Rewrite

in #myanmar4 years ago

bwe0ql8m96.jpg

စနေ တနင်္ဂနွေ movie review မရေးဖြစ်တာတောင် အတော်လေး ကြာလာခဲ့ပြီ ဖြစ်၏။ ဇာတ်ကားတွေကလည်း သိပ်မကြည့်ဖြစ်ပေ။ ကြည့်ဖြစ်သည့် ကားတွေကြပြန်တော့ review ရေးရလောက်အောင် မဟုတ်သေးပေ။ ကျနော် သဘောမတွေ့နေလို့လည်း ပါမည် ထင်၏။ ဇာတ်ကား အကြည့်နည်းလာရခြင်းက သင်တန်းကြောင့်လည်း ပါ၏။ ကလေးတွေ၏ စာမေးပွဲကလည်း နီးလာခဲ့ပြီ မဟုတ်လား။ အလုပ်တွေက ယခင်ထက်စာလျှင် ပိုပြီး များလာသလိုလိုပင်။ အမှန်တော့ အလုပ်က ပုံမှန်ပင်၊ စိတ်ကလောနေ၊ ပူနေတော့ ပိုပြီး မော၊ ပင််ပန်း ရခြင်း ဖြစ်၏။

ပုံမှန် လုပ်ဖြစ်နေတာ ဆိုလို့ ဂိမ်းဆော့ခြင်းသာ ရှိမည် ထင်၏။ ဒါကလည်း အကြာကြီး မဟုတ်ပေ။ (၃) ပွဲလောက်သာ ဆော့ ကစား ခြင်း ဖြစ်၏။ best of three ပေါ့။ Rank သို့မဟုတ်၊ Classic သို့မဟုတ်၊ Barwl တခုခု ရွေးဆော့ ဖြစ်၏။ နေ့လည်ခင်း အားချိန်နှင့် ညဖက် မအိပ်ခင် အချိန်တွေမှာ ဆော့ကစား ဖြစ်၏။ ခုတလော သိပ်ပြီးတော့လည်း ဆော့ကစားလို့ မကောင်းပေ။ ဂ်ိမ်းအခေါ် ဆေးတွေနှင့်သာ တွေ့နေ၏။ ကောင်းကောင်း မကစားဘဲ လျှောက်လုပ်နေကြသူများ ဖြစ်၏။ တချို့က သတ်သတ်မဲ့ကို ထိုသို့ ကစားဖို့ ဆော့ကစားခြင်း ဖြစ်၏။ မိမိ team ကို စိတ်အနှောင့်အယှက် ပေးဖို့ကသာ သူတို့၏ အဓိကချက် ဖြစ်၏။

c0b5k98vpu.jpg

ထို့ကြောင့် ဆော့သာ ဆော့နေရသည် ပျော်ဖို့တော့ မကောင်းပေ။ ကိုယ်က ပျော်ချင်လို့ ဆော့ပါတယ် ဆိုမှ ပိုပြီး စိတ်ညစ်ရ၏။ ဂိမ်းက ခဏတဖြုတ်လောက်လည်း ဆော့လို့ ရပေမယ့် ဇာတ်လမ်းကတော့ ခဏနှင့် ကြည့်လို့ မရဘူးကိုး။ ဒါနှင့်ပဲ ဇာတ်ကား ကြည့်သည့် အချိန်က နည်းလာခဲ့ခြင်း ဖြစ်၏။ ထို့ကြောင့်ပဲ စနေ တနင်္ဂနွေ movie review က ပျောက်နေရခြင်း ဖြစ်၏။ သို့ပေမယ့် မကြာမီိ နွေရာသီ ပြန်ရောက်လျှင်တော့ ဇာတ်ကားများ ပြန်ကြည့် ဖြစ်မည် ထင်၏။ ထိုအခါကျလျှင်တော့ review လေးတွေ တဖန် ပြန် အသက်၀င်လာမည် ဖြစ်၏။

လောလောဆယ်တော့ တခြား တောင်တောင် အီအီလေးတွေပဲ လျှောက်ရေးရင်း ပိုစ့်တင်ဖို့ ကိစ္စကို ဖြေရှင်းထား၏။ ရေးစရာရယ်လို့ သိပ်များများ မရှိလှပေမယ့် ရှိတာတွေကိုပဲ ချဲ့ထွင်၊ ချဲ့ကားပြီး ရေးဖြစ်နေ၏။ အရည်အသွေးထက်၊ အရည်အတွက်ကို လောလောဆယ် ဦးစားပေးမိသလိုတော့ ဖြစ်နေ၏။ သို့ပေမယ့် တချိန်ချိ်န်မှာတော့ အရည်အသွေးကောင်းသည့် စာများ ရေးပြီး ပိုစ့်ပြန်တင်ဖြစ်ဦးမည် ထင်ပါ၏။ ယခင် steem ဈေးနှင့် ယခင် အရေးအသားမျိုးတွေပေါ့။ လက်ကုန်သွားသည်ရယ်လို့တော့ မဟုတ်ပေမယ့် လက်လျှော့နေသည်ကိုတော့ ၀န်ခံပါ၏။ ကြားထဲမှာ လက်ရည်သွေးပြီး ပြန်လာခဲ့မည်ဟု ကိုယ့်ကို ကတိပေးထား၏။

Don Jaun

MSC 31

Sort:  

Congratulations @donjaun! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :

You published a post every day of the week

You can view your badges on your Steem Board and compare to others on the Steem Ranking
If you no longer want to receive notifications, reply to this comment with the word STOP

To support your work, I also upvoted your post!

Vote for @Steemitboard as a witness to get one more award and increased upvotes!

Coin Marketplace

STEEM 0.18
TRX 0.13
JST 0.028
BTC 57630.83
ETH 3105.65
USDT 1.00
SBD 2.33