ML new season

in #myanmar5 years ago

t5n9axz4v5.jpg

Mobile Legend ယခု ရာသီ ပြန်အစမှာ အခြေအနေက သိပ်မကောင်းလှပေ။ Rank မှာ level ပြန်တက်လာဖို့ မျှော်လင့်ခဲ့ပေမယ့် ခုချိန်ထိတော့ မျှော်တိုင်း ဝေးနေဆဲပင်။ Grand Master I အထိ ရောက်ခဲ့ပြီးခါမှ Grand Master IV အထိ ပြန်ဆင်းသွားပြီ ဖြစ်၏။ Epic အိပ်မက်ကတော့ ခုချိန်ထိ ဝေးနေဆဲပင်။ (၅) ယောက် (၅) ဂိမ်း အမျိုးအစား ဖြစ်သဖြင့် မိမိ တယောက်ထဲ ကောင်းနေလို့ မဖြစ်ပေ။ တယောက် လောက်က ထဖောက်လျှင် သိပ်ကိစ္စ မရှိပေမယ့် နှစ်ယောက်လောက် ဖောက်လိုက်လျှင်တော့ ရှုံးဖို့ သေချာသွားပြီ ဖြစ်၏။

ရာသီ ပြန်စကတည်းက တိတိကျကျ ပြောရလျှင် ယခု ရက်ပိုင်း အတွင်း Rank ပွဲစဉ်တိုင်း လိုလို ရှုံးနေတော့၏။ တနေ့ကဆိုလျှင် Rank မှာ ရှုံးရှုံးနေသဖြင့် classic မှာ သွားဆော့ ကြည့်၏။ ရှုံး၏။ သို့နှင့် brawl mood မှာ သွားဆော့ကြည့်ပြန်၏။ ရှုံးပြန်၏။ ဆိုးလိုက်သည့် ဖြစ်ခြင်း။ ထိုနေ့ကတော့ ပြိုင်ပွဲ အရပ်ရပ်မှာ အရှုံးများနှင့်သာ ကြုံတွေ့သည့် နေ့ဟုပင် ပြောရမလိုပင်။ ကိုင်နေကျ hero များ ကိုင်ပေမယ့် အခြေအနေက ကိုယ့်ဘက်မှာ မရှိနေပေ။ ရှုံးမည့်နေ့ မလို့ ရှုံးသည်ဟု ခံယူထားလိုက်၏။ သို့ပေမယ့် ရက်ဆက်ကြီး ရှုံးနေတာမျိုးကတော့ အတော်လေး ဆိုးလှ၏။

ji7z9ec029.jpg

သို့နှင့် နောက်ဆုံးမှာတော့ Rank ဆော့ခြင်းကို ခဏ နားလိုက်ပြီး Classic ပြောင်းပြီး ဆော့နေလိုက်တော့၏။ လုံးဝ Rank ထဲ ၀င်မဆော့တာ (၂) ရက်တောင် ရှိသွားပြီ ဖြစ်၏။ Classic မှာပဲ ဆော့နေတော့၏။ hero စမ်းသည့် အနေနှင့်ပေါ့။ ယခု ရက်ပိုင်း လေ့ကျင့်ဖြစ်နေသည့် hero တွေက Valir နှင့် Guinevere တို့ ဖြစ်၏။ Valir ကတော့ ယခင်ကတည်းက ၀ယ်ထားပြီးသား ကိုယ့်အပိုင် hero ဖြစ်၏။ Guinevere ကတော့ မ၀ယ်ရသေးပေ။ Classic mood မှာ free ဆော့လို့ရသည့် hero ဖြစ်သဖြင့် ဆော့ကစား လေ့ကျင့်နေခြင်း ဖြစ်၏။ Valir ကတော့ ယခင်ကတည်းက ၀ယ်ထားပြီး သိပ်မဆော့ ဖြစ်ပေ။

ယခု ရာသီမှာ သူ့ နောက်ဆုံး skill ကို ပြောင်းလဲ ပေးလိုက်၏။ ယခင်က battle ဆိုင်ချိန်မှာ ဒုက္ခပေးလေ့ ရှိသည့် type ကနေ damage ပေးသည့် ပုံစံ ဖြစ်သွား၏။ support ကနေ damage ပိုပေးသည့် အဆင့်သို့ ပြောင်းသွားခြင်း ဖြစ်၏။ ယခင်က one by one မ သတ်နိုင်၊ မတိုက်ခိုက်နိုင်သည့် hero မျိုး ဖြစ်ပေမယ့် ယခုအခါမှာတော့ one by one လည်း တိုက်ခိုက်နိုင်နေပြီ ဖြစ်၏။ ထို့ကြောင့် ပြောင်းလဲလာသည့် valir ကို ပြန်ပြီး လေ့ကျင့်နေခြင်း ဖြစ်၏။ ယခင်ထက်လည်း ပိုပြီး မိုက်သွား၏။ တော်တော်လေးကို ကြမ်းသည့် hero ဟု ပြောလို့ ရ၏။

Valir ကော Guinevere ကော Mage အမျိုးအစား hero များ ဖြစ်၏။ Guinevere ကိုတော့ သိပ်မဆော့တတ်သေးပေ။ တော်တော်လေး လေ့ကျင့်ယူရဦးမည် ဖြစ်၏။ နောက်မှာ ဆက်ပြောပြပါဦးမည်။

Don Jaun

MSC 31

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 62676.37
ETH 2581.43
USDT 1.00
SBD 2.72