လိပ်ပြာ သန့်စေချင်

in #myanmar8 years ago

FB_IMG_1498534182631.jpg

တလောက Facebook မှာ အကြောင်းအရာလေး တခု ဖတ်လိုက်ရ၏။ အိမ်ရှင်မ တဦး၏ ဈေးဝယ်ရင်း ကြုံတွေ့ရသည့် ဖြစ်ရပ်လေးကို ပြန်လည် ပြောပြထားခြင်း ဖြစ်၏။ အတိုချုံး၍ပြောပြလို၏။

မနက်ဖက် သူမ ဈေးသုံးရင်း ပိန္နဲကွင်း ဖွေးဖွေး သန့်သန့်လေးတွေ တွေ့တော့ ချက်စားရန် အနည်းငယ်တော့ ၀ယ်ဦးမည် တွေးလိုက်၏။ ထို့နောက် ရေဇလုံထဲ စိမ်ထားသော ပိန္နဲကွင်းများကို ကိုယ်တိုင် ရွေးပြီး ဆယ်ယူကာ ချိန်တွယ်ပြီး ၀ယ်လိုက်၏။ ပိုက်ဆံ ရှင်းပြီးနောက် အခြား လိုအပ်သည်များကို လိုက်လံ ကြည့်ရှု ၀ယ်ယူပါတယ်။ အဲ့အချိန်မှာပဲ သူမရဲ့ လက်တဖက်ဟာ တော်တော်နီပြီး ယားလာပါတော့တယ်။ ထိုလက်က ခပ်စောစောက ပိန္နဲကွင်း ဆယ်ယူခဲ့တဲ့ လက်ပါ။ သူမလည်း ဒီလက်က ဘယ်လိုများ ဖြစ်တာလဲလို့တော့ တွေးမိသေးတယ်။ ဟိုဟို ဒီဒီ ကြည့်နေရင်း အစောက သူမ ၀ယ်ခဲ့သည့် ပိန္နဲကွင်း ရောင်းသည့် ကုန်စိမ်းသည်နား ပြန်ရောက်လာပါတယ်။

အထွေအထူးမဟုတ်ပဲ သူမက ထို ဈေးသည်ကို လှမ်းကြည့် လိုက်ပါတယ်။ ထိုသူက ပိန္နဲသီးတွေ ခွဲပြီး အခွံနွှာနေပါတယ်။ သူမ ကြည့်နေသည့် အချိန်အတွင်းမှာပဲ ထိုသူက ပိန္နဲကွင်း နည်းနည်းသာ ကျန်တော့တဲ့ ရေဇလုံထဲကို Style အစွန်းချွတ်ဆေး တထုပ် ဖောက်ထည့်ပြီး မွှေလိုက်ပါတော့တယ်။ ထိုအခါမှ သူမလည်း မိမိလက် နီရဲပြီး ယားယံ ရသည့် အကြောင်းအရင်းကို ကောင်းစွာ သဘောပေါက်သွားပါတော့တယ်။ ထို့နောက် သူမလည်း ဈေးခေါင်းရုံး သွားပြီး ဖြစ်စဉ်များကို ရှင်းလင်းပြောကြားပြီး ပြန်လာခဲ့ပါတယ်။ နောက်ဆက်တွဲ အဖြစ် သူမက စားသုံးသူများကို သတိထား ၀ယ်ယူကြဖို့ တိုက်တွန်းထားပါတယ်။

Fresh_veggies-f3e4c6cf-56f2-3790-ac9d-275933b244e4.jpg
photo from ZEDGE

ထိုကဲ့သို့သော ဖြစ်ရပ်များသည် မကြာမကြာ မြင်တွေ့နေရသည့် ကိစ္စရပ် တခု ဖြစ်၏။ တချို့ မိသားစုလိုက် အစာအဆိပ်သင့်ပြီး သေဆုံးကြရသည့် အခြေအနေမျိုးလည်း ရှိ၏။ အလွန်ပဲ ၀မ်းနည်းဖို့ကောင်း၏။ လူ့အတ္တကပဲ လူ့အသက်တွေကို ချွေယူသွားခြင်း ဖြစ်၏။ မိမိ အတွက်သာ ကြည့်ပြီး တဖက်သား ဘာဖြစ်ဖြစ် ဘယ်သူသေသေ ငတေမာ ပြီးရော စိတ်ဓါတ်မျိုး ဖြစ်၏။ ဟင်းသီး ဟင်းရွက်မှ မဟုတ် အခြား အခြားသော စားသောက်ကုန် ပစ္စည်းများ၊ လူသုံးကုန် ပစ္စည်းများတွင် စားသုံးသူများ၊ သုံးစွဲသူများကို အန္တရာယ် ဖြစ်စေသည့် အရာများ၊ အချက်အလက်များ သိသိသာသာ တမျိုး၊ မသိမသာ တဖုံ ပါဝင်နေပြန်၏။ တချို့ တချို့သော လောဘ သမားတို့ကြောင့် မဖြစ်သင့်သည်များ ဖြစ်ကြရ၏။ မိမိ အကျိုးအမြတ်ရဖို့၊ အကျိုးရှိဖို့ ငရဲမကြောက်၊ ထောင် မကြောက် အကုသိုလ်များ အလုံးအရင်းနဲ့ကို အ၀င်ခံကြ၏။ ထိုနည်းဖြင့် ရှာဖွေလို့ ရသော ပိုက်ဆံကို လိပ်ပြာသန့်သန့် သုံးစွဲ ရဲသော စိတ်ဓါတ်များကို ကျတော် အလွန်ပဲ အံ့သြမိ၏။ မိမိရောင်းသည့် အသီးအရွက်၊ စားသောက်ကုန်များကို မိမိ ပြန်လည် စားသုံး ရဲပါ၏လော။

