မမေ့ဘူး (Final Chapter)steemCreated with Sketch.

in #myanmar6 years ago

FB_IMG_1527335451652.jpg

ဆိုင်ကယ်ထုတ်ရင်း ဆိုင်ရှေ့ ရေမြောင်းဖုံးထားသည့် လပ်နေသည့် အဖုံး တချပ်မှ ခြေထောက် တဖက် မြောင်းထဲ ကျသွား၏။ ဆိုင်ကယ်က နောက်ပြန်ထုတ်ခြင်း ဖြစ်သဖြင့် မြောင်းကို သတိ မထားမိလိုက်ပေ။ ထို့ကြောင့်ပင် မြောင်းထဲ ကျသွားခြင်း ဖြစ်၏။ ယခင်ရက်များက ဘာမှ မဖြစ်ပဲ ဒီနေ့မှ ဖြစ်ခြင်း ဖြစ်၏။ ဆိုးလိုက်တဲ့ ဖြစ်ခြင်း။ မြောင်းက သိပ်မနက်လို့ တော်သေး၏။ ရေဆိုးမြောင်း ဖြစ်သဖြင့် ခြေထောက် တဖက်လုံး နံစော်သွားတော့၏။ ခြေသလုံးနား တ၀ိုက်ကနေ အောက်ခြေအထိ စိုသွားခြင်း ဖြစ်၏။

ဆောင်းတွင်း ညဖက် ချမ်းချမ်းစီးစီးကြီးမှာ အလုပ်ပိုသွားရတော့၏။ အပေါ်ထပ်က တပည့်လေးကို လှမ်းခေါ်ပြီး ရေဆေးရတော့၏။ အေးလိုက်သည့် ဖြစ်ခြင်း၊ မဆေးလို့က မဖြစ်ပေ။ နံနေပြီ မဟုတ်လား။ ခြေသလုံး အောက်နားက ပေနေသော ဂျင်းဘောင်းဘီ နေရာကို ဆပ်ပြာနှင့်ပွတ်ပြီး ရေလောင်းချလိုက်၏။ မြောင်းထဲကျသည့် ဘယ်ဖက် ခြေထောက်မှာ စီးသည့် ဖိနပ် တဖက်ကို ချွတ်ပြီး ခြေအိတ်ကို တပါတည်း လျှော်ရ၏။ ထို့နောက် ဖိနပ်ကိုလည်း လျှော်ရ၏။ ဆပ်ပြာနှင့် ခပ်မြန်မြန်လေး ပွတ်ပြီး ရေလောင်းပေါ့။ အိမ်ပြန်ရောက်မှ မနက်မှ နောက်တခေါက် ထပ်လျှော်ရမည်။

တအောင့် နေတော့ လျှော်လို့ ရေလောင်းလို့ ပြီးသွား၏။ ခြေအိတ်နှင့် ဖိနပ်ကြိုးကိုတော့ ဆိုင်ကယ် Toolbox ထဲ ထည့်ပြီး စိုနေသည့် ဖိနပ်တဖက်ကို အသာစွတ်ပြီး ပြန်ခဲ့ရ၏။ ဖိနပ်က စိုနေပေမယ့် ခဏ (၁၀) မိနစ်လောက်ပါပဲလေ ဆိုပြီး ဒီအတိုင်း စီးပြီးတော့ ပြန်လာခဲ့၏။ သို့နှင့် အိမ်ပြန်ရောက်တော့ မနက်မှ အချောဆေးမည် တွေးထားသည့် စိတ်တို့က တခါတည်း ဆေးလိုက်လျှင် ကောင်းမည်ဆိုပြီး တွေးမိ၏။ မနက်မှဆိုလျှင် လျှော်ထားပြီးသား၊ စိုနေပြီးသား ဖိနပ်တဖက်ကို ထပ်လောင်းနေရဦးမည်။ သို့နှင့် မထူးတော့ပါဘူးကွာ ဆိုပြီး တပါတည်း ခြေအိတ်တွေ ဖိနပ်တွေကိုပါ လျှော်လိုက်၏။

P81217-215602.jpg

ည (၁၀) နာရီကျော်နေပြီ ဖြစ်၏။ အေးပေမယ့် ကျိတ်မှတ်ပြီး ခပ်မြန်မြန်လေး လုပ်လိုက်၏။ တအောင့်ပါ၊ ခဏပါကွာ ဆိုပြီး ရေစိုနေသည့် ဖိနပ်ကို စွတ်ခဲ့မိသည်မှာ အခုမှ ထိတော့၏။ ခြေသလုံး နာသလို၊ ကြွက်တက်ချင်သလို ဖြစ်နေ၏။ သိပ် ဆိုးဆိုးရွားရွားကြီး မဟုတ်သဖြင့် တော်သေး၏။ ဆေးကြောလို့လည်း ပြီးရော ခြေထောက်လည်း အတော်အေးနေပြီ ဖြစ်၏။ ည (၁၀) နာရီလည်း ခွဲသွားပြီ ဖြစ်၏။ အိမ်ထဲဝင် ခြေထောက်ကို ရေခြောက်အောင် သုတ်ပြီး နောက် စောင်ခြုံထားလိုက်၏။ ခြေထောက်တွေ မြန်မြန် ပြန်နွေးလာအောင် ဖြစ်၏။

ထို့နောက် နောက်နေ့ ပိုစ့်တင်ရန် စာရေးဖို့ ပြင်လိုက်၏။ စနေ၊ တနင်္ဂနွေ တုန်းက တက်ခဲ့သည့် စီးပွားရေး ဆိုင်ရာ အမြင်ဖွင့် သင်တန်းအကြောင်းလေး ပြန်ရေးမယ်ပေါ့။ သို့ပေမယ့် ယခု ခြေတဖက် မြောင်းထဲ ကျသည့် အကြောင်းပဲ အရင်ရေးပါတော့မယ်လေဟု တွေးလိုက်ပြီး ယခုကဲ့သို့ ရေးလိုက်ရခြင်း ဖြစ်၏။ ဆောင်းတွင်းကြီးတွင် တခါသားမှ ယခုလို အလုပ် မရှုပ်လိုက်ဖူးပေ။ အမှတ်တရပေါ့။ တခါတလေ သတိလက်လွတ် ဖြစ်သွားလျှင် ယခုလိုမျိုးတွေ ဖြစ်တတ်သည်ကို သတိထားမိသွားစေတာပေါ့လေ။ နောက်ဆိုလျှင် ထိုကလေးအိမ်ကနေ ပြန်တိုင်း ထိုမြောင်းပေါက်ကို သေချာ သတိထားတော့မည်မှာတော့ အသေအချာပင် ဖြစ်ချေတော့၏။

Don Jaun

MSC 31

Sort:  

Congratulations! This post has been upvoted from the communal account, @minnowsupport, by Don Jaun from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

ဘာတွေများ အမြင်ပွင့်ပြီလဲ စီးပွားရေးကို

Posted using Partiko Android

သတိ သတိ အအေးပက်မယ် သတိထား

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.028
BTC 57972.96
ETH 2357.13
USDT 1.00
SBD 2.36