Nice post, Good writing, Thank for sharingsteemCreated with Sketch.

in #myanmar7 years ago

FB_IMG_1498534182631.jpg

Myanmar Steemit Community လည်း တဖြည်းဖြည်း၊ တရွေ့ရွေ့ဖြင့် ခရီးဆက်လာနေပြီ ဖြစ်၏။ လူသစ်များ ၀င်ရောက် ပူးပေါင်းလာမှု နှင့်အတူ Community လည်း တနေ့တခြား ကြီးထွား ကျယ်ပြန့်လာနေပြီ ဖြစ်၏။ ယခင်ထက် စာလျှင် Copy posts များ နည်းလာပြီး Own creation posts များ ပိုမိုမြင်တွေ့နေရပြီ ဖြစ်၏။ ဤသည်မှာ ကျတော်တို့ Community အတွက် အားတက်ဖွယ်ရာ၊ ဂုဏ်ယူဖွယ်ရာ ပင် ဖြစ်၏။

ယခင် (၂) ရက် တကြိမ် Promotion ကနေ နေ့စဉ် (Daily) Promotion အဖြစ်လည်း ပြောင်းလဲ ထားပေးပြီ ဖြစ်၏။ ကျတော်တို့ အားလုံးလည်း အချိန်လုပြီး စာရေးကြ၊ သတ်မှတ်ချိန် မကျော်မီ အပြေးအလွှား မိမိ post ကို Promotion တင်ဖို့ ကြိုးစားကြနဲ့ ကျတော်တို့ Community သည် စက်ယန္တရား တခုအလား မနားတမ်းကို လည်ပတ်နေ၏။ Original creation များကြောင့် Promotion ရမည်မှာ သေချာနေသောကြောင့် အချို့ချို့သော သူများသည် အခြားသူများ၏ Promotion posts များကို vote, comment မပေးကြတော့ပေ။ ယုတ်စွအဆုံး ၀င်၍ ပင် မဖတ်ကြတော့ပေ။ vote နည်းသော၊ comment မရှိသော promotion posts များကို promoted လုပ်ပေးရသော အခြားနိုင်ငံသားများ အပေါ် အားနာစရာ ဖြစ်နေရတော့၏။ ထို့ကြောင့် Promotion posts များ အားလုံး မဟုတ်တောင် အတော်များများကို vote, comment ပေးဖို့ စည်းကမ်းချက်များပင် ထည့်ရတော့၏။

image1508143584981.png

အမှန်ဆိုလျှင် vote, comment ကိစ္စကို စည်းကမ်းချက်ပင် ထုတ်နေစရာပင် မလိုပေ။ ကိုယ့်အချင်းချင်းကို အားပေးကာ အကြံဥာဏ်များ ပေးနေရမည် မဟုတ်လား။ စည်းကမ်းချက်ကြောင့် vote, comment တွေ ရလာ၊ ပေးလာကြ၏။ သို့သော် ပေးသည့် comment က ပုံစံတူ၊ ပြောင်းလဲမှု မရှိ။ တပါးသူ၏ စာကိုတောင် ဖတ်ကြည့်ရဲ့ လား ဆိုတာတောင် မသေချာပေ။

ဘာတွေလဲ ကွာ ? ခင်ဗျားတို့ စည်းကမ်းချက်ထား ထားလို့ပဲ vote, comment ပေးနေပြီးပြီလေ။ ဘာတွေ ထပ်စကားများနေရသေးတာလဲ ဟု ကျတော့်ကို အပြစ်တင်ကလည်း ခံရပေမည်။ အမှန်တော့ တဖက်သူ၏ အပင်ပန်းခံ ကြိုးစားအားထုတ်ထားမှုကို အပေါ်ယံ စိတ်ကူးလေးလောက်နဲ့ ၀တ်ကျေတန်းကျေ comment ပေးနေခြင်းထက် မည်သည့် comment မှ မပေးသည်က ပိုလို့တောင်ကောင်းသေး၏။

သင့် comment တခုသည် ထိုသူအတွက် အားတက်ဖွယ် ဆေးတခွက်ပင် မဟုတ်လား။ ထို့ပြင် သင့် comment ကြောင့် ထိုသူ သင့်ကို သတိထားမိလာပါက သင့်အတွက်လည်း အကျိုးရှိသည် မဟုတ်လား။ တဦးမှာ မေတ္တာ၊ တဦးမှာ စေတနာပင်။ ဝေးဝေးမကြည့်နှင့် သင် ရေးသားထားသော စာအောက်မှာ တခုတ်တရနှင့် သေသေချာချာလေး လာ၍ သင့် အတွက် အကျိုးထူးစေ၊ အကျိုးများစေသော comment လေး မြင်လျှင် သင် မည်မျှ ပျော်သွားသနည်း။ အို …. ငါ့ကို သတိထားမိသားပဲ၊ ငါ့ စာတွေကို သေချာ ဖတ်သွားတာပဲ၊ အယ် … ဟုတ်သား အဲ့နေရာလေး စာလုံးပေါင်း မှားနေတာပဲ … တော်သေးတယ် သူ သတိပေးလို့ .. လူအများကြီး မမြင်သေးခင် ပြန်ပြင်လိုက်ရတယ်၊ ၀ိုး … ဒါလည်း မှန်တာပဲ . ငါ မမြင်တဲ့ ရှုထောင့်ကို သူက မြင်တယ်ဟ၊ နောက် post မှာ အဲ့ အတွေးအမြင်ကို သုံးပြီး စာတပုဒ် ရေးဦးမယ် …. စသည် စသည်ဖြင့် နောက်ဆက်တွဲ ရလဒ်တွေ တသီတတန်းကြီးပင် မဟုတ်လား။ Post ရေးသူရော၊ Comment ပေးသူပါ ပျော်ရွှင် ကြည်နူးရပြီး နှစ်ဦး နှစ်ဖက် အကျိုးများသည် မဟုတ်လား။ SBD အပြင် ပျော်ရွှင်မှုပါရသည် မဟုတ်လား။ ယူတက်လျှင် Steem သုံးရင်း ကုသိုလ်ပါ ရနေသည် မဟုတ်လား။

