Morning

in #myanmar7 years ago

FB_IMG_1498534182631.jpg

“ နံနက်ခင်း ” ထိုစကားလုံးသည် ကျတော်နှင့် ခပ်စိမ်းစိမ်း ဖြစ်လို့နေတာကြာပြီ ဖြစ်၏။ ခပ်စောစော ထလေ့ မရှိသော ကျတော်အဖို့ နံနက်ခင်းနှင့် မထိတွေ့ ဖြစ်သည်မှာ ကြာပြီ ဖြစ်၏။ ကျောင်းဖွင့်စတုန်းက မနက်အစော စာသင်ချိန်များကြောင့် ခပ်စောစော ထဖြစ်သော်လည်း ကျတော့်ကို မောင်လေး တယောက်ကဲ့သို့ ချစ်သော၊ နားလည်ပေးသော အဆောင် ဆရာမမှ ကျတော်၏ အစောထလေ့ မရှိသော အကျင့်ကို သိ၍ မနက်ပိုင်း စာသင်ချိန်အား ညနေချိန်သို့ ပြောင်းပေးလိုက်၏။ ကျတော့်အတွက် လွန်စွာမှပင် အဆင်ပြေပေ၏။ ညညဆို တော်တော်နှင့် မအိပ်၊ မနက်ကျတော့ တော်တော်နှင့် မထပေ။

အမေကတော့ ထိုအကျင့်ကို သိပ်သဘောမတွေ့လှသဖြင့် တခါတရံ ဆိုဆုံးမမှုခြင်း အမှုကို ပြု၏။ တခါသော် ကျတော် နေမကောင်းဖြစ်၍ ဆေးခန်းသွားပြသောအခါ၌ အမေက ကျတော်၏ အိပ်ချိန်နှင့် ပတ်သက်၍ ဆရာဝန်အား ပြောဆို တိုင်တန်းလေ၏။ ဆရာဝန်က ဘယ်လိုများ အိပ်လို့လဲ မေးတော့။ အမေက ကျတော့်၏ အိပ်ချိန်အား ပြောပြလေသော အခါ ဆရာဝန်က အင်း အိပ်ချိန်မမှန်တာကလွဲရင် လူတယောက်မှာ ရှိသင့်တဲ့ အိပ်ချိန်ကတော့ အပြည့်အ၀ရှိနေပါတယ် ဟု ဆိုလေ၏။ အမေသည် ဘာပြန်ပြောရမှန်း မသိ ဖြစ်နေ၏။ ရှေ့နေငှားပါသည် ဆိုမှ အနှီဆရာဝန်၏ စကားကြောင့် အမေသည် ကျတော့်အား မည်သို့ ကိုင်တွယ်ရမည်ကို ထပ်မံ စဉ်စားခန်း ၀င်ရပြန်တော့၏။ သို့သော် ဆေးခန်းပြပြီး အပြန်မှာတော့ ဆရာဝန်က ကျတော့်အား အချိန်မှန် အိပ်ရန် မှာမှသာ အမေသည် အတန်ငယ် ပြုံး၍ လာ၏။

P80110-061316.jpg

နံနက်ခင်းသည် နေ့တနေ့၏ အစဖြစ်၏။ တနေ့တာ အင်ပြည့်အားပြည့် မောင်းနှင်ဖို့ အစကနဦးပင် ဖြစ်၏။ ကျတော်သည် ညနေဆည်းဆာကို ပိုမိုနှစ်သက်သူ တယောက် ဖြစ်သော်လည်း နံနက်ခင်း တခုကိုလည်း မပစ်ပယ်လိုသူ ဖြစ်၏။ ခပ်စောစောထလေ့ မရှိပေမယ့် ရံဖန်ရံခါ ကိစ္စ တခုခုကြောင့် အစောထဖြစ်သည့် ရက်မျိုး၌မူ နံနက်ခင်းနှင့် ကျတော် ထိတွေ့ခွင့် ရလေ၏။

ရာသီဥတု ကြည်လင်သော နံနက်ခင်းများနှင့် ကြုံတွေ့ရသလို၊ တခါတရံ၌လည်း ရာသီဥတု ဆိုးရွားသည့် နံနက်ခင်းများနှင့်လည်း ကြုံတွေ့ရ၏။ သို့သော် နှစ်မျိုးစလုံးကတော့ သူ့ အလှနှင့် သူ တမျိုးစီ လှလို့နေ၏။ ကျတော်နှင့် ရင်းနှီးနေပြီးသော ဆည်းဆာချိန်ခါ ကဲ့သို့ပင် နံနက်ခင်းသည်လည်း ထိတွေ့ခွင့် ရချိန်တိုင်း သူ့ အလှအပနှင့် ကျတော့်အား ဖမ်းစားလေ့ ရှိ၏။

