Me and Pet (Chapter 2)steemCreated with Sketch.

in #myanmar5 years ago

FB_IMG_1527335451652.jpg

ငါးခဏ မွေးကြည့်တော့ မမွေးခင်က သိပ်အလုပ် မပိုဘူး ထင်ပေမယ့် တကယ့်တကယ်ကြပြန်တော့လည်း အလုပ်ပို ပြန်တာပါပဲလေ။ ကြောင် အကြောင်းကို ပြန်ဆက်ရပေမည်။ ကြောင်များနှင့် အမှတ် တရပေါ့။ ပထမ အမှတ် တရကတော့ သူငယ်ချင်း အိမ်က ကြောင်များနှင့် ဖြစ်၏။ ငါးများ မွေးဖို့ ပြောသည့် သူငယ်ချင်း ဖြစ်၏။ ထိုနေ့က ကျနော်တို့ ညောင်ရွှေ သွားစရာ ရှိ၏။ ကားနှင့် သွားမည် ဖြစ်သဖြင့် သူ့အိမ်မှာ ဆိုင်ကယ်ထားခဲ့၏။ သူငယ်ချင်း၏ ကားနှင့် သွားကြခြင်း ဖြစ်၏။ ပြန်ရောက်တာ့ ကျနော့် ဆိုင်ကယ် ဖင်ထိုင်ခုံက အပေါက်လေးများနှင့် ဖြစ်နေပြီ ဖြစ်၏။

သူငယ်ချင်း အိမ်မှ ကြောင်များ၏ လက်ရာမြောက် ပြုလုပ်ချက် ဖြစ်၏။ အတော်လေးကို ဆိုး၏။ တော်တော်လေးလည်း ပေါက်ကုန်၏။ သို့နှင့် နောက်ရက် ဖင်ထိုင်ခုံ ပြန်သွား ချုပ်ရ၏။ နောက်နောင် သူငယ်ချင်း အိမ်မှာ လုံးဝ ဆိုင်ကယ် မထားတော့ပေ။ မထားသည်မှ ခဏ တဖြုတ်လေးတောင် မထားတော့ ခြင်း ဖြစ်၏။ ဖင်ထိုင်ခုံ ပြန်ချုပ်ရသည်ကား (၆၀၀၀) လောက် ကုန်သည် မဟုတ်လား။ နောက်ထပ်များ ထပ်ချုပ်ရလျှင် တသောင်းကျော်လောက် ကုန်သွားနိုင်၏။ ထိုစဉ်က ပိုက်ဆံ (၆၀၀၀) က အတော်လေး များ၏။

နောက်တခေါက်က လက်ဖက်ရည်ဆိုင်မှာ ဖြစ်၏။ သူငယ်ချင်း တယောက်နှင့် လက်ဖက်ရည် သောက်မည် ချိန်းထားသဖြင့် လက်ဖက်ရည်ဆိုင်သို့ ထွက်လာခဲ့ခြင်း ဖြစ်၏။ သူငယ်ချင်းက မရောက်သေး။ ကျနော်က အရင် ရောက်နေခြင်း ဖြစ်၏။ မှာစရာ ရှိတာ မှာပြီး သူငယ်ချင်းကို စောင့်နေလိုက်၏။ တအောင့်နေတော့ သူငယ်ချင်း ရောက်လာ၏။ ထိုင်ခုံလေးကို စွဲယူပြီးနောက် ဘော်ဒါ ခင်ဗျား ဆိုင်ကယ်မှာ ကြောင်တကောက် ထိုင်နေတယ်။ အမ် … ကျနော် ချက်ချင်း ခေါင်းထောင်သွား၏။ ရပ်ထားသည့် ဆိုင်ကယ်နား အပြေးလေး သွားလိုက်၏။ သူငယ်ချင်းကလည်း အတော် နောက်သည့်သူ ကြောင်ကို မမောင်းပေးခဲ့ပေ။

P81016-164223.jpg

ဆိုင်ကယ်နား ကျနော် ရောက်တော့ ကိုရွှေကြောင်က ဆင်းပြေးသွား၏။ သွားပြီ ဖင်ထိုင်ခုံမှ အပေါက်လေးများက ကျနော့်ကို ပြုံးပြနေ၏။ ပြုံးသည်မှ အားရပါးရကြီးကို ပြုံးပြ နေခြင်း ဖြစ်၏။ လက်ဖက်ရည် သောက်ပြီးနောက် ဖင်ထိုင်ခုံ ချုပ်သည့် ဆိုင်သို့ သွားရ ပြန်၏။ နောက်တကြိမ်က ကျနော့် ကျူရှင်အိမ်မှာ ဖြစ်ခြင်း ဖြစ်၏။ ကျူရှင် အိမ်ရှင် မွေးထားသည့် ကြောင်များ ဖြစ်၏။ ပြောနေစရာ မလိုပေ။ ရပ်ထားသည့် ကျနော့် ဆိုင်ကယ် ဆိုဖာ ထိုင်ခုံမှာ အပေါက်လေးများနှင့် လှသွားပြန်ပြီပေါ့။ ဒီတကြိမ်မှာတော့ ချက်ချင်း သွား ပြန်မချုပ်နိုင်ပေ။ အပေါက်တွေက သိပ်ပြီးလည်း မကြီးနေသောကြောင့် ဖြစ်၏။

သို့သော် မိုးတွင်း ဖြစ်နေသဖြင့် ထို အပေါက်လေးများထဲသို့ ရေ၀င်ပြီး ထိုင်ချိန်တွင် ဖင်ရေစိုပြီး ကွက်နေတော့၏။ သို့နှင့် တပတ်လောက်နေတော့ သွားပြန်ချုပ်ရတော့၏။ ထိုကြောင်းကို ကျူရှင် အိမ်ရှင်ကို ပြောပြတော့ ကြောင်တွေက အဲ့လိုပဲတဲ့။ ထိုင်ခုံကို ထောင်ထားလိုက်လေတဲ့။ အိမ်က ဆိုင်ကယ်တွေကိုလည်း အဲ့လိုပဲ လုပ်ထားရတယ်တဲ့။ မှတ်တောင် ထားရဦးမည် အဲ စိတ်မကောင်းလိုက်တာဟုတောင် မပြောပဲ။ ဒီကောင်တွေက အဲ့လိုပဲ နောက်ဆို ဆင်ခြင်ပေါ့ ဆိုသည့် အပေါက်မျိုး။ ကျနော်လည်း ထိုအချိန် ကတည်းက ဆိုင်ကယ် ဖင်ထိုင်ခုံကို လှန်ထားခဲ့သည်မှာ ယခု အချိန်ထိပင် ဖြစ်၏။ တခါတလေတော့ တွေးမိ၏။ ကြောင်များသည် အဘယ်ကြောင့် ကျနော့် ဆိုင်ကယ်ကိုမှ ရွေးပြီး ချစ်ကြ သနည်းပေါ့။

ဆက်ပါဦးမည်

Don Jaun

MSC 31

Sort:  

Congratulations! This post has been upvoted from the communal account, @minnowsupport, by Don Jaun from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

ကိုယ်တော့ တိ မွေးတာ ဝါသနာပါဘူး😁

Posted using Partiko Android

အလှမွေးတော့ ဒုက္ခတွေ့မပေါ့😁😁😁

Posted using Partiko Android

ဟုတ်ပ

ကျုပ်တို့လည်း တိရစ္ဆာန်မွေးတာ ဝါသနာပါဘူး

မမွေးတာပဲ ကောင်းတယ်

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.032
BTC 61662.20
ETH 3059.04
USDT 1.00
SBD 3.84