image1508143838972.png

Comment တင်ပဲလား ဆိုတော့ vote ပါ ပါသေး၏။ vote ပေးရာတွင် စည်းကမ်းချက်၌ voting percent ကန့်သတ်မထားပေ။ မိမိစိတ်ကြိုက် Percent နှင့် vote ပေးနိုင်ပါသည်။ 100% နှင့် vote လျှင် တနေ့ကို vote 20 လောက်သာ သုံးလို့ရ၏။ ထိုထက် ပိုသွားလျှင် percent လျော့သွားသဖြင့် ထပ် vote သော ပိုစ့်တွေမှာ sbd သိပ်မတက်တော့ပေ။ ထို့ကြောင့် တချို့က voting percent ကို ချိန်ထား၏။ တချို့တွေ voting percent ချိန်ထားခြင်းက မိမိ၏ sp (steem power) ကြောင့် ဖြစ်၏။ သူတို့က percent လျှော့ထားပေမယ့် သူတို့ vote တချက်က sbd ခုဂဏန်းလောက်ကတော့ အသာလေးပင်။ ကျတော်တို့မှာသာ။ မဖြစ်စလောက် sp လေးနှင့် vote နေရခြင်းဖြစ်၏။ ထို့ကြောင့်လည်း တချို့က အားလုံးကို vote နိုင်အောင် percent ချိန်ထား၏။ သို့သော် ဆိုခဲ့သလိုပင် နည်းပါးနေလွန်းသေးသည့် sp ကြောင့် vote သာ vote လိုက်သည် sbd က ပြားဂဏန်းပင် တက်မလာတော့ပေ။ voting percent နှင့် ပတ်သက်၍ ကျတော့်အနေဖြင့် မည်သို့မျှ အကြံမပြုလိုပေ။ အထက်မှာ ပြောဆိုနေခြင်းကလည်း သိစေချင်ရုံသက်သက်သာ ဖြစ်၏။ သို့သော် လွန်စွာမှ နည်းလွန်းသော voting percent နှင့် vote နေပါက comment ကိစ္စမှာ ဆိုခဲ့သလိုပင် လုံးဝ မ vote ခြင်းက ပို၍ ကောင်းပါသည်။ တဖက်လူလည်း သင့် percent ကို ကြည့်မြင်ပြီး စိတ်ညစ်စရာ မလိုတော့ပေ။

image1508143755120.png

ကျတော် vote, comment တွေ ပေးခြင်းသည် စည်းကမ်းချက် ဆိုသည်ထက် စာဖတ်နေရခြင်းကို သဘောကျနေသောကြောင့် ပေးနေခြင်းဖြစ်၏။ steemit ပေါ်၌ စာရေးကောင်းသူတွေ များစွာရှိ၏။ ကျတော် တခုတ်တရနဲ့ လိုက်စောင့်ဖတ်နေရသော post ပိုင်ရှင်တွေ ရှိ၏။ မည်သို့ပင် ဆိုစေကာမှု ကျတော်သည် steemit ပေါ်၌ စာတွေ လိုက်ဖတ်ရင်း vote, comment တွေ ပေးနေဦးမည်သာ ဖြစ်၏။ နောက်တချက်က ကျတော်သည် 100% နှင့် Vote ၍ ရင်ဘတ်ကြီးဖြင့် comment ပေးသူ တယောက် ဖြစ်သည်ကိုတော့ ပြောပြနေစရာ လိုမည် မထင်တော့ပေ။

Author : : Don Jaun

MSC 31

Sort:  

nice post
thank for sharing
good writing

မှန်တယ်ဗျာ
ပြီးတော့အကုန်လုံးလိုလိုကမြန်မာလိုပဲရေးကြေတာလေ
အချင်းချင်းပဲနားလည်တာ
အချင်းချင်းမှ အားမပေးရင်ဘယ်လိုတွေလုကြမလဲ

ခုလဲကျတော့်postမှာ cmt ၁ခုပဲရှိတယ်😭

Don't worry. Comment are on the way.

Good post bro i support for your every things post

Thank Bro!
I'm also watching your post.

စာမဖတ်ကြတာခက်တာ

ဟုတ်တယ် အကို

မှန်ပါတယ်

ဝါး ....

မှန်၏

ဟုတ်​တယ်​ အကို​ရေ အကုန်​လုံးလိုက်​ဖတ်​သင့်​တယ်​ဗျ

Yeah. Right!

အရမ်းကောင်းတဲ့ post ပါ
ဝေမျှပေးတဲ့အတွက် ကျေးဇူးပါ
ရေးထားတာ အရမ်းကောင်းပါတယ်ဗျာ

တသ်ကယ် အဲ့ဒါတေ တားတားက ပြောမတတ်နေလို့

မှန်ပါ၏

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.032
BTC 58557.01
ETH 2992.97
USDT 1.00
SBD 3.74