Magisk's Module (Chapter 1)

in #myanmar5 years ago

85ptci.jpg

MIUI 10 ဆင်းထားလိုက်ပြီ ဖြစ်၏။ Magisk သွင်းထားပြီးတော့ လန်းနေပြီ ဖြစ်၏။ ကြုံတုန်း magisk အကြောင်းကို ဖောက်သည်ချလို၏။ magisk ဆိုသည်မှာ အမှန်တော့ root ပင် ဖြစ်၏။ ဒါပေမယ့် ယခင်တုန်းက နာမည် ကြီးခဲ့သည့် super user (su) root နှင့်တော့ မတူပေ။ su က system ပိုင်းအထဲထိ ပြောင်းလဲ ပစ်ပြီးမှ root ခြင်း ဖြစ်၏။ magisk ကတော့ ထိုသို့ မဟုတ်ပေ။ system ပိုင်းကို မထိသည့် systemless root မျိုး ဖြစ်၏။ boot file လောက်လေးကို ပြင်ပြီးတော့သာ root လုပ်ပေးလိုက်ခြင်း ဖြစ်၏။ ထို့ကြောင့် unroot ပြန်လုပ်ချင်လည်း အလွယ်လေးပင် ဖြစ်၏။

su နှင့် root ထားလျှင် firmware update (otg update) တိုက်ရိုက် တင်လို့ မရပေ။ firmware သီးသန့် down ပြီးမှ fastboot ကနေသော်လည်းကောင်း၊ recovery ကနေသော်လည်းကောင်း တင်မှ ရ၏။ data တွေ ပျက်မည် ဖြစ်၏။ magisk root ကတော့ ထိုသို့ မဟုတ်ပေ။ root ရှိသော်လည်း update တင်လို့ ရ၏။ otg update ကို phone update setting ကနေကို တိုက်ရိုက်တင်လို့ ရ၏။ data တော့ မပျက်ပေ။ magisk တော့ ပျောက်သွားမည် ဖြစ်၏။ ပျောက်သွားလည်း magisk က ပြန်သွင်းလို့ လွယ်၏။

wosesz.png

ခုနောက်ပိုင်း ထွက် phone တွေမှာတော့ magisk root ပါ မပျောက်ဘဲ firmware update တင်လို့ ရနေပြီ ဖြစ်၏။ ဒါက magisk ၏ များပြားလှစွာသော အားသာချက်တွေထဲမှ တခု ဖြစ်၏။ အခြား magisk ၏ အားသာချက်တွေကတော့ Module တွေ download ဆွဲပြီး install လုပ်ကာ အသုံးပြုလို့ ရခြင်း ဖြစ်၏။ ပြောရလျှင် xposed framework နှင့် ဆင်တူသည်ဟု ပြောလို့ရ၏။ (Xposed အကြောင်းကိုလည်း နောက်များ ကြုံကြိုက်လျှင် သိသလောက် လေး ပြောပြပါဦးမည်) မိမိ သဘောကျသည့် app တွေ၊ theme တွေ၊ အခြား အခြားသော လုပ်ဆောင်ချက်တွေကို ထည့်သွင်း အသုံးပြုလို့ရ၏။

ယခင် Magisk ကို မသိခင်၊ မသိခဲ့တုန်းက su နှင့် root ပြီး xposed သွင်းခဲ့ရခြင်း ဖြစ်၏။ xposed က နည်းနည်း တိုင်ပတ်၏။ အခန့်မသင့်လျှင် firmware dead သွားနိုင်၏။ boot မှာတင် လည်သွားနိုင်၏။ ထိုစဉ်တုန်းကတော့ အရဲကိုး၊ အရဲစွန့်ပြီး xposed ကို သွင်းပြီး ကလိခဲ့ဖူး၏။ နောက်ပိုင်းမှာတော့ မသုံးဖြစ်တော့ပေ။ su နှင့် root ပြီး အခြား အရာတွေကိုသာ စမ်းသပ်ပြီး သုံးဖြစ်ခဲ့၏။ viper4Android FX ဖြစ်၏။ အသံပိုင်းနှင့် ပတ်သက်ပြီး လုံး၀ ပြောင်းလဲ ပေးလိုက်သည့် app ဖြစ်၏။

Don Jaun

MSC 31

Coin Marketplace

STEEM 0.18
TRX 0.16
JST 0.031
BTC 60180.20
ETH 2604.17
USDT 1.00
SBD 2.54