MIUI downgrade (Chapter 2)

in #myanmar5 years ago

85ptci.jpg

MIUI က ကိုယ်မကျွမ်းသေးသည့် အပိုင်း ဖြစ်နေတော့ သူငယ်ချင်း phone ဆိုင်မှာ သွားလုပ်၏။ သူက service လုပ်သူ ဆိုတော့ ကိုယ့်ထက် အပုံကြီး သာသည် မဟုတ်လား။ ခု ကျနော် တင်မှာက china rom ပဲ ဖြစ်၏။ china အမြင့်ကနေ china အနိမ့်ကို ပြန်ဆင်းသည့် နေရာမှာ အခန့်မသင့်လျှင် error ဖြစ်တတ်သည် ဆို၏။ သို့နှင့် သူငယ်ချင်းနား မေးမြန်း လုပ်ရခြင်း ဖြစ်၏။ သူက firmware file ကို ဖြေလိုက်ပြီးမှ ထိုထဲမှ file တခုကို ဖြုတ်လိုက်၏။ wifi error တက်မည် စိုးသဖြင့် ထို file ကို ဖြုတ်လိုက်ခြင်း ဖြစ်၏။

r20txu.png

Firmware က တင်ရတာတော့ အတော်လေး လွယ်၏။ စောင့်ရတာပဲ ကြာ၏။ ကြာဆို firmware size ကလည်း နည်းမှ မနည်းဘဲ။ 3 GB လောက် ရှိ၏။ firmware တင်ပြီးတာနှင့် recovery သွင်းဖို့ လုပ်၏။ ကျနော်က Magisk သွင်းချင်သည်ကိုး။ သူငယ်ချင်းက magisk သွင်းရုံပဲ ဆို ဘာလို့ recovery လိုမှာလဲ ဆိုသဖြင့် recovery မသွင်းတော့ဘဲ magisk ကိုသာ သွင်းဖို့ ပြင်တော့၏။ Magisk root ကိုက နည်းလမ်း (၂) နည်းနှင့် သွင်းလို့ ရ၏။ system boot file ကို ပြန်ပြင်ပြီးလည်း သွင်းလို့ ရသလို၊ custom recovery ကနေ zip file ကို flash ပြီး သွင်းလို့ ရသေး၏။

ယခု ကျနော် down ထားသည့် firmware က fastboot rom ဖြစ်သဖြင့် boot img file ကို သတ်သတ် ထပ်ရှာ စရာ မလိုတော့ပေ။ ထို ထဲကနေ ထုတ်ပြီး magisk app ထဲထည့်ပြီး ပြင်လိုက်၏။ ပြီး fastboot ကနေ run ၏။ ရသွား၏။ ကျနော် သုံးချင်သည့် viper4 ကို masgisk app ကနေ တဆင့် install လုပ်၏။ ပြီး reboot လုပ်၏။ ပြန်တက်လာတော့ အစောက ရထား၊ အဆင်ပြေနေသည့် magisk က မသွင်းရသေးဘူး ဆိုပြီး ပြနေ၏။ ဒီအတိုင်းဆိုလျှင်တော့ boot.img နည်းလမ်းနှင့် အဆင်မပြေဘူး ထင်၏။

သို့နှင့် twrp recovery ကနေ flash ဖို့သာ ရှိတော့၏။ ထို့ကြောင့် recovery သွင်းဖို့ လုပ်ရ၏။ ဖြစ်ချင်တော့ ကျနော် ကြို down ထားသည့် recovery က မကိုက်နေပေ။ သို့နှင့် နောက်ထပ် recovery ရှာပြီး down ရပြန်၏။ နောက်တခုနှင့်တော့ ရသွား၏။ သို့နှင့် recovery ကနေ တဆင့် magisk zip ကို flash ၏။ Magisk အောင်မြင်သွား၏။ ပိုသေချာ စေရင် reboot လုပ်ကြည့်၏။ ဘယ်လောက်၊ ဘယ်နှယ်ကြိမ်ပဲ reboot လုပ်လုပ် magisk မပြုတ်သွားတာ မရှိတော့ပေ။ ဒီအတိုင်းဆိုလျှင် magisk ပါ ရသွားပြီ ဖြစ်၏။ ကျနော့် Phone လည်း root ရသွားပြီပေါ့။

ဆက်ပါဦးမည်

Don Jaun

MSC 31

Coin Marketplace

STEEM 0.18
TRX 0.16
JST 0.031
BTC 60607.86
ETH 2620.83
USDT 1.00
SBD 2.52