မနေ့က အပျော်

in #myanmar6 years ago

FB_IMG_1527335451652.jpg

မနေ့က မြန်မာအသင်း မြောက်ကိုရီးယား အသင်းကို သရေ ကစားနိုင်ခဲ့၏။ မြန်မာအသင်း၏ ကစားပုံ၊ ကစားကွက် ယခင်ကထက် ကောင်းလာ၏။ နောက်တန်းကတော့ တချက်တချက် အမှား လုပ်မိ၏။ ယခင်လောက် အမှားမများ ဆိုသော်လည်း ပြန်ပေးလိုက်ရသည့် ဂိုးသည် နောက်တန်း အမှားကြောင့် ဖြစ်၏။ မနေ့ကပွဲတွင် ကျော်ဇင်ထက် လက်စွမ်းပြသောကြောင့် မြန်မာတို့ သရေ တမှတ် ရခဲ့သည် ဆိုရပေမည်။ မြန်မာအသင်းအတွက် သရေ ရလဒ်သည် ထိုက်တန်သော ရလဒ် ဖြစ်၏။ ပွဲပြီးခါနီးချိန် အောင်သူ၏ ကန်သွင်းချက်သာ ဘားတန်း မထိခဲ့လျှင် မြန်မာအသင်းတောင် အနိုင်ရသွားနိုင်၏။ မနက်ဖြန် ဆော်ဒီအာရေဗီရ နှင့်ပွဲကို ဆက်လက်စောင့်ကြည့် အားပေးရပေမည်။

FB_IMG_1534422140440.jpg
photo from Facebook

မနေ့က မိုးက တနေ့ကုန်ကို ရွာ၏။ ညနေဖက် စာသင်ချိန်ပြီးလျှင် Cherry FM Show ပွဲသွားမည် စီစဉ်ထားမှ မိုးက နောက်တော့၏။ ထို့ကြောင့်ပင် အေးအေးလူလူပင် မြန်မာပွဲကို ထိုင်ကြည့်နေလိုက်၏။ မြန်မာပွဲ ပြီးဖို့ မိနစ် (၂၀) အလိုမှာတော့ မိုးတိတ်သွားပြီ ဖြစ်၏။ ကျနော်တို့ သူငယ်ချင်းတစုလည်း မြန်မာပွဲကို အားရပါးရ ကြည့်ရှုအားပေးပြီးနောက် Cherry FM Show ပွဲ ကျင်းပရာ အဝေရာ ကုန်းသာယာ သို့ ထွက်လာခဲ့၏။ ထိုကွင်းသည် တန်ဆောင်တိုင် ကာလ မီးပုံးပျံလွှတ်ပွဲကျင်းပရာ နေရာလည်း ဖြစ်၏။

မိုးတွေ ရွာထားလို့ ဗွက်တွေလည်း ထလို့နေ၏။ မိုးရွာထား၍ လူနည်းမည်ထင်ထားသော ကျနော်တို့ အဖို့ Live Show ကျင်းပရာ ကွင်းကြီးကို မြင်သည့်အခါမှတော့ အံသြသွား၏။ များလှသည့် လူအုပ်ကြီး။ ဘယ်အချိန်ကတည်းများ လာနေကြပါလိမ့်။ မိုးထဲ လေထဲမှာတောင် Cherry ကို ချစ်သည့် ပရိတ်သတ်ကြီးက အားရစရာပင်။ ကျနော်တို့ သူငယ်ချင်းတစု Show ပွဲသို့ ရောက်တော့ ည (၈) နာရီ ခွဲကျော်နေပြီ ဖြစ်၏။ လင်းလင်း သီဆို ဖျော်ဖြေနေ၏။ လင်းလင်းနှင့် အတူ အားရ ပါးရ လိုက်ပါခုန်ပေါက် သီဆို ကြ၏။ လင်းလင်း ပြီး နောက်တယောက်က G Fatt ။ သူ့အလှည့်မှာတော့ ကျနော် ငြိမ်သက်စွာ ခဏ နားခွင့် ရ၏။ ကျနော် G Fatt သီချင်းများကို မသိပေ။ နားလည်း နားမထောင် ဖြစ်ပါ။ သူပြီးတော့ G Latt အလှည့်။ G Latt နှင့်အတူ အပုဒ်တိုင်းကို လိုက်ဆို ကခုန်ပြန်၏။

