Me and Pet (Chapter 8)steemCreated with Sketch.

in #myanmar6 years ago

FB_IMG_1527335451652.jpg

ခွေးအမျိုးအစား များစွာ ရှိ၏။ အကုန်လုံးကိုတော့ ကျနော် မသိပေ။ အမျိုးအမည် နည်းနည်းလောက်ကိုသာ ကျနော် သိ၏။ ကျနော့် အနေနှင့်ကတော့ ခွေးကို (၂) မျိုး သာ ခွဲလို၏။ ခွေးကောင်းနှင့် ခွေးဆိုး ဖြစ်၏။ ထို့ပြင် ထို့ထက် ပိုပြီး ခွဲခြမ်းကြည့်ရလျှင် အားကိုးရသည့် ခွေးနှင့် အားမကိုးရသည့် ခွေးဆိုပြီး ခွဲလိုသေး၏။ ခွေးကောင်း ရှင်းပါသည် ကျနော် ပြောခဲ့၊ ရေးခဲ့ဖူးသည့် လက်ဖြူလို ခွေးမျိုးပေါ့။ ခွေးဆိုး ဒါကလည်း သိပ်ပြီး ပြောနေစရာမလိုပေ။ လက်ဖြူမှာ ရှိသည့် အရည်အချင်းများ မရှိပဲ ဆန့်ကျင်ဖက် အရည်အချင်းများ ရှိနေသည့် ခွေးမျိုး များပေါ့။

ခွေးကောင်း မဟုတ်ပေမယ့် ခွေးဆိုး စာရင်းထဲ ထည့်ရအောင်လည်း မဟုတ်သည့် ခွေးမျိုးများ ရှိသေး၏။ တခြား မဟုတ် ကြောင်တောင်တောင် ခွေးများ ဖြစ်၏။ ထိုကဲ့သို့သော ခွေးမျိုးများနှင့် ကျနော်တို့လို ဆိုင်ကယ် စီးသူများ မကြာခဏ ဆုံလေ့ ရှိ၏။ ဆိုင်ကယ်သမားတွေကို လိုက်လိုက်ဆွဲတဲ့ ခွေးတွေပေါ့။ ဆိုင်ကယ် တစီး ဖြတ်သွားတိုင်း ဘေးကနေ တ၀ုတ်ဝုတ်နဲ့ ဟောင်ပြီး လိုက်ဆွဲတတ်တဲ့ ခွေးတွေပေါ့။ ကျနော့် ကြည့်မရတဲ့ ခွေးမျိုးတွေလေ။ သူတို့ကြောင့် ဆိုင်ကယ် မှောက်သူတွေလည်း ရှိခဲ့ရဖူး၏။

ထိုကဲ့သို့သော ခွေးမျိုးများနှင့် ကျနော် မကြာခဏ ထိပ်တိုက်ဆုံလေ့ ရှိ၏။ ဆုံတိုင်းလည်း ကျနော်က ရှောင်၏။ ရှူး … ရှူး … ဟု မောင်းထုတ်ပြီး လှမ်းမဆွဲ၊ လှမ်းမကိုက်နိုင်အောင် ခြေထောက်လေး မပြီး အသာလေး မောင်းထွက်ခဲ့၏။ သို့သော် တချို့ညများ (နည်းနည်း မှန်နေသည့် ညများ) ဆိုလျှင်တော့ ထိုကဲ့သို့ လိုက်ဆွဲသည့် ခွေးများ တွေ့လျှင် ဆိုင်ကယ် ရပ်ပြီး လိုက်ရိုက်ခြင်း၊ ခဲနှင့် ထုခြင်းမျိုးကို လုပ်မိ၏။ ကျနောက်က နည်းနည်း သောက်ထားသည့် အချိန်သာ ထိုသို့ လုပ်ခြင်း ဖြစ်၏။ ကျနော့် သူငယ်ချင်း တယောက်ဆိုလျှင် သောက်သောက် မသောက်သောက် ထိုကဲ့သို့သော ခွေးများနှင့် တွေ့လျှင် ဆိုင်ကယ်ရပ်ပြီးတော့ကို လိုက်ရိုက်၊ လိုက်ထုတော့၏။

P81016-164223.jpg

သူက ဆိုင်ကယ်ကြီး (ဂီယာ၊ ကလပ် ဘီး) စီးသူ ဖြစ်နေသဖြင့် ထိုခွေးများကြောင့် ဆိုင်ကယ်မှောက်လျှင် အခြားသူများထက် ပိုပြီး အနာတရ ဖြစ်နိုင်၏။ ထို့ကြောင့် သူက ထိုမျှထိ အကဲဆတ်နေကြခြင်း ဖြစ်၏။ ထိုခွေးတွေကလည်း ထိုခွေးတွေပင်။ မြန်မာနိုင်ငံမှာ ပေါများလွန်းသည့် လမ်းဘေးခွေးတွေကြောင့် ယခုပြဿနာက ဘယ်တော့မှ မပျောက်၊ မပြေလည်သွားမည့် ကိစ္စတခု အဖြစ် ရှိနေတော့၏။ ညရေး ညတာ ဆိုင်ကယ်နှင့် သွားလာရသော သူများ အဖို့ ကားကြီး ကားငယ်များကို သတိထားနေရသည့် အပြင်၊ အနှီခွေးများကိုလည်း သတိထားနေရ၏။

ခွေးသည် လူကို အကျိုးပြုသည် မှန်သော်လည်း တခါတလေ ဒုက္ခပေးသည့်အခါမျိုးလည်း ရှိသည် မဟုတ်လား။ ကျနော့်ကို ငါးတွေ ခဏလောက် ကြည့်ထားပေးပါလားဟု ပေးဖူးသည့် သူငယ်ချင်း ယခု ခွေးမွေးထားသည် ပြော၏။ သူများ လက်ဆောင်ပေးထားသည် ဆို၏။ အထီး၊ အမ တစုံ ဖြစ်၏။ ခွေးက ခွေးမျိုးကောင်း ဖြစ်၏။ တသိန်း ကျော်သည် ဆို၏။ ထို ခွေးများ သူ့ အိမ်ရောက်တည်းက သူ့မှာ အလုပ်တခု ပိုလာတော့၏။

ဆက်ပါဦးမည်

Don Jaun

MSC 31

Sort:  

Congratulations! This post has been upvoted from the communal account, @minnowsupport, by Don Jaun from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

Coin Marketplace

STEEM 0.18
TRX 0.15
JST 0.028
BTC 62800.25
ETH 2449.72
USDT 1.00
SBD 2.57