Quality Control

in #myanmar4 years ago

t5n9axz4v5.jpg

တခါတခါက် ခက္သား။ အျခား မဟုတ္ ဘာေရးလို႔ ေရးရမွန္း မသိသည့္ ျပႆနာေပါ့။ ေန႔စဥ္ စာေရးမည္ ေတြးထားေတာ့ မရမက ျဖစ္ညႇစ္ၿပီး ေရးသာေရးရ၏။ တခါတေလ ကိုယ့္စာေတြက ဖတ္မေကာင္း၊ အရသာ မေကာင္း၊ မွတ္စရာ မပါေနသည္ကို သိေနျပန္တာ့လည္း ခက္သား။ ထို အခ်က္ကလည္း ျပင္ရမည့္ အခ်က္ပင္။ ေန႔စဥ္ ေရးတာေတာ့ ေရးတာေပါ့။ အေရအတြက္ဘက္ကို ဦးတည္လိုက္ေတာ့ အေရအေသြးပိုင္း က်သြားသည္မွာ သဘာ၀ ပင္။ အေရအေသြးကိုလည္း မက်ခ်င္၊ အေရအတြက္ကိုလည္း မေလွ်ာ့ခ်င္ႏွင့္ ေတာ္ေတာ္ေလးေတာ့ ဂြက်၏။ စာေပေရးသားျခင္းက စက္ရံုကေန ပစၥည္းေတြ ထုတ္သလို အဆက္မျပတ္မွ မထြက္လာႏိုင္ပဲကိုး။

အေရ အေသြးပိုင္း အျပင္ စာလံုးေပါင္း သတ္ပံုႏွင့္ ၀ါက် အထားအသို ပိုင္းမွာလည္း အားနည္းခ်က္ ရွိလာၿပီ ထင္၏။ steem က ယခင္ ေစ်း ျပန္မေရာက္ေသးလွ်င္ေတာင္ မိမိ အေရးအသားကေတာ့ ယခင္ အေျခေနမ်ိဳး ျပန္ေရာက္သင့္သည္ဟု က်ေနာ္ထင္၏။ ေစ်းက်ေနလို႔ အေရးအသား က်သြားသည္ဆိုၿပီး ျဖစ္ေနလို႔ မရေပ။ ကိုယ့္အေရးအသားကို ကိုယ္ထိန္းထားႏိုင္ဖို႔ လိုသည္။ စာပံုမွန္ ေရးႏိုင္ဖို႔ ပံုမွန္ အခ်ိန္ တခု ေပးထားေသာ္လည္း တခါတေလ အေၾကာင္းေၾကာင္းေၾကာင့္ မေရးလိုက္ရသည့္အခါမ်ိဳးက ရွိေသး၏။ ထို႔ေၾကာင့္ အခ်ိဳ႕ ရက္ေတြမွာ (၂) ရက္၊ (၃) ရက္စာေလာက္ တပါတည္း ေရးထားလိုက္၏။ သို႔မွာသာ မေရးႏိုင္သည့္ ရက္အတြက္ပါ ဖာၿပီးသား ေထးၿပီးသား ျဖစ္ေပလိမ့္မည္။

he8i5hd1k2.png

ယခု ျဖစ္ေနသည္က အေၾကာင္းအရာ မရွိေနျခင္း ျဖစ္၏။ ေရးရမည့္၊ ေရးလိုသည့္ အေၾကာင္းအရာေပါ့။ idea ကေတာ့ ရွိ၏။ သို႔ေပမယ့္ ေရးရမည့္ အေၾကာင္းအရာ မရွိေတာ့ idea ႀကီးသတ္သတ္က ဘာမွ လုပ္မရေပ။ အေၾကာင္းအရာ မရွိိျခင္းကလည္း ျဖစ္ေလ့ ျဖစ္ထ ရွိသည့္ သဘာ၀ တခုပင္ မဟုတ္လား။ အၿမဲတမ္း ေတာက္ေလွ်ာက္ႀကီး ေရးႏိုင္ဖို႔ ဆိုတာ ဘယ္လုိမွ မျဖစ္ႏိုင္ေပ။ တခါတေလ အေၾကာင္းအရာ ရုတ္တရက္ ခမ္းသြားသည့္ အခါမ်ိဳးလည္း ရွိေသးသည္ မဟုုတ္လား။ ဟိုးယခင္ကလည္း ထိုသို႔ ျဖစ္ဖူးေသး၏။ သို႔ေပမယ့္ မၾကာမၾကာ ျဖစ္ေနျခင္းမ်ိဳးေတာ့ မဟုတ္ေပ။ မွတ္မွတ္ရရ (၃) ႀကိမ္ေလာက္ေတာ့ ျဖစ္ဖူး၏။

