ့မယ်ဗျ

Coin Marketplace

STEEM 0.04
TRX 0.33
JST 0.102
BTC 65100.86
ETH 1894.38
USDT 1.00
SBD 0.38