Me and Pet (Chapter 7)steemCreated with Sketch.

in #myanmar6 years ago

FB_IMG_1527335451652.jpg

ငယ်စဉ်တုန်းကတော့ ရန်လုံဆိုသည့်အတိုင်း ခြံဝန်းကို သေသေချာချာလေး စောင့်ရှောက်ပေး၏။ သွက်လည်း သွက်၏။ ပျင်းရိပြီး အိပ်နေသည့်အချိန်ကား မရှိသလောက်ကို နည်း၏။ အမှန်တကယ်မှာတာ့ ရန်လုံမှာ ရန်ရှင်းဆိုသည့် အကို တကောင် ရှိ၏။ သို့သော် ထို ရန်ရှင်းမှာ အခြားသူများ ဖမ်းခေါ်သွားသဖြင့် သူတို့ ညီအကို ငယ်ငယ်ကတည်းက ကွဲသွားကြခြင်း ဖြစ်၏။ ရန်လုံလည်း တကောင်တည်း ဖြစ်သွား၏။ သို့သော် နောက်ပိုင်း ဘယ်ကမှန်း မသိသည့် ခွေးများကြောင့် သူလည်း အဖော်တွေ ရသွား၏။

နောက်ထပ် ခွေးများ သားပေါက်သည့် အချိန်ရောက်လျှင်တော့ မည်သို့ ဖြစ်ဦးမည် မသိပေ။ ၀န်းထဲတွင် ခွေးမက (၃) ကောင်တောင် ရှိသည် မဟုတ်လား။ ပြီး ခဲ့သည့် နှစ် သားပေါက်ချိန်တုန်းက ထို ခွေးမ (၃) ကောင်ကနေ ခွေးကလေးပေါင်း အကောင် (၂၀) ပေါက်ခဲ့သည် မဟုတ်လား။ ထိုခွေးမများကို တားဆေး ဖြစ်ဖြစ် ထိုးထားဖို့တော့ လိုပေလိမ့်မည်။ သို့မှသာ ခွေးဖောင်းပွမှုကနေ ကာကွယ်နိုင်မည် ဖြစ်၏။ ရန်လုံသာ မရှိတော့လျှင်တော့ မည်သို့ ဖြစ်မည် မသိသေးပေ။ ရန်လုံက လွဲလျှင် ကျန်ခွေးများသည် အပြင်လူမှ မဟုတ် ခြံဝန်းထဲမှာလူများကိုပါ ဟောင်ဟောင်နေသည်က ဆိုး၏။

ထို့ပြင် ညရေး ညတာဆိုလျှင်လည်း ထထပြီးတော့ အူသေး၏။ ဟောင်တာက တော်သေး၏ အူတာကြီးကတော့ အတော်လေးကို ဆိုးလှ၏။ တကောင်တည်း အူတာ မဟုတ်ပဲ (၄)၊ (၅)၊ (၆) ကောင် ၀ိုင်းပြီး အူတာဆိုတော့ တော်တော်လေးကို ဆူ၏။ ခုတလောတော့ သိပ်မအူကြပေ။ အူုလျှင်လည်း ကျနော်က ထပြီး ခြောက်လှန့် မောင်းထုတ်သောကြောင့်လည်း ပါမည်ထင်၏။ ပြောရလျှင် လက်ရှိ ၀န်းထဲတွင် ရှိနေသည့် မည်သည့်ခွေးနှင့်မျှ ကျနော် အစေးမကပ်ပေ။ သူတို့ကလည်း ထို့အတူပင် ဖြစ်မည် ထင်၏။ တခါတလေ အိမ်မှာ ပိုလျှံသည့် အစားအသောက်များကို ချကျွေးချိန်လောက်သာ ကျနော့်ကို သူတို့ အဖက်လုပ်၊ ကြည့်လို့ ရမည်ထင်၏။

P90205-233800.jpg

ငယ်စဉ်ကတည်းကနေ ခုချိန်ထိ (၂) ကြိမ်သာ ခွေးကိုက်ခံ ရဖူး၏။ (၄)၊ (၅) တန်း အရွယ်နှင့် တက္ကသိုလ် ကျောင်းသား ဘ၀ လောက်က ဖြစ်၏။ သိပ်ပြီးတော့ အပြင်းအထန်ကြီး ဒဏ်ရာ၊ အနာတရတော့ မဖြစ်၊ မရသွားပေ။ ဆေးလည်း မထိုးလိုက်ရပေ။ ခွေးအကြောင်း ဆိုလို့ ပြောရဦးမည်။ ညဖက် ကျနော်တို့ မကြာ ခဏ သွားထိုင်တတ်သည့် ဆိုင်မှ ခွေးများ အကြောင်း ဖြစ်၏။ ထိုဆိုင်မှာ ခွေး (၂) ကောင် ရှိ၏။ (၂) ကောင်လုံးက အလုံးအထည် ကောင်း၏။ အကျင့် ညဉ်လည်း ကောင်း၏။ ကျနော် သဘောအကျဆုံး အချက်မှာ အစာတောင်းသည့် ပုံစံလေး ဖြစ်၏။

အစာကို အခြား ခွေးများလို အမြီးနှံ့၊ အသံပေးပြီး မတောင်းပေ။ သူ၏ လက်ကလေးနှင့် လူကို လှမ်းလှမ်းတို့၊ လှမ်းလှမ်းကုတ်ပြီး တောင်းခြင်း ဖြစ်၏။ ရှိသည့် အရိုးလေးများ ချကျွေးလိုက်လျှင် ငြိမ်ငြိမ်လေးနှင့် စား၏။ သူ စိတ်ကျေနပ်သွားလျှင်တော့ ထပ်မတောင်းပဲ အသာလေး ထွက်သွား၏။ မ၀သေး၊ မကျေနပ်သေးလျှင်တော့ လက်တို့ပြီး ထပ်တောင်း တက်၏။ အစတောင်းကတည်းက လက်တို့ပြီး တောင်းခြင်း မဟုတ်ပေ။ သူ့သူ ၀ိုင်းတွေအနား လာရင်း စောင့်နေခြင်း ဖြစ်၏။ ချကျွေးပြီးနောက်ပိုင်းမှ တောင်းခြင်း ဖြစ်၏။ မကျွေးလျှင်လည်း အတွန့်တက်ပြီး ဘာမှ ထပ်မလုပ်ပေ။ ကုန်ပြီနော်ဟု ပန်းကန်လေးကို ခါပြလျှင်လည်း အသာလေး ထွက်သွားတတ်၏။

ဆက်ပါဦးမည်

Don Jaun

MSC 31

Sort:  

အိမ်မွေးတိရစ္ဆာန်တွေထဲမှာ ခွေးကို အကြိုက်ဆုံးပဲ...

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 62956.16
ETH 2588.54
USDT 1.00
SBD 2.74