ထိုအခါမ်ိဳးမွာ စာေရးျခင္း ခဏရပ္ၿပီး စာဖတ္ျခင္း (သို႔မဟုတ္) ကုန္ၾကမ္းရွာျခင္းကို ေစာင္းေပးၿပီး လုပ္ရျပန္၏။ သီခ်င္း နားေထာင္ျခင္းႏွင့္ အျခား စိတ္လက္ေပါ့ပါးေစမည့္ အရာမ်ားကို လုပ္ေဆာင္ျခင္းျဖင့္လည္း အေၾကာင္းအရာ ျပန္ေတြ႕ေအာင္ လုပ္ေဆာင္ရ၏။ ရုပ္ရွင္ ၾကည့္ရွုျခင္းမ်ားလည္း ပါသည္ေပါ့။ တခါတေလ Facebook သံုးေနရင္းကလည္း အေၾကာင္းအရာ ရ၏။ အျခားသူမ်ား ေရးထား၊ တင္ထားသည့္ စာမ်ား၊ ပံုမ်ား၊ video မ်ားကေနေပါ့။ ထို႔ျပင္ မိမိ ပတ္၀န္းက်င္မွာ ေတြ႕ေန၊ ျမင္ေနရသည့္ အရာမ်ားကို ယခင္လို သာမန္မွ် မၾကည့္ေတာ့ဘဲ ေသေသခ်ာခ်ာ မွတ္သားထားျခင္းျဖင့္လည္း ေရးစရာမ်ား ျပန္လည္ ေတြ႕ရွိ လာတတ္၏။

မည္သို႔ပင္ ဆိုေစ အေရအေသြးပိုင္းကိုေတာ့ မျဖစ္မေန ျပန္လည္ ျမႇင့္တင္ရမည္ ျဖစ္၏။ ကိုယ္မွ အေရအတြက္ကို မေလွ်ာ့ႏိုင္ပဲ။ ထို႔ေၾကာင့္ အေရအေသြးပိုင္းပါ တက္လာေစရန္ ႀကိဳးစား လုပ္ေဆာင္ရမည္ေပါ့။

........... ........... ...........
Unicode Version

တခါတခါကျ ခက်သား။ အခြား မဟုတ် ဘာရေးလို့ ရေးရမှန်း မသိသည့် ပြဿနာပေါ့။ နေ့စဉ် စာရေးမည် တွေးထားတော့ မရမက ဖြစ်ညှစ်ပြီး ရေးသာရေးရ၏။ တခါတလေ ကိုယ့်စာတွေက ဖတ်မကောင်း၊ အရသာ မကောင်း၊ မှတ်စရာ မပါနေသည်ကို သိနေပြန်တာ့လည်း ခက်သား။ ထို အချက်ကလည်း ပြင်ရမည့် အချက်ပင်။ နေ့စဉ် ရေးတာတော့ ရေးတာပေါ့။ အရေအတွက်ဘက်ကို ဦးတည်လိုက်တော့ အရေအသွေးပိုင်း ကျသွားသည်မှာ သဘာ၀ ပင်။ အရေအသွေးကိုလည်း မကျချင်၊ အရေအတွက်ကိုလည်း မလျှော့ချင်နှင့် တော်တော်လေးတော့ ဂွကျ၏။ စာပေရေးသားခြင်းက စက်ရုံကနေ ပစ္စည်းတွေ ထုတ်သလို အဆက်မပြတ်မှ မထွက်လာနိုင်ပဲကိုး။

