Normal Day with Missing

in #myanmar6 years ago

FB_IMG_1527335451652.jpg

ရာသီဥတုက အုံမှိုင်းမှိုင်းနှင့် မနေ့ကလိုပဲ။ တချက်ချက် မိုးက တအိအိနှင့် ရွာတတ်သေး၏။ ဒီရာသီမျိုးနှင့် အိမ်မှာပဲ အေးအေးလူလူ စာဖတ်လျှင်ဖတ်၊ TV ကြည့်လျှင်ကြည့်၊ အိပ်လျှင် အိပ် သိပ်ဇိမ်ကျဖို့ ကောင်း၏။ ဖြစ်ချင်သည်ကို ပြောခြင်းသာ ဖြစ်၏။ တကယ့်တကယ်က ထိုသို့ နေလို့ မဖြစ်ပေ။ မိမိကိုယ်စောင့်နေမည့် တပည့်များက ရှိသေး၏။ အပျင်းထူနေလို့ မဖြစ်ပေ။ အတွေးထဲမှာသာ ဇိမ်ခံလိုက်ရပြီး စာသင်ခန်း ဆီသို့ ပြေးရ ပြန်၏။ စာသင်ချိန် ပြီးလျှင်လည်း သူငယ်ချင်း ဆိုင်သို့ ၀င်ရသေး၏။ ကျနော့် စက် window 10 update က ခုထိ လုပ်လို့ မပြီးသေးပေ။ မနေ့က ဆိုင်ပိတ်ချိန် နီးသွားသဖြင့် update က မပြီးလိုက်ပေ။ ဒီနေ့တော့ ပြီးအောင် ရအောင် လုပ်ရပေလိမ့်မည်။

မနက်ပိုင်း အတန်းချိန်ပြီးတော့ သူငယ်ချင်း ဆိုင်သို့ ၀င်ဖြစ်၏။ မီးကမလာပေ။ ကံဆိုးချက်။ သို့နှင့် အိမ်သို့သာ ပြန်လာခဲ့၏။ နေ့လည် တနာရီမှာ အမေ့ကို ဆေးခန်းလိုက်ပို့ပေးဖို့ ရှိ၏။ ညနေမှပဲ သူငယ်ချင်းဆိုင်သို့ နောက်တခေါက် သွားဦးမည်။ အမေ့ကို ဆေးခန်း လိုက်ပို့၏။ အမေက ဒူးခေါင်းနာနေ၏။ အရိုး၊ အကြောနှင့် ဆိုင်လိမ့်မည်။ ဖြစ်နေသည်မှာ အတော်တော့ ကြာပြီ ဖြစ်၏။ မကြာမကြာ ဆေးခန်းပြပေမယ့် ထူးထူးခြားခြားကြီး သက်သာသွားတယ် လို့တော့ မရှိလှပေ။ အသက်ရလာလို့လည်း ပါမည် ထင်၏။ ဆေးခန်းမှာ (၂) နာရီလောက် ကြာသွား၏။ သိပ်ကြာမည် မထင်ထားသဖြင့် နေ့လည်စာ မစားပဲ လာလိုက်သည့် ကျနော် အူလိမ်နေပြီ ဖြစ်၏။ ဆေးခန်းချိန် နောက်ကျမှာကိုလည်း စိုးရိမ် ရသေးသည်ကိုး။ အိမ်ပြန်ရောက်တော့ ညနေ (၄) နာရီပင် ထိုးခါနီးနေပြီ ဖြစ်၏။ ကျနော်အတို့ ဆေးခန်းမှာ စောင့်နေချိန်၊ ရှိနေချိန်အတွင်း မိုးက တော်တော်ကြာကြာ၊ ကြီးကြီး ကို ရွာ၏။ ကံကောင်းတာက ဆေးခန်းပြ အပြီးမှ ကိုယ်ရွှေမိုးက အတန်ငယ် ဖွဲသွား၏။

P81004-183331.jpg

အိမ်ပြန်ရောက်တော့ ဆာနေသည့် ဗိုက်ကို အရင် ဖြည့်ရ၏။ ခုတလော အစားကို အချိန်မှန် မစားဖြစ်ပဲ ဖြစ်နေ၏။ အိပ်ချိန်မှန်နေလို့ တော်သေး၏။ အိပ်ချိန် စားချိန် မမှန်ပဲ တပတ်လောက် ကြာသွားလျှင် အစာအိမ်က ပြန်နာတတ်၏။ ကိုယ့်ကို ဂရုစိုက်မှ ရမည်။ စားပြီး တရေးတမော အိပ်မည် တွေး၏။ အိပ်မည် ဆိုမှ စာမရေးရသေးသည်ကို သတိရ၏။ ဒီနေ့အတွက် ဘာမျှ မရေးရသေးပေ။ မနေ့ညက Ant Man ရုပ်ရှင် ကြည့်ပြီး အိပ်လိုက်သည်ကိုး။ စာတော့ ရေးဦးမှပါ။ သို့သော် laptop က သူငယ်ချင်းဆိုင်မှာ ဖြစ်၏။ သို့နှင့် မနေ့ကလိုပဲ အမတော်၏ laptop ကိုပဲ ခဏ တောင်းငှားပြီး ရေးရပြန်၏။

