Power up day for SPUD 10

in #myanmar5 years ago

85ptci.jpg

ဒီနေ့က SPUD power up နေ့ ဖြစ်၏။ (၁၀) ကြိမ်မြောက် ဖြစ်၏။ ထို့ကြောင့်လည်း ယခု ပိုစ့်ကို ရေးဖြစ်ခြင်း ဖြစ်၏။ ယခင်က ပိုစ့်များကို 100% power up ဖြင့်သာ ရေးသားခဲ့၏။ နောက်ပိုင်း esteem app ကို သုံးပြီး ပိုစ့်များ တင်သောကြောင့် 100% power up မရတော့ဘဲ 50%, 50% သာ ရ၏။ ထို့ကြောင့် အဆိုပါ 50, 50 နှင့်ပဲ ရေးလာခဲ့ရတော့၏။ steem နှင့် steem power ခွဲပြီး ရပေါ့။

ဈေးကျပြီးကတည်းက power မ up ဖြစ်တော့ပေ။ ဒါကလည်း ကျနော်က 100% နှင့် ပိုစ့်များ တင်နေခဲ့ထားပြီးသားကိုး။ ယခုတော့ power up စရာ ကိစ္စရပ် ကြုံလာခဲ့ပြီ ဖြစ်၏။ SPUD ၏ အစီအစဉ်မှာ ပါ၀င်ရန် power up ရမည် ဖြစ်၏။ မတော်တဆများ ကံကောင်းပြီး ဆုကြေးလေး ဘာလေးများ ရလျှင် ပိုပြီး၊ သာ၍ ကောင်းမည်ဟု မျှော်လင့် တွေးတော နေမိ၏။ တကယ်တမ်းမှာ power up ခြင်းသည် ကျနော်တို့အတွက် ကောင်းဖို့ရာပင် မဟုတ်လား။ ခု power up ခြင်းကနေ ကိုယ့်အတွက် အပို အကျိုးအမြတ် ရနိုင်မည် ဆိုတော့ ၀မ်းသာ စရာပင် မဟုတ်လား။

ယခု အချိန်ထိ စုဆောင်းလာခဲ့သည့် SP က (power မ up ခင်) 1465.566 ရှိ၏။ steem ကတော့ 207.698 ရှိ၏။ ဟိုးယခင်တုန်းက စုထားသည့် steem က 100 လောက်သာ ရှိ၏။ တဖြည်းဖြည်း ကြားထဲမှာ ထပ်မံ စုဆောင်းမိလာသည့် steem တွေ ပေါင်းလိုက်တော့ ခုလို 200 ကျော်သွားခဲ့ခြင်း ဖြစ်၏။ အကုန်လုံးကို power up လိုက်လို့၊ up လိုက်ချင်ပေမယ့် တချိန်ချိန်မှာ steem ဈေး တက်လာပါက အနည်းငယ်လောက် ထုတ်ပြီး ရောင်းချင်သေးသည်ကိုး။ steem power ကို down ဖို့ အစီအစဉ် မရှိသဖြင့် ပိုနေ၊ စုထားသည့် steem အနည်းငယ်လောက်ကို လိုအပ်လာပါက ထုတ်ရောင်းရန် ရည်ရွယ်ထားခြင်း ဖြစ်၏။

လွန်ခဲ့သည့် နှစ်ကာလ (steem ဈေးကောင်းစဉ်အခါ) တုန်းကလည်း steem အနည်းငယ် ထုတ်ရောင်းပြီး ခရီးတွေ ဘာတွေ သွားလိုက်ရသေး၏။ ခုတော့ စုထားသည့် steem တွေကို Power up တော့မည် ဖြစ်၏။ လောလောဆယ်တော့ steem 17 power up ထားလိုက်ပြီ ဖြစ်၏။ နောက်ထပ် SPUD အစီအစဉ်တွေမှာ ပါ၀င် ဆင်နွှဲဦးမည်ဟု ဆုံးဖြတ်ထား၏။

2x3p2o.jpg

701gem.jpg

fpo6kw.jpg

mggnfy.jpg

Hello everyone

Today is SPUD 10 day. My steem power is 1465.566 before power up. I have 207 steem in my account wallet. I power up 17 steem. So, now my steem power is 1482.566. I really happy when I saw my SP increase day by day. And I decide to power up monthly. Thank a lot SPUD team and I wish have a nice time in steemit.

Let power up and support SPUD 10.

Don Jaun

MSC 31

Sort:  

နည်းထာဗျာ ကျွန်တော်ဆို ၄၀၀ လောက် up ပစ်တာ
ဘာပဲဖြစ်ဖြစ် Congratulations

ခုတော့ လောက်ပဲဗျာ။
နောက်များမှပေါ့။
အားကျပါဘိ။

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work!
Dear reader, Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.me/esteem

Thank you @donjaun for taking part in #spud it is truly appreciated.

Coin Marketplace

STEEM 0.18
TRX 0.16
JST 0.030
BTC 60986.47
ETH 2413.18
USDT 1.00
SBD 2.59