Service

in #myanmar8 years ago

FB_IMG_1498534182631.jpg

အိမ်၌ 5 Network စက် တလုံး ရှိ၏။ တပ်ဆင်ထားသည်မှာ တနှစ်လောက်တာ့ ရှိတော့မည်။ ပြီးခဲ့သော တပတ်လောက်က လာနေကြ၊ လွှင့်နေကြ လိုင်းများအစား လိုင်းအသစ်များ ပြောင်းလဲ ပြသ၏။ ဘာလိုင်းတွေ ထပ်ဖြည့်မယ်၊ ဘယ်လိုင်းတွေတော့ ဖြုတ်လိုက်မယ် ဟု ကြိုတင် ကြေငြာထားခြင်း မရှိပဲ ပြောင်းလဲလိုက်ခြင်း ဖြစ်၏။ လိုင်းများ စပြောင်းသည့် ရက်က အခပေး ရုပ်သံလိုင်းများ တခုမှ မလာတော့ပေ။ (၂) ရက်လောက် ကြာ၏။ (၂) ရက်ပြည့်ပြီးနောက် လိုင်းများ ပြန်ပွင့်လာသော်လည်း ယခင် လူကြိုက်များသည့် လိုင်းများ မပါလာတော့သည့်အပြင် သူတို့ ကြေငြာထားသည့် လိုင်းများပါ မလာပေ။ သတင်းလိုင်းများ၊ ပျင်းရိဖွယ်ကောင်းသည့် (ကလေးတွေတောင် ကြိုက်ရဲ့လားမသိ) ကာတွန်း series များသာ လာ၏။ ယခင်လာနေသည့် 5 movie, 5 special, 5 သုခမ, 5 seires, 5 ကာတွန်း, Fox movie, For cinema, … အစရှိသည့် လိုင်းများ မလာတော့ပေ။ ( ဖြုတ်လိုက်သည် ဆို၏)

ကဲ … ရှိစေတော့။ ပြောင်းလဲမှု စသည့် အခါမှာ အဆင်မပြေမှု အခက်အခဲတော့ ရှိပေမည်။ ဒါကို လက်ခံသည်။ (လက်မခံချင်လို့လည်း မရပေ) customers များကို အံ့သြသွားစေချင်သည် ဆိုလျှင်လည်း သေချာပြင်ဆင်ထားသင့်၏။ (ခုလည်း အံ့သြသင့်ရတာပါပဲ) ခုက ကြေငြာထားတုန်းက တကယ့်ကို အဟုတ်ကြီး။ ဘယ်လို အဆင်မပြေမှုများမှ မကြုံနိုင်၊ မရှိနိုင်တဲ့ ပုံမျိုးနှင့်။ သို့ပေမယ့် တကယ်လည်း ပြောင်းလဲ လိုက်ရော အကုန် ကမောက်ကမနှင့်။ ကျတော်တို့ နယ်မြို့မှ customer များက ပိုခံရ၏။ ခုထိကို သူတို့ ပြောသည့် လိုင်းများ မရသေးပေ။ လက်ရှိ မိမိတို့ သက်တမ်း ကျန်ရှိတဲ့ အတိုင်း ရုပ်သံလိုင်း အသစ်များကို ကြည့်ရှုနိုင်ပါသည် ဟု ဆိုထားသော်လည်း အထက်မှာ ဆိုခဲ့သည့် အတိုင်း ပျင်းရိဖွယ်ကောင်းသည့် လိုင်းများနှင့်သာ နှစ်ပါးသွားနေရသေး၏။

