Service (Chapter 1)steemCreated with Sketch.

in #myanmar5 years ago

FB_IMG_1527335451652.jpg

Service ယနေ့ ခေတ်မှာ တွင်ကျယ် ခေတ်စားလာသော စာလုံး တလုံး ဖြစ်၏။ ခေတ်စားလာသည် နှင့်အမျှ အရေးလည်း ပါလှ၏။ အနှီ service ဆိုသည့် ၀န်ဆောင်မှုသည် လူတိုင်းနှင့် မကင်းနိုင်သည့် အရာ တခုပင် ဖြစ်၏။ ၀န်ဆောင်မှု ကောင်းသည်၊ service ကောင်းသည် ဆိုသည့် စကားသည် နားထောင်လို့ ကောင်းသည့် စကားလုံးလေး ဖြစ်၏။ လူတိုင်းသည် ၀န်ဆောင်မှု ကောင်းကောင်း ရယူလိုကြ၏။ သို့ပေမယ့် လူတိုင်းကတော့ ၀န်ဆောင်မှု ကောင်းကောင်း မပေးနိုင်ကြပေ။ အနှီ ၀န်ဆောင်မှုသည် အပြောလွယ်သလောက် အလုပ်ရ ခက်လှ၏။

ဝန်ဆောင်မှုသည် ဈေးရောင်း ဈေးဝယ် ရယ်မှ မဟုတ်၊ မည်သည့် လုပ်ငန်း လုပ်ကိုင်စေကာမူ ၀န်ဆောင်မှုသည် အရေးပါ၏။ အစားအသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်၊ ဘီယာဆိုင်၊ အ၀တ်ဆိုင်၊ ဖိနပ်ဆိုင် အစရှိသဖြင့်ကနေ ကုမ္ပဏီကြီးများအထိ ၀န်ဆောင်မှုနှင့် မကင်းနိုင်ကြပေ။ ၀န်ဆောင်မှု ကောင်းခြင်း မကောင်းခြင်းသည် မိမိ လုပ်ငန်းအပေါ်ကို များစွာ သက်ရောက်၏။ ၀န်ဆောင်မှု ကောင်းသည့် နေရာကို လူတိုင်း နှစ်သက် သဘောကျ ကြပြီး ၀န်ဆောင်မှု မကောင်းသည့် နေရာကို လူအများ ရှောင်ဖယ်သွားကြ၏။

ဝန်ဆောင်မှု အကြောင်း ပြောလျှင် ကျနော်တို့ မြို့လေးကိုလည်း ထည့်စဉ်းစား၊ ထည့်ပြောရပေလိမ့်မည်။ ၀န်ဆောင်မှု ကောင်းလို့လား ဆိုတော့ မဟုတ်ပေ။ ကျနော်တို့ မြို့၏ ၀န်ဆောင်မှုသည် ရန်ကုန်၊ မန္တလေးတို့နှင့် ယှဉ်လျှင် ဘာမှ မပြောပလောက်ပေ။ ကျနော်တို့မြို့က လုပ်ငန်း အများစုသည် မိရိုးဖလာ၊ ဖာသိဖာသာ ဆန်နေသေး၏။ ငါတို့က အရင်ကတည်းက ဒီလိုပဲ လုပ်လာ၊ ကိုင်လာတာ မင်းတို့ ကြိုက်ရင် အပ်၊ လုပ်၊ စား ဒါပဲ ဆိုသည့် အပေါက်မျိုးတွေ။ Customer is always right သည် ကျနော်တို့ မြို့ အတွက် မဟုတ်သလိုလိုပင်။

1_CqQTKb0N2o0suacfiluO8w.jpeg
photo from Google

မြင်ရတွေ့ရသည်က အဆင်မပြောတာတွေပဲ များ၏။ လက်ဖက်ရည်ဆိုင်ထိုင်လျှင် စားပွဲထိုးကို လှမ်းခေါ်နေရ၏။ ဒါတောင် တော်တော်နှင့် မလာပေ။ သူတို့ကတောင် ခဏနော် အကို လုပ်လိုက်သေး၏။ ပြီးလျှင် သူတို့ ခဏက တော်တော်နှင့် ပေါ်မလာတော့ပေ။ မှာဖို့ကို တော်တော်လေး ခေါ်ယူရ၏။ မှာပြီး ပြန်တော့လည်း လာချဖို့ စောင့်နေရပြန်ရော။ ညီလေး မရသေးဘူးလား ဆိုတော့ လုပ်ပေးနေတယ်ဗျ တဲ့။ လူများလို့၊ လူကျချိန်မျိုးဆိုလျှင် ကျနော်တို့လည်း နားလည်ပေးပါတယ်။ ဒါပေမယ့် တခါတလေ လူမကျဘဲ သူတို့ မေ့နေတဲ့ အခါမျိုးဆို စောင့်ပေတော့ပဲ။ ကိုယ်က ဗိုက်ဆာနေချိန်ဆို သေရောပဲ။

နေ့ဆိုင် နေ့တိုင်း ထိုင်နေကြ လက်ဖက်ရည်ဆိုင်မှာတောင် အနှီ ၀န်ဆောင်မှုနှင့် ပတ်သက်ပြီး တော်တော်လေး လိုသေး၏။ စားသုံးသူနားက အခွန်တော့ ကောက်ပြီး ၀န်ဆောင်မှုကတော့ တော်တော်လေးကို လိုအပ်နေသေး၏။ တယောက်နား မှာလို့ မရသဖြင့် နောက်တယောက်နား ထပ်မှာ ရတာမျိုးနှင့် တနေ့တမျိုးကို မရိုးနိုင်ပင်။ ယခင် လူများနှင့် မှတ်ပြီး အော်အော်မှာနေရမှ စားပွဲထိုးများကို taplet များနှင့် order မှာစေသည့် စနစ်သို့ ပြောင်းလိုက်၏။ အစပိုင်းမှာ တော်တော်လေး တိုင်ပတ်၏။ သူတို့လည်း မကျွမ်းကျင်သေးသောကြောင့် ဖြစ်၏။ စားစရာများ မှာလျှင် ပုံမှန်ထက်ကို ပိုပြီး ကြာ၏။ ယခင် ဒီအတိုင်း ပါးစပ်နှင့် မှာသည်ထက်ကို ကြာသေး၏။

ဆက်ပါဦးမည်

Don Jaun

MSC 31

Sort:  

ဝယ်ယူစားသုံးတဲ့သူ စိတ်ချမ်းသာအောင်တော့ ဝန်ဆောင်မှု့ ကောင်းကောင်း ပေးသင့်တာပေါ့။

Posted using Partiko Android

ဟုတ်ပ

(Service)ဝန်ဆောင်မှု ဆိုသော အရာကောင်းလေလေ မိမိလုပ်ငန်းတိုးတက်အောင်မြင်လေလေပဲပေါ့။အဓိကကျတဲ့ အရာပဲဖြစ်ပါတယ်အစ်ကို။

Posted using Partiko Android

ဟုတ်

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.032
BTC 59121.51
ETH 2993.55
USDT 1.00
SBD 3.78