Playing DrugWar (Chapter 1)steemCreated with Sketch.

in #myanmar5 years ago

FB_IMG_1527335451652.jpg

အရှိန် အဟုန်နှင့် စတင်ခဲ့သော DrugWar ခုခါမှာတော့ အတန်ငယ် သွေးအေးသွားပြီ ဖြစ်၏။ တဖြည်းဖြည်း Upgrade လုပ်ရမည့် အရာများ များများလာ၏။ Upgrade လုပ်ရမည့် အရာများ၊ အဆင့်များ များလာပေမယ့် ပြန်ရသည့် reward (steem ပမာဏ) က နည်းနည်း လာ၏။ မိမိ၏ Drug ထုတ်လုပ်မှုက မလျော့သွားပါ။ တနေ့တခြား ပိုတိုးလာဖို့သာ ရှိ၏။ ထိုကဲ့သို့ တိုးလာလို့လည်း ပြန်ရသည့် reward က နည်းနည်း သွားရခြင်း ဖြစ်၏။ ပြန်ရသည့် ပမာဏ နည်းသွားတာကတော့ မိမိ တဦးတည်း မဟုတ်ပေ။ Drug War ဆော့ကစားနေသူတိုင်း ကြုံရခြင်း ဖြစ်၏။

အရင်းအနှီး ထည့်ထားပြီး ဆော့ကစားသူများ အဖို့တော့ အတန်ငယ် အခက်တွေ့ဖွယ်ရာပင်။ ပြန်ရသည့် reward က နည်းနည်း လာသဖြင့် မိမိ ရင်းထားသည့် အရင်း ပြန်ရဖို့ ကျေဖို့ ယခင်ထက် အချိန် ပိုပြီး စောင့်ရတော့မည် ဖြစ်၏။ အစောပိုင်းကတည်းက စတင်ပြီး ဆော့ကစားထားသူများ အဖို့ကား အရင်းကျေဖို့ သိပ်မကြာလိုက်ပေ။ (15) steem ပဲ ရင်းထားသည့် ကျနော်တောင် အရင်း မကျေသေးပေ။ ဒီပုံအတိုင်း ဆိုလျှင်တော့ တော်တော်လေး အချိန်စောင့်ရပေလိမ့်ဦးမည်။

ထပ်ပြီးတော့လည်း မရင်းချင်တော့ပေ။ ထပ်ရင်းလည်း မြန်မြန် ထပ်ရမှာမှ မဟုတ်ပဲ။ ဒီအတိုင်း နေ့စဉ် ထုတ်လို့ ရသည့် အရာလေးများနှင့် upgrade လုပ်နေလိုက်၏။ မလုပ်လို့ကလည်း မရဘူးကိုး။ ပစ်မရာ ပြုမရနှင့် အတော်လေး ဆိုးလှ၏။ ထို့ကြောင့် အနှီ ဂိမ်းကို မဆော့လိုခြင်း ဖြစ်၏။ သို့ဖြင့် ဘာလို့ ဆော့လည်း ဆိုစရာ ရှိ၏။ လောဘပေါ့ဗျာ။ steem လေးများ ရမလား ဆိုသည့် စိတ်နှင့်ပေါ့။ အစကတော့ တကယ်ကို ရနေသည်ကိုး။ ရတာမှ ကိုယ်တွက်ထားသည့် အတိုင်းကို ရနေတာ။ နောက်ပိုင်းမှ မှန်းထားသလို မဟုတ်တော့ပဲ နည်းနည်း လာတာ။

S90312-175823(1).jpg

ပြန်ရတာက နည်းလာရသည့် အထဲ ပြီးခဲ့သော တနင်္ဂနွေနေ့က ကျနော့် account လေး အတိုက်ခံလိုက်ရ၏။ အတိုက်ခံရသည်မှ တော်တော်လေးကို အတိုက်ခံလိုက်ရခြင်း ဖြစ်၏။ တယောက်ပြီး တယောက် လာတိုက်ခြင်း မဟုတ်ပဲ၊ တယောက်ထဲက မကြာမကြာ လာဝင်တိုက်သွားခြင်း ဖြစ်၏။ ကံဆိုးချင်တော့ ထိုနေ့က မိမိ account ကို လုံးဝ မကြည့်ဖြစ်ခဲ့ခြင်း ဖြစ်၏။ ကိုယ့် အပြစ်နှင့် ကိုယ် ဆိုပေမယ့် အနှီ တိုက်ခိုက်သွားသူက တစိတ်တော့ လွန်လွန်းလှ၏။ အချဉ်တွေ့ပြီ ဆိုပြီး ပယ်ပယ်နယ်နယ် တိုက်ခိုက်သွား၏။

Battle History များကို လိုက်ကြည့်ပြီး စိတ်က တော်တော်လေးကို တိုသွား၊ တိုလာ၏။ ဒီဂိမ်းကို စဆော့ကတည်းက ကျနော့်မှာ တိုက်ဖို့ အတွေး လုံးဝ မရှိပေ။ ဒီအတိုင်း Drug လေး ပုံမှန် ထုတ်သွားပြီး reward ယူနေဖို့သာ ဖြစ်၏။ ထိုသို့ ဆိုပေမယ့်လည်း ကိုယ့် account ကို ကာကွယ်ဖို့တော့ သေသေချာချာလေး လုပ်ထား၏။ စစ်သား ထုတ်ထား၏။ safe ဖြစ်အောင် storage level ကို တက်နိုင်သလောက် upgrade လုပ်ထား၏။

ဆက်ပါဦးမည်

Don Jaun

MSC 31

Sort:  

25 k drug ထုတ်အားနဲ့တော့ ဘာရမလဲဗျာ...
ကိုယ်တွေ 150 k လောက်ထုတ်နိုင်တာကို နည်းနည်းပဲ ရတဲ့ဟာ😁😁😁

!bookkeeping drugwars

Posted using Partiko Android

အဲ့တာ ပုံ အဟောင်း
😁

Hi @billionairehein!

drugwars

Received:

  • 26.642 STEEM from daily
  • 29.795 STEEM from heist
  • 0.448 STEEM from referral

Spent:

  • 27.352 STEEM

Total:

  • 29.533 STEEM

First transfer was before 44.72 days.
Your ROI per day is 4.65 % and you are earning approx. 1.27 STEEM per day.

ROI when taking only the last 5 days into account

Your ROI per day is 2.11 % and you are earning approx. 0.58 STEEM per day.

Congratulations @donjaun! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :

You published a post every day of the week

You can view your badges on your Steem Board and compare to others on the Steem Ranking
If you no longer want to receive notifications, reply to this comment with the word STOP

To support your work, I also upvoted your post!

Vote for @Steemitboard as a witness to get one more award and increased upvotes!

ကျနော်လည်း မတိုက်ဘူးဗျ။ လာတိုက်ရင်တော့ battle history ကို Steemit မှာ ရှယ် ပလိုက်တယ်။ အခု လာမတိုက်တော့ မ ရှယ်ရဘူး။ ဘုတ် တောင်းမလို့ပါဆို။ :)

Posted using Partiko Android

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.033
BTC 64222.08
ETH 3135.29
USDT 1.00
SBD 3.99