FB_IMG_1517410424851.jpg
photo from Facebook

နောက်တချက် customer များ၏ အဆင်မပြေမှုအတွက် ဘယ်လို တုန့်ပြန်လဲ။ ဒီအပိုင်းကတော့ အဆိုးရွားဆုံးပင်။ လိုင်းများ ပျောက်သွားသည့် နေ့က သူတို့ ပြောသည့် phone number ကို ဆက်၏။ လုံးဝဆက် မရပေ။ စက်ပိတ်ထားသည် ဆိုသည့် အသံတောင် မကြားရ။ တူတူတီတီတောင် မမြည်။ ထားပါ ဒါက ၀ိုင်းဆက်ပြီး မေးကြမယ့် လူတွေများလို့ phone ပိတ်လိုက်တယ်ပေါ့။ ဒီလောက်အထိ လက်ခံပေးသေး၏။ Facebook Page မှာ ၀င်ကြည့်၏။ customers များ၏ ချီးကျူးထောပနာ comment များမှာ အုံးအုံးကို ထလို့။ comment လေးများကိုသာ ဖတ်ကြည့်ပြီး အသာပြန်ထွက်လာလိုက်၏။ ဘာမှ မန့်မနေ ပြောမနေတော့။ ဒီလောက်လူပေါင်းများစွာ၏ ဒုက္ခ၊ အဆင်မပြေမှုများကို သူတို့ရဲ့ ဖြေရှင်ပေးပုံက လွန်စွာမှပဲ အားကျ အတူယူဖွယ်ကောင်း၏။ အဆင်မပြေမှုများအတွက် sorry ပါဆိုသည့် စာစီထားပြီးသား စကားစုလေးများကို customer များ၏ comment အောက်၌ ပြန်မန့်ပေးလိုက်ခြင်းဖြင့် ဖြေရှင်း၏။

S80201-120918_1.jpg
screenshot from Facebook

ဒီအတိုင်း မဖြေရှင်းလို့ ငါတို့က ဘယ်လို ဖြေရှင်းရမှာလည်းလို့ မေးစရာရှိ၏။ ဟုတ်၏။ ပြောပါမည်။ လိုင်းများ ပြောင်းလဲ လိုက်မည်ကို ကြိုတင် အသိပေးဖို့ လို၏။ ခုက customer များ မှာ ယခင်လိုင်းများ မဖြုတ်ပဲ အသစ်ထပ်ဖြည့်သည်ဟု လူ တော်တော်များများ (ကျတော်အပါအ၀င်)က ထင်ကြ၏။ ဖြစ်လာနိုင်သည့် အမှားများ၊ အဆင်မပြေမှုများအတွက် တောင်းပန်ခြင်းထက် စကတည်းက မမှားအောင် (သို့မဟုတ်) အမှားနည်းအောင် ငါတို့ ဘယ်လိုပြင်ဆင်ထား မလဲဆိုသည့် plan ကောင်းတခု ရှိဖို့လို၏။ customer များသည် လစဉ်ကြေးသွင်းပြီးမှ ကြည့်ရခြင်း ဖြစ်၏။ သက်တမ်းပြည့်သွားက တိကျစွာ ဖြတ်၏။ ယခု ကြည့်မရသည့် ရက်များအတွက် မည်သို့ ပြန်လည် စီမံပေးမည်ကို အခုထိ မသိရသေးပေ။ ထို့ကြောင့်ပင် customer များဖက်မှလည်း ပြောစရာ အခြေအနေတရပ် ဖြစ်လို့လာ၏။ အဆိုးဆုံးက ကိုယ်စားလှယ်ယူထားသည့် အရောင်းဆိုင်များတောင် တိကျသေချာသော အဖြေကို မပေးနိုင်ပေ။ ကျတော် phone ဆက် မေးလိုက်တိုင်း ဟုတ် လိုင်းတွေကလေ ခုမှ သွင်းနေတုန်းဆိုတော့ မရသေးတာပါ။ သူတို့ ဘယ်လို လုပ်ပေးမယ်ဆိုတာတော့ မသိသေးဘူးဟုသာ အဖြေ ပြန်ရ၏။

S80201-121111_1.jpg
screenshot from Facebook

ယနေ့ခေတ် နေရာတော်တော်များများ၊ ကိစ္စရပ်တော်တော်များများ၌ service သည် အလွန်စကားပြောလာ၏။ ဒီမိုကရေစီ စနစ်တောင် servie တမျိုးပင် ဖြစ်၏။ မိမိတို့အတွက် service ကောင်းကောင်းပေးသည့် အစိုးရတရပ်ကို ပြည်သူတို့က ရွေးချယ်ကြသည် မဟုတ်လား။ service ကောင်းသည့် စားသောက်ဆိုင်၊ အလှပြင်ဆိုင်၊ ၀ပ်ရှော့၊ online shop များကိုသာ လူတို့ ပိုမိုနှစ်သက်ကြ၏။ အပြိုင်အဆိုင်များသည့် ယနေ့ခေတ်ဝယ် serive မကောင်းလျှင် ကျဆုံးခန်း အစ ဖြစ်သွားနိုင်၏။