ဆက်ရေးရမည့် စာအဆက်များ ရှိနေသော်လည်း mood က မ၀င်နေဘူး ဖြစ်နေ၏။ သို့နှင့် တခြားအကြောင်း ရေးမည်ပေါ့။ ဒီနေ့ ဆေးခန်းသွားတဲ့ အတွေ့အကြုံကနေတဆင့် မြန်မာနိုင်ငံ၏ ကျန်းမာရေးဆိုင်ရာ အခြေအနေ၊ အချက်အလက်များ ရေးလျှင် ကောင်းမလားပေါ့။ (ကြီးကြီးကျယ်ကျယ်)။ ဟိုမင်းသားလေး ဘောလုံးကန်ရင်း မတော်တဆ သေဆုံးသွားသည့် သတင်းကြားတော့ စိတ်မကောင်းက ဖြစ်ရသေး၏။ ဒီနေ့ ကြာသပတေး ဖြစ်သဖြင့် ညနေ ကျနော်တို့လည်း ဘောလုံးကန်ကြပေဦးမည်။ သို့သော် ပြိုင်ပွဲလုပ်နေသဖြင့် ကွင်းမရဟု ဆို၏။ ခြေသည်းကျွတ်တာ သက်သာလာပြီးနောက်ပိုင်း ပထမဆုံး ပြန်ကန်မည့် နေ့မှ ကွင်းက မရဘူးဆိုတော့ အတော်လည်းတော့ ကသိကအောင့် နိုင်၏။ သာမန်နေ့များလိုပဲ အလွဲလွဲ အချော်ချော်တော့ အနည်းငယ် ရှိမည်ကို လက်ခံ၏။ သို့ပေမယ့် ဒီရက်ပိုင်း လွဲလွဲနေတာများတော့ တဆိတ်တော့ လွန်လွန်းသည်ဟု တွေးမိ၏။

P81004-183502.jpg

ယနေ့အတွက် စာလည်း ရေးပြီးပြီ ဖြစ်သဖြင့် သူငယ်ချင်းဆိုင်သို့ ချီတက်လိုက်ဦးမည်။ ကျနော့် စက်ရမှ ဖြစ်မည်။ သို့မဟုတ်က မနက်ဖြန်လည်း အမ၏ laptop ကို ထပ်ငှားနေရပေလိမ့်ဦးမည်။ Android boot ခိုက်သည့် အဖြစ်က မသေးပေ။ ကျနော် လျှမ်းသွားသည့် တချက်က window မှာလည်း App ရှိနေ၊ သုံးလို့ ရနေသည်ကို မေ့နေခြင်း ဖြစ်၏။ ကြည့်ချင်သည့် ဘောလုံးပွဲများကို window app ရှာ down ကြည့်ပေဦးမည်။ ထို့ကြောင့် ဒီနေ့တော့ update ပြီးမှ ဖြစ်မည်။ ထို့ပြင် စာရိုက်ဖို့ Microsoft 2016 လည်း ပြန်သွင်းရဦးမည်။

Don Jaun

MSC 31

Sort:  

ဒူးခေါင်းနာနေရင် အမေကို ငါးခေါင်းဟင်းရည်များများချက်ကျွေးလိုက်ပါဆာဒွန် သက်သာလာပါလိမ့်မယ်

ဟုတ် ကိုစိုး
ကျေးဇူးဗျ

မိုးအေးအေး အလုပ်မရှိတာလည်း ဝဋ်ဒုက္ခပါပဲ😁

Posted using Partiko Android

မိုးအေးအေး အလပ်မရှိနေလို့ကောင်းပါ၏ အလုပ်မရှိခြင်းနဲ့ အသားကျနေတဲ့သူမို့လား မသိဘူး ဟီး ။

၂. ယောက်လုံးကို ထောက်ခံပါတယ်ဗျ။

ဒူးခေါင်းကို ဗာဒံရွက်စီးပေးရင်သက်သာတယ်လိုကြားဘူးတယ်ဗျ

Coin Marketplace

STEEM 0.29
TRX 0.12
JST 0.032
BTC 60318.52
ETH 2983.06
USDT 1.00
SBD 3.78