MIUI downgrade (Chapter 1)

in #myanmar4 years ago

85ptci.jpg

MIUI 11 ကနေ MIUI 10 ဆင်းဖို့ လုပ်ထား၏။ Bootloader Unlock လုပ်ရမည် ဖြစ်၏။ official unlock လျှောက်ထားသဖြင့် (၇) ရက် စောင့်ရ၏။ ကြားထဲမှာ စောင့်နေရင်းနှင့် ရက်ခြားလောက် unlock ဖြစ် မဖြစ်ကို ဝင်ဝင် စစ်ကြည့်ရတာ အမော။ မတော်တဆများ သတ်မှတ်ရက် မတိုင်မီ ရနေမလားပေါ့။ မရပေ။ ဆရာသမားက အတော်လေးကို တိကျ၏။ (၇) ရက် ပြည့်သည့် နေ့ ဝင်တာတောင် (တပတ်မပြည့်ခင် ကိုယ်လျှောက်ထားခဲ့သည့် အချိန်လောက်ကနှင့် တွက်လျှင် ပြည့်နေပြီ ဖြစ်) ဆရာသမားက တနာရီ ထပ်စောင့်ခိုင်း၏။

ကိုယ်ကလိုအပ်သူ ဆိုတော့ ထပ်စောင့်ပေါ့။ unlock ရမှပဲ ကျနော်လည်း လိုအပ်တာတွေကို လုပ်ဆောင်လို့ ရနိုင်မည်ကိုး။ MIUI အနိမ့် ပြန်ဆင်းဖို့က အဆိုပါ unlock က ရမှကို ဖြစ်မည်ကိုး။ firmware အနိမ့်က download လုပ်ထားပြီးပြီ ဖြစ်၏။ unlock လျှောက်ထားသည့် တနင်္ဂနွေနေ့ကတည်းက down ထားပြီးသား ဖြစ်၏။ ထို့ပြင် magisk သွင်းဖို့လိုအပ်သည့် recovery ကိုလည်း down load လုပ်ထားပြီးပြီ ဖြစ်၏။ လိုအပ်တာတွေ အကုန်လုံးကို down ထားပြီးသား ဖြစ်၏။ ကျန်တာဆိုလို့ လျှောက်ထားသည့် unlock ကျလာဖို့သာ ရှိတော့၏။ စောင့်ရဦးမည့် အတူ အတန်းသွားလိုက်၏။ စာသင်ချိန်က ရှိသေးသည်ကိုး၊ စာသင် ပြန်လာပြီးမှပဲ ဆက်လုပ်ရပေလိမ့်မည်။

r20txu.png

Down ထားသည့် data တွေ၊ file တွေ အကုန်လုံးက သူငယ်ချင်း၏ Phone ဆိုင်မှာ ဖြစ်၏။ သူ့ဆိုင်က wifi က ကျနော့် ဆိုင်ထက် ကောင်း၏။ (10M) နှင့် (2M) ကိုး မကွာဘဲ ဘယ်နေမလဲ။ စာသာ သင်နေသည် စိတ်က phone လုပ်ဖို့ကိုပဲ စောနေ၏။ ဘာပြီး ဘာလုပ်မည်ကို အစီအစဉ်တွေ ချနေမိ၏။ ခဏနေလျှင်တော့ unlock လုပ်ခွင့်က လုံး၀ ရမှာ သေချာ၏။ နာရီနှင့်တောင် သေသေချာချာ ပြထားသည် ဆိုတော့ ရလောက်မှာပါဟုလည်း ဖြေတွေးက တွေးနေမိသေး၏။ ခဏနေ ပြောလို့ကလည်း ရတာ မဟုတ်ဘူးကိုး။

(၂၀၁၈) ခုနှစ်ထွက် mi Phone များ ဆိုလျှင်တော့ Unlock လျှောက်တာက စောင့်စရာ မလိုပေ။ တခါတည်း လျှောက်ပြီး တခါတည်း Unlock လုပ်လို့ ရ၏။ ခု ကျနော့် Phone က 2019 ထုတ် ဖြစ်နေသဖြင့် တပတ် (၇) ရက် စောင့်ရခြင်း ဖြစ်၏။ အတန်းသင်ပြီး ပြန်လာ စမ်းတော့ unlock ရနေပြီ ဖြစ်၏။ သို့နှင့် unlock လုပ်လိုက်၏။ data တွေတော့ ပျက်ကုန်၏။ ကိစ္စတော့ မရှိပေ၊ data ပျက်မည်မှန်း သိသဖြင့် ကြိုပြီးတော့ backup လုပ်ထားပြီးသား ဖြစ်၏။ ထို့နောက် MIUI 11 မှာ 10 သို့ ဆင်းဖို့ ပြင်ရတော့၏။

ဆက်ပါဦးမည်

Don Jaun

MSC 31

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work!
Dear reader, Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.me/esteem

Coin Marketplace

STEEM 0.31
TRX 0.12
JST 0.034
BTC 64418.55
ETH 3157.64
USDT 1.00
SBD 4.06