Magisk's Module (Chapter 3)

in #myanmar4 years ago

85ptci.jpg

Magisk module တွေအကြောင်း ဆက်ပါဦးမည်။ တနေ့က viper4 အကြောင်းလေး ပြောပြီးနောက် ဒီနေ့မှာတော့ အခြား အသုံးဝင်သည့် module တခု အကြောင်း ဆက်ပါဦးမည်။ အခြား မဟုတ်၊ YouTube Vanced black themed module ဖြစ်၏။ သာမန် YouTube app အတိုင်းသာ ဖြစ်၏။ ဒါပေမယ့် သူ့မှာ ထူးခြား တာက down load လုပ်လို့ ရ၏။ official YouTube app ကား တိုက်ရိုက် download လုပ်ခွင့် မပေးပေ။ YouTube app မှ video များ download လုပ်လိုလျှင် အခြား third party app ကနေ download လုပ်ယူမှ ရ၏။ ဒါကတော့ app တင် မဟုတ် PC browser ကနေလည်း တိုက်ရိုက် download လုပ်ယူလို့ မရပေ။ IDM လို third party software တွေနှင့်မှ download လုပ်လို့ ရ၏။

ယခု module က ထို တိုက်ရိုက် download လုပ်မရသည့် ကိစ္စကို ဖြေရှင်းပေးလိုက်၏။ download မှာတောင် Quality တွေ စိတ်ကြိုက် ရွေးချယ်ပြီး download လုပ်လို့ ရသေး၏။ ထို့ပြင် YouTube မှ video များကို ကြည့်နေရင်းနှင့် အခြား app ထဲ ဝင်စရာ၊ သုံးစရှိလို့ ပြန်ထွက်လိုက်လျှင်တောင် phone ၏ home screen ပေါ်မှာ အဆိုပါ လက်ရှိ ကြည့်နေသည့် video ကို ပြသပေးသေး၏။ ကြည့်လို့ ရသေး၏။ မကြည့်ချင်မှသာ ထို video ကို ထောက်ပြီး phone screen ၏ အောက်ခြေသို့ အသာလေး ဆွဲထည့်လိုက်ရုံပင် ဖြစ်၏။ တကယ့်ကို သုံးလို့ အဆင်ပြေလှ၏။

0by1ay.png

မိမိ၏ Gmail account နှင့်လည်း တပါတည်း ချိတ်ဆက်ထားလို့ ရသေး၏။ အချို့ video များမှ ကြော်ငြာများကိုလည်း ပိတ်ထားပေးသေး၏။ ထို့ပြင် အဆိုပါ YouTube app မှာ ခု ခေတ်စားနေသည့် Dark Mode လည်း အသုံးပြုလို့ ရသေး၏။ app ၏ setting ထဲမှာ dark theme ကို တပါတည်း ထည့်ထားပေး၏။ ထိုအချက်ကလည်း တကယ့်ကို သဘောကျစရာပင်။ မိမိ Upload တင်လိုသည့် video quality များလည်း ရွေချယ်လို့ ရသေး၏။ download မှာလိုပဲပေါ့။

ထို app ကို သုံးမည် ဆိုလျှင် တခုတော့ သတိထားရ၏။ လက်ရှိ version ကို Update မတင်ဘဲ အသုံးပြုရမည် ဖြစ်၏။ မတော်တဆ update လုပ်လိုက်လျှင် အထက်က ပြောခဲ့သည့် feature များကို အသုံးပြုလို့ မရတော့ပေ။ နဂို official YouTube app အတိုင်း ဖြစ်သွားမည် ဖြစ်၏။ ထို့ကြောင့် auto update ကိုတော့ ပိတ်ထားဖို့ လိုမည် ဖြစ်၏။ အဆိုပါ Module ကို magisk ကနေလည်း သွင်းလို့ ရသလို၊ အခြား နည်းလမ်းနှင့်လည်း သွင်းယူလို့ ရ၏။ phone က root မလုပ်ထားလျှင်တောင် သွင်းလို့ ရ၏။ စမ်းသပ် အသုံးပြုကြည့်ပေါ့။

ဆက်ပါဦးမည်

Don Jaun

MSC 31

Sort:  

စိတ်ဝင်စားတယ်ဗျ။ ဘယ်လိုသွင်းရမလဲ ဆိုတာ ပြောပြပါဦး။

Hote.
Root မရှိရင် ဒီ မှာရေးထားတဲ့ အတိုင်း လုပ်ကြည့်ပါဗျ။

https://m.facebook.com/story.php?story_fbid=2843290485691531&id=100000318224325

Coin Marketplace

STEEM 0.31
TRX 0.11
JST 0.034
BTC 64140.77
ETH 3133.36
USDT 1.00
SBD 4.15