Pan
စစ်ဖိနပ်က ပြေးရတာ အနည်းငယ်လေးသည့် အပြင် ကန်သည့် အခါမှာလည်း သိပ်အဆင်မပြေလှပေ။ အ၀တ်သားနှင့် ဖြစ်သဖြင့် ကန်ရတာ သိပ်အားမပါလှပေ။ ပုံမှန်ထက် ပိုပြီး အားစိုက်ကန်ရ၏။ လူအနည်းငယ် ပိုပင််ပန်းရသည်ပေါ့။ တဖက်က စဉ်းစားပြန်တော့ Traning ရသည်ပေါ့။ သို့ပေမယ့်လည်း အဆိုပါ စစ်ဖိနပ်နှင့် သိပ်ကြာကြာ မကန်လိုက်ရပေ။ ဖိနပ် အသစ် ထပ်ရသွားခြင်းကြောင့် ဖြစ်၏။ Pan တံဆိပ် futsal ဖိနပ် ဖြစ်၏။ futsal ကစားသမား အများစု၏ အကြိုက်တွေထဲက တံဆိပ် တခု ဖြစ်၏။ Thai made ဖြစ်၏။ ဈေးကလည်း မသေးလှ၊ သုံးသောင်း ရှစ်ထောင်လောက် ပေးရ၏။
ကိုယ့်ကိုဆိုလျှင် ၀ယ်ဖို့ တော်တော် စဉ်းစားရပေလိမ့်မည်။ သို့ပေမယ့် ကွင်းက ကံစမ်းမဲ ဖောက်ပေးသည့် ဆိုင်ကယ်ကို ရောင်းပြီး ပိုက်ဆံများ ခွဲေ၀ယူကြရမှ ရသည့် ပိုက်ဆံနှင့် ၀ယ်လိုက်ခြင်း ဖြစ်၏။ အမှတ်တရဆိုပြီးတော့ပေါ့။ Tgi မှာ ကျနော့် size မရှိလို့ Mdy လှမ်းမှာရ၏။ အရောင်လည်း ကိုယ်ကြိုက်တာ ရ၏။ ထိုဖိနပ်လေးနှင့် အတော်လေး ကန်လို့ ကောင်း၏။ ထို့ကြောင့်လည်း pan ဆိုပြီး တန်းတခု၊ အဆင့်တခု ရှိနေခြင်း ဖြစ်၏။ ထိုဖိနပ်လေးနှင့် ပွဲတွေ တော်တော်များများ ကန််လိုက်ရ၏။ ခြေစွမ်းတွေလည်း ပြခွင့် ရခဲ့၏။
၀ယ်ထားပြီး (၆) လလောက်နေတာ့ ခြေထိပ် ချုပ်ရိုးနားက ကွာလာ၏။ သို့နှင့် ဖိနပ်ပြင်ဆိုင်သွားပြီး ပြန်ချုပ်ထားရ၏။ အောက်ခြေခွာ ပတ်ပတ်လည်ကို ပြန်ချုပ်ထားလိုက်၏။ ထိုအတိုင်း (၂) လလောက် ကန်နေခဲ့ပြီးနောက် ယခုအခါ ဖိနပ်ပြင်ဆိုင် တခါ ထပ်ပို့ရပြန်၏။ ခြေဖမိုး (ဘောလုံး ကန်သည့်နေရာ) နားက သရေသားလေးတွေက အနည်းငယ် ဖွာပြီး ပေါက်လာ၏။ ကျနော်က ညာသန်ဆိုတော့ ညာဖက်ဖိနပ် ပေါက်၏။ ဘယ်ဖက်ကတော့ မပေါက်ပေ။ သို့ပေမယ့် ပြန်ချုပ်လျှင်တော့ ဘယ်ကော၊ ညာကော ချုပ်ရမှာပဲကိုး။ ပြန်ချုပ်လို့ ရမရ ဖိနပ်ပြင်ဆိုင် သွားပြီး မေးကြည့်ရပေဦးမည်။
ပြင်ဆိုင်က ရသည်ဆိုတော့ ထားခဲ့လိုက်၏။ လောလောဆယ် အသစ်လည်း ထပ်မ၀ယ်နိုင်သေးဘူးကိုး။ ခု အဟောင်းလေးကို ပြင်လို့ ရသလောက် ပြင်ပြီး စီးကြည့်ဦးမည်။ မရတော့သည့် အဆုံးမှာ အသစ် ၀ယ်ရမည်။ လောလောဆယ်မှာတော့ versus တံဆိပ်လေးကို မျက်စိကျနေ၏။ ဈေးလေးလည်း မဆိုးလှပေ။ အခြား စီးဖူးသူများ၏ review ကလည်း တော်တော်လေး နှစ်သက်ချင်စရာပင်။ ဒီဇိုင်းကလည်း လှ၏။ လောလောဆယ် ပြန်ချုပ်ထားသည့် ဖိနပ်လေးကို စီးပြီး ကန်ထားနေရင်း ထို versus လေးကို လိုက်ကြည့်နေမိ၏။ မကြာမီ လကုန်တော့မည်ဆိုတော့ versus လေးကို ၀ယ်နိုင်တော့မှာပါလေ။
pan ကို ခုချိန်ထိ ကန်လို့၊ စီးလို့ ရနေသည်မှာ အတော်လေးကို ဟုတ်နေသည်ဟု ပြောလို့ ရ၏။ ဖိနပ်က quality လည်း ကောင်းသလို၊ ကျနော်လည်း စည်းကမ်းရှိတာ ပါမပေါ့လေ။ ဘယ်လိုပဲ ဈေးကြီး ပေးရ ပေးရ၊ အချိန်တန်တော့ ပျက်စီးမှပင်။ ဘာမှ မမြဲဘူး မလား။ မည်သို့ပင် ဆိုစေ ယခုအချိန်အထိ အတူရှိိနေပေးပြီး ပျော်ရွှင်ဖွယ် အမှတ်တရတွေ ဖန်တီးပေးခဲ့သည့် pan ဖိနပ်လေးကိုတော့ ကျေးဇူး တင်ရပေလိမ့်မည်။
Don Jaun
MSC 31