လူ့အသက်ထက် မိမိလောဘက သာ၍ အဖိုးတန်ပါ၏လော။ အရေးပါနေပြီလော။ အတ္တ ဗဟိုပြုလွန်းနေသရွေ့တော့ ထိုမျိုးနွယ်စု၊ ထိုလူမျိုး၊ ထိုတိုင်းပြည် တိုးတက်ဖို့ ဝေးပါသေး၏။ ကျတော် (၁၀) တန်းတုန်းက Chemistry သင်ပေးသော ဆရာ၏ စကားလေးကို သွား သတိရ၏။

“ ငါတို့ ငယ်တုန်းကနဲ့ မတူတော့ဘူးကွ။ ခုနေများ ဈေးသွားလိုက်ရင် အသီးအနှံတွေ အရွက်တွေက လှပပြီး စားချင်စရာလေးတွေကို ဖြစ်လို့။ အေးလေ ဘယ်လောက်တောင် ဓါတု ပစ္စည်းတွေ သုံးထား သလဲ မှ မသိပဲ။ တချို့တလေကတော့ သဘာဝအတိုင်းပါ။ ဒါပေမယ့် အဲ့တာကလည်း သိပ်ကို ရှားတယ်။ မရှိသလောက်ကို နည်းတာ။ ခုချိန် ဈေးသွားလို့ ပိုးထိုးနေတဲ့ အသီးအရွက်လေးများ တွေ့ရင် ဈေးမဆစ်နေပဲ တခါတည်းသာ ၀ယ်လိုက်ကွာ။ ပိုးထိုးနေတယ်ဆိုတော့ ဓါတုဆေးလွတ်တာပေါ့ကွာ ”

Don Jaun

MSC 31

Sort:  

ဟုတ်ကဲ့... ကျွန်တော်လည်း ပိုးထိုးထားတာပဲ လိုက်ရှာဝယ်တော့မယ်

စလုံးမှာပိုးထိုးထားတဲ့ အရောင်းဆိုင်လေးရှိရင်ညွန်ပါအုံးကိုဟင်😂😂😂

စလုံးမှာတော့ ရှာမနေပါနဲ့တော့ အကိုရယ်
လိုချင်ရင် ဒီကနေ ပို့ပေးလိုက်မယ်။
တခုပဲ ဟိုရောက်ရင် အရွက် မကျန်လောက်တော့ဘူးရယ်။ ပိုးစားပြီးသွားလို့ ...
😂

Thr whole article isnt showing.
Nice vegetables tho.
Kindly upvote

Thank you.
That is because of font style.
The article is written by Myanmar language.

ကျနော့်အမေက ပြောဘူးတယ် အခုခေတ် အသီးအနှံဝယ်ရင် ပိုးကောင်ပါမှ ၀ယ်ပါတဲ့။

ဟုတ်ပ

ခုဆိုမြို့စိုက်ခင်းတွေတင်မကတော့ဘူး
ကျေးလက်ရွာအထိ
ဓါတုပစ္စည်း ပိုးသတ်ဆေး မှိုသတ်ဆေး အကုန်ရောက်နေပီဆိုတော့
လွယ်တော့ မလွယ်တော့ဘူး
အန္တရာယ်ပိုများလာပီ

အင်းဗျာ ....
စိတ်မချရတော့ဘူး ပေါ့။

Congratulations! This post has been upvoted from the communal account, @minnowsupport, by Don Jaun from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

this is good post. in our country food control department is also eating all this as well.

Thank Bro San Lin

ဗဟုသုတ ရပါတယ်​ ​ကျေးဇူးပါအကို

I'm also thank you for your support.

Me too brother.

Coin Marketplace

STEEM 0.04
TRX 0.33
JST 0.102
BTC 65597.28
ETH 1925.05
USDT 1.00
SBD 0.38