အချုပ်ဆိုရလျှင် လူ (၁၀၀) မှာ (၁၀) ယောက်၊ အယောက် (၂၀) လောက် အဆင်မပြေမှုသည် ပြဿနာတရပ် အဖြစ် မယူဆလျှင် ရကောင်း ရနိုင်သော်လည်း လူ (၁၀၀) မှာ (၈၀)၊ (၉၀) လောက် အဆင်မပြေဖြစ်သည် ဆိုလျှင်တော့ တော်တော်လည်း အခြေအနေ ဆိုးသည်ဟု ပြောလို့ရ၏။ customer များ၏ feed back များကို ကြည့်ပြီး အဆင်ပြေမှု၊ မပြေမှု ဘယ်အတိုင်းအတာထိ ရှိသည်ကို ဆင်ခြင်သုံးသပ်နိုင်ပါသည်။ ထိုသုံးသပ်ချက်များကို အခြေခံပြီး အသင့်တော်ဆုံး၊ အဆင်ပြေဆုံး အဖြေများ၊ နည်းလမ်းကောင်းများ အမြန်ဆုံး ရှာတွေ့နိုင်ပြီး မိမိကိုယ် အားပေးသည့် (customer) ပြည်သူများ၏ လိုအပ်ချက်များကို ဖြည့်စွမ်းပေးနိုင်ပါစေလို့ ဆန္ဒပြုလိုက်ရပါသည်။

Don Jaun

**MSC 31##

Sort:  

customer is always right for servicing work :D

Yeah, right

ကိုယ်‌ပိုင်‌စီးပွား‌ရေးလို သ‌ဘောမထားတဲ့ ဝန်‌ထမ်း‌တွေ ‌ကြောင့်‌လည်းပါတယ်‌။

May be a little

ဒီလိုဟာတွေ များနေသလိုစိတ်ထဲထင်မိပါသည်

ခုထိ မရသေးဘူး ရယ်။

PSI ပဲ တပ်ထားတေ😊😊လစဉ်ကြေးသွင်းစရာလိုပု

PSI ဖြင့် psyကြည့်မယ် ကွာ...

Sky net ပြောင်းတပ်ပါလားကိုဒင် ဒါမှမဟုတ်ညီမပြန်လာမှလွှတ်တော်မှာတင်ပြပေးပါ့မယ်လေ🤪

Skynet မတပ်တော့ဘူး
ဟို လူကြီးတွေကိုပဲ ပြောပေးပါ။
😂

မှန်တယ်ဗျာ ကြည့်နေကျလိုင်းလေး ဘယ်ရောက်သွားမှန်းမသိ အတော်ညစ်တဲ့ media

ဟုတ်ပ ရှယ်တင်းတယ်

ရွာမှ ရောက်နေတဲ့ ကျွန်တော်အတွက် ကတော့  ဘာတွေဖြစ်နေလဲတောင်မသိဘူး အကိုပြောမှ သိတော့တယ်

ရွာရောက် နေလို့ မဟုတ်ပါဘူး အေ ...
လွမ်းနေရလို့ သတိမထားမိတာပါ ။

Congratulations! This post has been upvoted from the communal account, @minnowsupport, by Don Jaun from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

ကျ​နော်​ဆိုမသွင်းတာကြာပီ
အရင်​ဇတ်​ကား​ရွေးတဲ့​ကောင်​​တွေ စကိုင်းနက်​​ရောက်​ကုန်​ပီ​နေမယ်​။ ​ပေါ်စက ​တော်​​တော်​​ကောင်းတယ်​။ မှတ်​မှတ်​ရရ မြန်​မာစာတန်းထို​တွေ သူတို့စခဲ့တာ ​နေမှာ ကျ​နော်​ ​ခွေ​ရောင်းတုန်းက အဲ့​ခွေ​တွေခိုးဝယ်​ခဲ့ရဖူးတယ်​။

Coin Marketplace

STEEM 0.05
TRX 0.32
JST 0.082
BTC 63156.33
ETH 1678.97
USDT 1.00
SBD 0.41