မမေ့ဘူး (Chapter 1)steemCreated with Sketch.

in #myanmar6 years ago (edited)

FB_IMG_1527335451652.jpg

ပုံမှန် နေ့တနေ့လိုပဲ ဒီနေ့ကိုလည်း ဖြတ်သန်း ဖြစ်၏။ မနက်နိုး မျက်နှာသစ် စာသင်သွားပေါ့။ မနက်အစော တချိန်ပြီးမှ မနက်စာ စားပေါ့။ ပြီးနောက် နောက်ထပ် အတန်းချိန်များကို သင်ပေါ့။ နေ့လည်စာ စား အတန်းဝင်၊ ညစာစားပြီး အတန်းထပ်သွားပေါ့။ ထိုနည်းဖြင့် ကျနော့်အတန်းချိန်များ ည (၉) နာရီဆိုလျှင်တော့ ပြီး၏။ (၉) နာရီ နောက်ပိုင်း ဆိုလျှင်တော့ ကျနော့် ကိုယ်ပိုင် အချိန် ဖြစ်ပြီ ဖြစ်၏။ (၉) နာရီ ပြီးပြီ ဆိုသော်လည်း အိမ်ကို (၉) နာရီခွဲ၊ (၁၀) နာရီမှ ပြန်ရောက်လေ့ ရှိ၏။ တခါတလေ သူငယ်ချင်းများနှင့် ဆုံဖြစ်နေသေးလျှင် ည (၁၁) နာရီ၊ (၁၂) လောက်မှ အိမ်ပြန်ရောက်တော့၏။

ယခင်က နေ့လည် နေ့ခင်းဖက် စာရေးထားပြီး ဖြစ်သဖြင့် ညဖက်ကို နောက်ကျထိ လည်နေ၊ အိမ်ပြန်မရောက်နေလည်း ရ၏။ သို့သော် ယခုအခါ နေ့ခင်း စာရေးချိန် မရှိတော့သဖြင့် ညဖက်တွင် စာရေးရတော့ မည် ဖြစ်၏။ ထို့ကြောင့် ခပ်စောစော ပြန်ရောက်နိုင်ဖို့၏။ ထိုသို့ မဟုတ်လျှင် ညအိပ်ချိန် နောက်ကျသွားနိုင်၏။ ကျနော်၏ အဓိက ပြဿနာက Time Management ဖြစ်၏။ အချိန် စီမံခန့်ခွဲနိုင်မှု အားနည်း၏။ အချိန်ဇယား ဆွဲထားလည်း လွဲလွဲသွားတာလေးတွေက ရှိနေသေး၏။ အဆိုးဆုံးက ည အိပ်ချိန် ဖြစ်၏။ သတ်မှတ်ထားသည့် အချိန်ထက် အမြဲ နောက်ကျမှ အိပ်ဖြစ်နေခြင်း ဖြစ်၏။

IMG_20181119_180654.jpg

နောက်နေ့တော့ အစောအိပ်မယ်ကွာ၊ အစောအိပ်မယ်ကွာ နှင့်ပဲ နေ့တိုင်း နောက်ကျနေတော့၏။ ဤအချက်ကတော့ မဖြစ်မနေ သေချာ ပြင်ဖို့ လိုနေသည့် အချက် ဖြစ်၏။ ညဖက် ကောင်းကောင်း အိပ်မှ၊ အိပ်ရေးဝထားမှ နောက်နေ့မှာ လန်းလန်းဆန်းဆန်းနှင့် အရာရာကို ကောင်းမွန် အောင်မြင်စွာ လုပ်ဆောင်နိုင်မည် မဟုတ်လား။ ထို့ကြောင့် အိပ်ရေး၀၀ အိပ်နိုင်ရေးသည် ကျနော်၏ ပထမဦးစားပေး ဖြစ်၏။ ထို့ကြောင့် ဒီနေ့လည်း အတန်းချိန် ပြီးတာနှင့် အိမ်ပြန်ဖို့ ပြင်လိုက်၏။ နေ့လည်က စာမရေးထားရသေးပေ။ သူငယ်ချင်းနှင့် ဆုံနေပါက ဒီထပ် ပိုပြီး အိမ်ပြန်ချိန် နောက်ကျသွားနိုင်၏။ သို့နှင့် အတန်း ပြီးသည်နှင့် အိမ်ပြန်ရင် ပြင်လိုက်၏။

ည (၈) နာရီမှ (၉) နာရီထိ သင်ပေးရသည့် အချိန်က one by one ဖြစ်၏။ ထိုကလေး အိမ်က ထမင်းဆိုင် ဖွင့်ထား၏။ အိမ်ဆိုသည်ထက် တိုက်ခန်း (ဆိုင်ခန်း) ဖြစ်၏။ နှစ်ထပ် ဆိုင်ခန်းပေါ့။ အောက်ထပ်က ထမင်းစား စားပွဲများ ရှိပြီး ကျနော်တို့က အပေါ်မှာ စာသင်ကြ၏။ ကျနော် ရောက်ချိန်ဆိုလျှင်တော့ ထမင်းဆိုင်က မရောင်းတော့ပေ။ ဆိုင်သိမ်းပြီ ဖြစ်၏။ သို့နှင့် ကျနော်လည်း အောက်ထပ်မှာ ဆိုင်ကယ်ထားပြီး အပေါ်မှာ စာသင်ပေါ့။ စာသင်ပြီး ဆိုင်ကယ်ထုတ်ပြီး အိမ်ပြန်ရန် ပြင်လိုက်၏။ ရှေ့ရက်များက သာသာယာယာ အေးအေးဆေးဆေး ထုတ်လို့ ရသည့် ဆိုင်ကယ် ဒီနေ့မှ ဘာဖြစ်သည် မသိ။ အမှန်တော့ ဆိုင်ကယ် ဖြစ်တာ မဟုတ်။ ကျနော် ဖြစ်ခြင်း ဖြစ်၏။

ဆက်ပါဦးမည်

Don Jaun

MSC 31

Sort:  

Congratulations! This post has been upvoted from the communal account, @minnowsupport, by Don Jaun from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

ဘာလိုဖြစ်တာပါလိမ့် ကိုဒွန်

Posted using Partiko Android

ဟုတ် နောက်တပိုင်း ဗျ

အပိုင်းရှည်တွေ ရေးနိုင်တာ စွန်းအားကျ

Posted using Partiko Android

ဒီလိုပဲကြံဖန်ရတာပေါ့

အနုပညာရှင်ကိုဒွန်ရဲ့ တစ်နေ့ တာပေါ့ဗျာ

Coin Marketplace

STEEM 0.17
TRX 0.16
JST 0.029
BTC 60936.63
ETH 2387.63
USDT 1.00
SBD 2.61