အရေ အသွေးပိုင်း အပြင် စာလုံးပေါင်း သတ်ပုံနှင့် ဝါကျ အထားအသို ပိုင်းမှာလည်း အားနည်းချက် ရှိလာပြီ ထင်၏။ steem က ယခင် ဈေး ပြန်မရောက်သေးလျှင်တောင် မိမိ အရေးအသားကတော့ ယခင် အခြေနေမျိုး ပြန်ရောက်သင့်သည်ဟု ကျနော်ထင်၏။ ဈေးကျနေလို့ အရေးအသား ကျသွားသည်ဆိုပြီး ဖြစ်နေလို့ မရပေ။ ကိုယ့်အရေးအသားကို ကိုယ်ထိန်းထားနိုင်ဖို့ လိုသည်။ စာပုံမှန် ရေးနိုင်ဖို့ ပုံမှန် အချိန် တခု ပေးထားသော်လည်း တခါတလေ အကြောင်းကြောင်းကြောင့် မရေးလိုက်ရသည့်အခါမျိုးက ရှိသေး၏။ ထို့ကြောင့် အချို့ ရက်တွေမှာ (၂) ရက်၊ (၃) ရက်စာလောက် တပါတည်း ရေးထားလိုက်၏။ သို့မှာသာ မရေးနိုင်သည့် ရက်အတွက်ပါ ဖာပြီးသား ထေးပြီးသား ဖြစ်ပေလိမ့်မည်။

ယခု ဖြစ်နေသည်က အကြောင်းအရာ မရှိနေခြင်း ဖြစ်၏။ ရေးရမည့်၊ ရေးလိုသည့် အကြောင်းအရာပေါ့။ idea ကတော့ ရှိ၏။ သို့ပေမယ့် ရေးရမည့် အကြောင်းအရာ မရှိတော့ idea ကြီးသတ်သတ်က ဘာမှ လုပ်မရပေ။ အကြောင်းအရာ မရှိခြင်းကလည်း ဖြစ်လေ့ ဖြစ်ထ ရှိသည့် သဘာ၀ တခုပင် မဟုတ်လား။ အမြဲတမ်း တောက်လျှောက်ကြီး ရေးနိုင်ဖို့ ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပေ။ တခါတလေ အကြောင်းအရာ ရုတ်တရက် ခမ်းသွားသည့် အခါမျိုးလည်း ရှိသေးသည် မဟုတ်လား။ ဟိုးယခင်ကလည်း ထိုသို့ ဖြစ်ဖူးသေး၏။ သို့ပေမယ့် မကြာမကြာ ဖြစ်နေခြင်းမျိုးတော့ မဟုတ်ပေ။ မှတ်မှတ်ရရ (၃) ကြိမ်လောက်တော့ ဖြစ်ဖူး၏။

ထိုအခါမျိုးမှာ စာရေးခြင်း ခဏရပ်ပြီး စာဖတ်ခြင်း (သို့မဟုတ်) ကုန်ကြမ်းရှာခြင်းကို စောင်းပေးပြီး လုပ်ရပြန်၏။ သီချင်း နားထောင်ခြင်းနှင့် အခြား စိတ်လက်ပေါ့ပါးစေမည့် အရာများကို လုပ်ဆောင်ခြင်းဖြင့်လည်း အကြောင်းအရာ ပြန်တွေ့အောင် လုပ်ဆောင်ရ၏။ ရုပ်ရှင် ကြည့်ရှုခြင်းများလည်း ပါသည်ပေါ့။ တခါတလေ Facebook သုံးနေရင်းကလည်း အကြောင်းအရာ ရ၏။ အခြားသူများ ရေးထား၊ တင်ထားသည့် စာများ၊ ပုံများ၊ video များကနေပေါ့။ ထို့ပြင် မိမိ ပတ်ဝန်းကျင်မှာ တွေ့နေ၊ မြင်နေရသည့် အရာများကို ယခင်လို သာမန်မျှ မကြည့်တော့ဘဲ သေသေချာချာ မှတ်သားထားခြင်းဖြင့်လည်း ရေးစရာများ ပြန်လည် တွေ့ရှိ လာတတ်၏။

မည်သို့ပင် ဆိုစေ အရေအသွေးပိုင်းကိုတော့ မဖြစ်မနေ ပြန်လည် မြှင့်တင်ရမည် ဖြစ်၏။ ကိုယ်မှ အရေအတွက်ကို မလျှော့နိုင်ပဲ။ ထို့ကြောင့် အရေအသွေးပိုင်းပါ တက်လာစေရန် ကြိုးစား လုပ်ဆောင်ရမည်ပေါ့။

........... ........... ...........

Don Jaun

MSC 31

Coin Marketplace

STEEM 0.28
TRX 0.12
JST 0.034
BTC 63463.10
ETH 3243.17
USDT 1.00
SBD 4.45