One Day
Steem ဈေး တက်ပြီလား
ယနေ့ ဘာထူး သနည်း
သတင်ထူးလျှင် ပြောပါ။
Steemit ၏ အခြေအနေက ထိုသို့ မေးယူရမည် အထိပင်။ steemit အနေနှင့် ဆက်လက်ပြီး တိုးတက် ပြောင်းလဲ နေပေမယ့် မပြောင်းလဲတာကတော့ steem ဈေး ဖြစ်၏။ တကယ့်ကို တည်တည်ငြိမ်ငြိမ်ကြီး နေနိုင်လွန်းလှ၏။ အချိန် အကြာဆုံး ဈေးအကျနိုင်ဆုံး ဆုတောင် ပေးရမလို ဖြစ်နေ၏။ ပြောလည်း ပြောချင်စရာပင်။ steem ဈေး ကျနေခဲ့သည်မှာ တနှစ်လောက်ပင် ရှိတော့မည် ထင်၏။
ခေတ်ကောင်းချိန် ဈေးတက်ချိန်ကို မှီခဲ့သော ကိုယ်တွေအဖို့ steem ဈေး ပြန်တက်မည့် အချိန်ကို မျှော်နေမိ၏။ တချိန်ချိန်မှာတော့ ပြန်တက်လာလိမ့်မည်ဟု ယုံကြည်နေမိ၏။ ထိုယုံကြည်မှုကပဲ နေ့စဉ် စာရေးဖြစ်အောင် တွန်အားပေးနေသည်ဟုပဲ ဆိုရမလား မသိပေ။ ကျနော့် အနေနှင့်တော့ ထို တွန်းအား တရပ်ထဲကြောင့်ပင် မဟုတ်ပေ။ ထို တွန်းအားပြင် ချစ်ခင် စိတ်ကြောင့်လည်း ပါ၏။ မှန်၏။ နေ့စဉ် ပိုစ့်တင် စာရေးဖြစ်နေခဲ့သည်မှာ ဈေးတခုထဲကြောင့်ရယ် မဟုတ်ဘဲ steemit ပေါ် ချစ်ခင်စိတ်ကြောင့်လည်း ဖြစ်၏။
ဟိုးယခင် Facebook ကို စွဲလန်းခဲ့သလို Steemit ကိုလည်း စွဲလန်းနေပြီ ဖြစ်၏။ Steemit ကိုလည်း Facebook လို အောင်မြင်အောင်၊ လူသုံးများအာင် လုပ်နိုင်လျှင် ပိုပြီး ကောင်းမည် ထင်၏။ သုံးစွဲသူများလာပါက အားလုံး အတွက် အကျိုးထူးမည် ထင်၏။ ယခင်ကတည်းက သုံးစွဲလာသူများအဖို့ ပိုပြီးတော့ အကျိုးများ အကျိုး ရှိမည် ထင်၏။ ထို့ပြင် SP များသူများအဖို့လည်း ကောင်းမွန်မှု တရပ်ပင်။ ကျနော့် အနေနှင့်လည်း SP များလာအောင် ဖြည်းဖြည်းချင်း ခပ်မှန်မှန်လေး စုဆောင်း လာခဲ့၏။
ခုထိတော့ မက်လောက်စရာ SP ပမာဏ မရသေး၊ မရှိသေးပေမယ့် ဆိုးတော့ မဆိုးဟု ပြောလို့ရ၏။ ဘာပဲ ဖြစ်ဖြစ် ရသလောက်တော့ စုထားရပေလိမ့်မည်။ ကိုဟင် ပြောပြောနေကြ စကား ရှိသည် မဟုတ်လား။ Steem ဈေး မတက်မှာ မပူနဲ့ ကိုယ့်လက်ထဲ ထက်သင့်သလောက် SP မရှိမှာပဲ ပူဆိုပြီး ပြောခဲ့သည် မဟုတ်လား။ ထိုစကားကြောင့်ပင် SP တွေကို ပုံမှန် စု ဖြစ်လာခဲ့၏။ ဈေးတက်လာချိန်ဆိုသည့် မျှော်လင့်ချက်လေးနှင့်ပေါ့။
Steem ဈေး တက်ပြီလား
ယနေ့ ဘာထူး သနည်း
သတင်းထူး ပါလျှင် ပြောပါ။
Don Jaun
MSC 31