New One (Chapter 1)

in #myanmar4 years ago

bwe0ql8m96.jpg

ပစ္စည်း သင်္ခါရ၊ လူ သင်္ခါရတဲ့။ မပျက်မစီး မြဲနေသည့် အရာ ဤလူ့ဘောင် လောကမှာ မရှိိပေ။ တချိန်မှာ အသစ်ပေမယ့် ခုချိန်မှှာတော့ အဟောင်း အအိုပင်။ စေ့စေ့တွေးကြည့်က ဒီနေ့ အသစ် နက်ဖြန် အဟောင်းပင်။ နည်းပညာ ပေါက်ကွဲမှု မြန်ဆန်နေသော ယနေ့ အချိန်မျိုးမှာ၊ အသစ်သစ်တွေ ထပ်ခါထပ်ခါ ထွက်ပေါ်နေသော ခေတ်ကြီးမှာ အဟောင်းတွေကလည်း လျှင်လျှင်မြန်မြန် ဖြစ်ပေါ်လာလေရတော့၏။ အခြား ပစ္စည်း တိုတိုထွာထွာများကို မပြောနှင့် ဈေးကြီးပေးရသည့် electronic devices များပင်လျှင် ဒီနေ့့အသစ်၊ ဒီနေ့၀ယ်၊ နက်ဖြန် ဟောင်းသွားပြီ ဖြစ်၏။

ခေတ်ကိုက မြန်မြန်ပြောင်းလဲနေသည် မဟုတ်လား။ ကျနော်တို့ သူငယ်ချင်းတွေ futsal စ ကန်ဖြစ်ခဲ့သည့် အချိန်ကို ပြန်တွေးကြည့်တော့ မနေ့ တနေ့ကလိုပင်။ တကယ့်ကို ဘာမှ မရှိသေးသလိုလိုပင် စိတ်က ထင်မိ၏။ အမှန်မှာ (၂) နှစ်ပင် ကျော်လာခဲ့ပြီ ဖြစ်၏။ စကန်စတုန်းက အသင်းရယ်၊ အချိန်ရယ် သတ်သတ်မှတ်မှတ် မရှိခဲ့ပေမယ့် ယခုအခါမှာတော့ အသင်းနာမည်၊ တိကျသော နေ့ရက်၊ အချိန်တွေနှင့် ကန်ဖြစ်နေပြီ ဖြစ်၏။ ကျန်းမာရေး အရလည်း ဖြစ်သလို၊ ပျော်ရွှင်မှုလည်း ရရှိခဲ့၏။ သူငယ်ချင်းတွေ တပျော်တပါး စုေ၀းရင်း စကြ နောက်ကြ ကစားကြနှင့် မလား။

i7nrkx2nzn.jpg

Futsal စကန်ဖြစ်တော့ အ၀တ်ဖိနပ် (ကင်းဘတ်) နှင့် ဖြစ်၏။ အချို့က W ဟုလည်း ခေါ်ကြ၏။ အနီရောင် အစင်းလေးက W ပုံစံလေး ဖြစ်နေလို့ ထိုသို့ ခေါ်ခြင်း ဖြစ်မည် ထင်၏။ အမှန်တော့ သူက M လို့လည်း ယူဆလို့ ရသေး၏။ အဘယ်ကြောင့် ဆိုသော် လိုင်းအစင်းကို အနက်ရောင်နှင့်လည်း လာသေး၏။ ထို အနက်ရောင်နှင့် ဖိနပ်က ပိုလည်း ဈေးကြီး၏။ သုံးဆလောက်ကို ကွာ၏။ ဈေးကွာဆို အရည်အသွေးကလည်း ကွာသည်ကိုး။ အနက်စင်းနှင့် ဖိနပ်က တော်တော်လေး ကောင်း၏။ ၀တ်ရတာ ပိုလည်း သက်တောင့် သက်သာ ရှိိမည် ထင်ရ၏။

ကျနော်က အနီစင်း ကင်းဘတ်လေးသာ ၀တ်ဖူးပြီး အနက်ရောင် ကင်းဘတ်တော့ မ၀တ်ဖူးပေ။ ထိုဈေးနှင့်တော့ အ၀တ်ကင်းဘတ် မ၀ယ်တော့ဘဲ သားရေ ကန်ဖိနပ်သာ ၀ယ်မည်ဟု တွေးထားသည်ကိုး။ futsal စကန်ပြီး (၂) လကျော်လောက်မှာတော့ အဆိုပါ အနီစင်း ကင်းဘတ်လေး စုတ်သွားတော့၏။ သို့နှင့် ဖိနပ် ထပ်၀ယ်ရပြန်၏။ ဒီတခါ စစ်ဖိနပ် (ရှမ်းပြည် အခေါ် ပအို၀့် ဖိနပ်) ၀ယ် စီး၏။ စစ်သားတွေ အစီးများသလို၊ ပအို၀့် တိုင်းရင်းသားတွေပါ အစီးများလို့ ပအို၀့် ဖိနပ်ဟု ခေါ်ခြင်း ဖြစ်၏။ သူလည်း အ၀တ် ဖိနပ်ပင် ဖြစ်၏။ အောက်ခံဘား (ပွိုင့်) က ယခင် W ကင်းဘတ်ထက် ပိုထူ၊ ပိုကြီး ပိုမိုက်၏။ ပြီး ပိုလည်း လေး၏။

ထိုဖိနပ်ကို စီးပြီး ဘောလုံး ကန်တော့ အစပိုင်းမှာ ကန်ရ အနည်းငယ် ခက်၏။ နောက်ပိုင်းမှာတော့ အဆင်ပြေသွား၏။ နည်းနည်းလေးတော့ ပြေးရ လွှားရသည့် နေရာမှာ အနည်းငယ် ပိုပြီး အားထုတ်ရ၏။

ဆက်ပါဦးမည်

Don Jaun

MSC 31

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work!
Dear reader, Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.me/esteem

Coin Marketplace

STEEM 0.18
TRX 0.13
JST 0.029
BTC 57684.56
ETH 3120.56
USDT 1.00
SBD 2.33