ML Season

in #myanmar7 years ago

t5n9axz4v5.jpg

မကြာမီ ML season တောင် ပြီးတော့မည် ဖြစ်၏။ တကယ့်ကို ရက်ပိုင်းလောက်သာ လိုတော့၏။ Season ပြီး Rank ချမည်ကို သိထားသောကြောင့် ကျနော့်မှာ တော်တော်လေးကို ဗျာများနေရ၏။ လက်ရှိ အခြေအနေ အဆင့်က Grand Master III ဖြစ်နေသည်ကိုး။ အဆင့်ချလိုက်လျှင် ကျနော် Master သို့ ကျသွားနိုင်သည် မဟုတ်လား။ ထို့ကြောင့် ခုကတည်းက Rank တင်ထားနိုင်ဖို့ လို၏။ အနည်းဆုံး Epic လောက် ရောက်ထားမှ season ပြန်စချိန်မှာ Grand Master လောက် ရမည် မဟုတ်လား။

အသဲအသန် ဆော့ပေမယ့် ဒီရက်ပိုင်း ကံကလည်း မကောင်းလှပေ။ Rank ဆော့တိုင်း မနိုင်ဘဲ ကြယ်တွေ ဆုံးရှုံးကာ Grand Master IV ထိတောင် ကျသွားသေး၏။ ထိုနေ့ရက်များကတော့ တော်တော်လေးကို စိတ်ညစ်ရသည့် ရက်များ ဖြစ်၏။ ကံကောင်းချင်တော့ ယခုရက်ပိုင်းမှာ Rank အခြေအနေ ပြန်ကောင်းလာ၏။ အသင်းဖော်ကောင်းများနှင့်ပဲ ကြုံရပြီး တဖြည်းဖြည်း Rank ပြန်တက်လာခဲ့၏။ ပြီးခဲ့သော လက Epic ရောက်ဖူးလိုက်သေး၏။ သို့ပေမယ့် ခဏပဲ ဖြစ်၏။ တကယ့်ကို ခဏလေးပင်။ ပြန်ရှုံးပြီး Epic မှ Grand Master သို့ ပြန်ရောက်သွား၏။

ထိုစဉ်က ထိုအကြောင်းကို ကျနော် ရေးခဲ့ဖူးသေး၏။ ကျနော့် အရင် ML ဆော့နေပြီးသား ဖြစ်သော် သူငယ်ချင်းမှ မပူနဲ့ ခုလိုပဲ Grand Master နှင့် Epic ကို ဆင်းလိုက် တက်လိုက် ဖြစ်နေဦးမှာ ဆိုပြီးတောင် ပြောခဲ့သေး၏။ သူ့တုန်းကလည်း ထို အတိုင်းပဲတဲ့။ သူ ပြောလို့မှ မပြီးသေး ကျနော် Grand Master ပြန်ဆင်းသွားခဲ့ရပြီကိုး။ ကျသွားသည့် Rank ကို ပြန်တင်ရန် မနားမနေကို ဆော့တော့၏။ အားချိန်ရသည်နှင့် ML သာ ဆော့တော့၏။

en3cd3ljld.jpg

တကယ်တမ်း ပြောရလျှင် ကျနော်၏ ML ဆော့သည့် သက်တမ်းက (၃) လသာ ရှိသေး၏။ (၃) လအတွင်း ဒီအဆင့်ထိ ရောက်လာခဲ့သည်မှာ မစိုးဘူးဟု ပြောလို့ ရ၏။ မရောက်နေနိုင်ရိုးလား အားသည်နှင့် အနှီ ဂိမ်းကိုပဲ ဆော့နေသည်ကိုး။ Steemit မှ ဘော်ဒါကြီး @domelay တောင် ကျနော့်ကို ခေါ်ပြီး တွဲကစားပေးသေး၏။ သူကတော့ ကျနော့်ထက် level မြင့်၏။ မနား မနေ ဆော့ကစားခဲ့ရာမှ မနေ့ကတော့ Epic ပြန်ရောက်လာ၏။ မနေ့ညက Epic ပြန်ရောက်သည်နှင့် ဆက်မဆော့တော့ပဲ အိပ်လိုက်၏။ မနက် (၁) နာရီလည်း ခွဲတော့မည်ကိုး။

ဒီနေ့ သင်တန်းချိန်ပြီးတော့ ဆက်ဆော့ ဖြစ်၏။ အစက Rank မဆော့တော့ပဲ Classic ပဲ ဆော့ရင်ကောင်းမလား တွေးမိသေး၏။ တော်နေကြာ Rank ပြန်ကျသွားမှဖြင့်ဆိုပြီး စိတ်ပူနေရသေး၏။ season က ပြီးတော့မည် မဟုတ်လား။ သို့ပေမယ့် မနေနိုင်သဖြင့် ဖြစ်ချင်ရာဖြစ်ဆိုပြီး rank သာ ဆော့၏။ ကံကောင်းချင်တော့ မနေ့ညကနေ ဒီနေ့အထိ Rank မှာ မရှုံးသေးပေ။ တောက်လျှောက်ကို နိုင်နေ၏။ ဒီအတိုင်းဆိုလျှင်တော့ ကျနော့် Rank အခြေအနေလေး ကောင်းမည့်ပုံပင်။ Epic မှာ ကောင်းကောင်း ထိန်းထားနိုင်မည်ဆိုလျှင်တော့ season ပြီးလျှင် ဒူးနန့်နေရုံသာ ရှိ၏။ ပုံစံကောင်း၊ အခြေအနေကောင်းလေးကိုတော့ ဆက်ထိန်းထားရပေဦးမည်။

Don Jaun

MSC 31

Coin Marketplace

STEEM 0.04
TRX 0.32
JST 0.084
BTC 60911.74
ETH 1565.41
USDT 1.00
SBD 0.47