FB_IMG_1515134197441.jpg

ခပ်စောစော ထလေ့ မရှိသော ကျတော့်အဖို့ တပတ်ကို (၃) ရက်လောက် အစောထဖြစ်ရန် အကြောင်းဖန်လို့ လာလေတော့၏။ Futsal အားကစားကြောင့်ပင် ဖြစ်၏။ ခင်မင်ရသော အကို တယောက်မှ မနက်စောစော ဘောလုံးကန်ကြရန် တိုက်တွန်း ဆော်သြမှုကြောင့် ၀ါသနာတူ သူငယ်ချင်းများ စု၍ Futsal ကစားကြခြင်း ဖြစ်၏။ ကွင်းကြီးမှာ ကစားရန်မှာ ကျတော်တို့၏ အသက်အပိုင်းအခြားနှင့် ခံနိုင်စွမ်းအားကြောင့် ဂိုးလတ်လို့ ပြောနိုင်သည့် Futsal ကို ကစားဖြစ်ကြခြင်း ဖြစ်၏။ လူစုပြီး အဆင်ပြေသည့် ရက်များ၌ တပတ်ကို (၃) ကြိမ် ကန်ကြ၏။ စစချင်း ကန်သည့် ရက်များ၌မူ အလွန်မော၏။ သို့သော် နောက်ရက်များ၌ အသားကျ၍ လာကာ ပုံမှန် ကစားလာနိုင်သည့်အပြင် ခြေစွမ်းပြပြီး ဂိုးများပင် သွင်းယူလာနိုင်ခဲ့၏။ စလိုက်၊ နောက်လိုက်၊ တ၀ါးဝါး၊ တဟားဟား နှင့် ပျော်ဖို့အလွန်ကောင်း၏။

P80107-064708.jpg

Futsal အားကစားကြောင့် ခပ်စောစောထ ဖြစ်လာ၏။ ခပ်စောစော ထနိုင်ရန် ခပ်စောစော အိပ်ယာဝင်ဖို့ လို၏။ ယခင်က ညနက်သည်အထိ တော်တော်နှင့် မအိပ်သော ကျတော်သည် ခပ်စောစော အိပ်ဖြစ်လာ၏။ တိတ်ဆိတ်သော ညဥ့်နက်ချိန်၌ ဖမ်းဆုပ်တွေးတော မိထားသော အတွေးများ၊ နေ့စဉ်ဖြတ်သန်း ကြုံတွေ့နေရသော အရာများကို စာစီလေ့ ရှိသူ ကျတော့် အဖို့ ညဖက် စာမရေးနိုင်ပဲ ဖြစ်ရတော့၏။ သို့သော်လည်း နံနက်ခင်း ဘောလုံးကန်၊ ရေချိုးပြီးနောက် စာရေးဖို့ အချိန် တခု ထွက်လာလေ၏။ ညဖက်အစား မနက်ဖက် စာပြောင်းရေးရသည့် ခံစားချက်ကလည်း တမျိုးလေး ထူးခြားလှ၏။ ရိုးသားစွာ ၀န်ခံ ရလျှင် ညဖက်ထက် မနက်ဖက် စာရေးရသည်ကို ကျတော် ပိုမို အကြိုက်တွေ့လို့ နေလေ၏။

အိပ်ချိန် မှန်နေတော့ လူက ယခင်ထက် ပိုပြီး ကြည်ကြည်လင်လင် တက်တက်ကြွကြွ ဖြစ်လို့နေ၏။ မနက်ဖက် ကိုယ်လက် လေ့ကျင့်ခန်းကြောင့် ချွေးထွက်ပြီး လေးလံမှု ကင်းနေသောခန္ဓာကိုယ်သည် တနေကုန် လှုပ်ရှား သွားလာရတာလည်း ယခင်ထက် အဆင်ပြေလာ၏။ အကောင်းဆုံးက မနက်ပိုင်း စာရေးခြင်းကို ညပိုင်းရေးခြင်းထက် ပို၍ သဘောတွေ့နေခြင်းပင် ဖြစ်၏။ ထို့ကြောင့် တပတ်ကို (၃) ရက်လောက်သာ မဟုတ်တော့ပဲ တပတ်လုံး၊ တလလုံး၊ တနှစ်လုံး ခပ်စောစောထကာ ကိုယ်လက် လှုပ်ရှားပြီးနောက် စာများ ရေးတော့မည်ဟု ဆုံးဖြတ်ချက် ချလိုက်ပါတော့သည်။

Don Jaun

MSC 31

Sort:  

ကျွန်တော်နဲ နဲနဲတိုက်ဆိုင်သလိုပဲ ကိုလေး

အိုး ... ဟုတ်လားဗျ။

တစ်​ပတ်​၁ရက်​​တော့ကန်​ဖြစ်​တယ်

မိုက်တယ်
ကန်သာ ကန်

မနက်ရေးရေး ညရေးရေး post ကောင်းတွေ ဖြစ်လာတာပါဘဲလေ နံနက် ပိုကြိုက်တယ်ဆိုတော့ ခံစားချက် နံနက်စာလေးတွေ ဝေမျှပါဦးဗျာ

ဟုတ်ကဲ့ပါ ဗျ။

မောနိပါ

ဟုတ် ဟုတ်

အကိုပြောသလို မနက်ခင်းနဲ့ ဝေးနေတာကြာပြီအကိုရေ။ကျွန်တော်လည်း ညဆို တော်တော်နဲ့ မအိပ်ဖြစ်တာ ဆိုးတယ်ဗျာ ။တိပ်ဆိတ်ခြင်းကို သဘောကျတာလည်း ပါတယ်ဗျ။ တစ်ခုခုလုပ်ရင် အာရုံပို မိတယ် ညဘက်မှာက။

Me too Bro

Kwee ဘာအသင်းပရိတ်သတ်လည်း??

Manchester United

Coin Marketplace

STEEM 0.18
TRX 0.15
JST 0.029
BTC 63607.88
ETH 2506.13
USDT 1.00
SBD 2.59