P80815-211928.jpg

IMG_20180815_224226.jpg

G Latt ပြီးတော့ နောက်ဆုံးပိတ် အိတ်နှင့် လွယ်သူက Big Bag ပင် ဖြစ်၏။ ရှေ့ရက်ကတင်ထားပေးသည့် Eve သီချင်းကို ဆို၏။ အခြားသူများ ငြိမ်နေရသော်လည်း ကျနော်က ရှေ့ရက်ကတည်းက သီချင်းနားထောင်ထားပြီး စာသားပါ ကျက်ထားပြီးသူ ဖြစ်သောကြောင့် သာသာယာယာ လိုက်ဆိုငြီးလို့ ရ၏။ Big Bag နှင့်အတူ ဆွေးလိုက်၊ နှေးလိုက် ခုန်လိုက်၊ ပေါက်လိုက် လုပ်ပြီးသကာလ မကြာမီ နောက်ဆုံး အပိတ်သီချင်းသို့ပင် ရောက်လာ၏။ ပြဇာတ် မဟုတ်သော ပြဇာတ်နှင့် Show ပွဲကို ပိတ်၏။ Show ပွဲပြီးတော့ ည (၁၁) နာရီပင် ထိုးနေပြီ ဖြစ်၏။ ကျနော်တို့လည်း အလာတုန်းက ကဲ့သို့ သိုင်းနင်းကွက်ကျနှင့် ကားထားရာနေရာဆီသို့ ပြန်ခဲ့ကြ၏။ ဆိုင်ကယ်တန်း၊ ကားတန်းကြီးက တမျှော်တခေါ်ကြီး ဖြစ်နေ၏။ ဖြည်းဖြည်းမှန်မှန် မောင်းလာပြီးနောက် ညဈေးတန်းသို့ ရောက်လာ၏။ ဗိုက်လည်း ဆာနေပြီ ဖြစ်သောကြောင့် ထမင်းဝင်စားလိုက်ကြ၏။ ည (၁၂) နာရီ ကျော်မှသာ အိမ်သို့ ပြန်ရောက်တော့၏။ မည်သို့ပင် ဆိုစေ မနေ့ကတော့ အလွန်ပျော်ရွှင်ရသော နေ့ဖြစ်၏။ မြန်မာအသင်းနှင့် Cherry FM Show ။ မွန်းကြပ်လှသည့် နေ့စဉ် လူမှုဘ၀ထဲမှာ ယခုလို တခါတရံ အနားယူ အပန်းဖြေခွင့် ရခြင်း ကလည်း ကံကောင်းခြင်း တမျိုးပင်။ မနက်ဖြန်၌လည်း မြန်မာအသင်းသည် ပျော်ရွှင်များ ယူဆောင်လာပေးမည်ဟု မျှော်လင့်နေမိ၏။ ထို့အတူ MSC မိသားစုဝင်များလည်း ကျန်းမာပျော်ရွှင်ကြပါစေလို့ ဆုတောင်းမေတ္တာ ပို့သလိုက်ရပါ၏။

Don Jaun

MSC 31

Sort:  

ပျော်ရွှင်ဖွယ် Yesterday activity လေးပေါ့

ဟုတ်ပ

ပျော်စရာလေးတွေပေါ့ဗျာ

ဟုတ်တယ်ဗျ

ဟုတ်တယ်ဗျာ မထင်မှတ်ထားလောက်အောင်ပါပဲ ကျွန်တော်တောင် အနိုင်ဂိုးသွင်းမလားလို့ ထင်နေမိသေးတယ် သရေပဲ ယူသွားတယ်

ဟုတ်တယ်ဗျို့

ဆက်လက်ပျော်ရွင်နိုင်ပါစေ

ဟုတ်
ပေးတဲ့ဆုနဲ့ ပြည့်ပါစေဗျ

ကိုဒွန်ကြီး ပျော်ရွှင်ပါစေဗျ

You too bro

မြန်မာနဲ့ ပတ်သက်ရင် ခံစားရတာများလွန်းလို့ ဘောပွဲဆို မကြည့်ဖြစ်တာကြာပီ ကိုဒွန်ရေ ။ တိုးတက်လာတယ် သတင်းကြားရလို့ ၀မ်းသာမိပါတယ်။

ခုက တကယ် ကောင်းလာပြီဗျ။ နက်ဖြန်မှကြည့်တော့။

မြန်မာဘောလုံးအသင်းတိုးတက်မှု့က မြန်မာလူမျိုးတွေရဲ့အပျော်ကို တိုးတက်စေပါတယ်။

100 % Right

big bag ကြည့်ချင်ပါတယ်။ 😁😁

ပြီးပေါ့။

ကိုဒုန်ကြီး တို့တော့ ပျော်ပျော်ပဲဟေ့

Ever လန်း

အော် အပန်းဖြေစရာဆိုတာကလည်း ဒီလို လူကြားထဲတိုးမှ တွေ့တော့တာကိုး ☻☻☻

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 64284.72
ETH 2650.82
USDT 1.00
SBD 2.79