Link2SD

in #myanmar5 years ago

85ptci.jpg

ဒီနေ့တော့ app လေး တခု အကြောင်းကို မိတ်ဆက်ပေးလို၏။ အမှန်တော့ ထို app ကို ယခင် Phone တွေမှာတုန်းက အသုံးပြုခဲ့ဖူး၏။ တိတိကျကျ ပြောရလျှင် ပထမဆုံး ကိုင်ဖူးခဲ့သည့် Huawei U8825D လေးမှာ သုံးဖြစ်ခဲ့ခြင်း ဖြစ်၏။ sony M4 မှာလည်း သုံးဖူး၏။ သို့ပေမယ့် sony မှာတော့ ထို app အစား သူနှင့် အမျိုးအစား တူသည့် အခြား app လေးကိုသာ အသုံးများခဲ့၏။ phone အတွင်း internal memory နည်းသူ၊ system app များကို uninstall လုပ်လိုသူ၊ freeze လုပ်လိုသူများအတွက် အသုံးဝင်လှ၏။ app နာမည်က Link2SD ဖြစ်၏။

ထို app က free version နှင့် plus (paid) version ဆိုပြီး (၂) မျိုးထွက်၏။ free မှာတော့ function သိပ်မဆုံပေ။ plus version မှာတော့ ပိုပြီး ဆုံ၏။ plus version ကို play store မှာ ဝယ်ယူပြီး အသုံးပြုနိုင်၏။ ယခင် သုံးခဲ့ဖူးသည့် U8825D phone က memory အတော်လေး နည်း၏။ ထို့ကြောင့် အချို့ size အတန်ကြီးသည့် ဂိမ်းမျိုး၊ app တွေဆို run မရတော့ပေ။ ထို့ပြင် internal memory ပြည့်လာတော့ phone က သိပ်မသွက်တော့ပေ။ အနည်းငယ် လေးသလို၊ ဟမ်း သလို ဖြစ်တတ်၏။ ထိုအခက်အခဲ၊ အဆင်မပြေမှုတွေကို link2SD app က ဖြေရှင်းပေး၏။

5cprat.png

ထို app ကို အသုံးပြုဖို့ Phone မှာ root ရှိဖို့လို၏။ ခု mi cc9 လေးမှာ Internal memory များပေမယ့် တချို့ system app များကို ကျနော် သိပ်မကြိုက်လှပေ။ ထို့ပြင် သုံးလည်း မသုံး ဖြစ်ပေ။ ဆိုးတာက system app တွေ ဖြစ်နေတော့ uninstall က လွယ်လွယ်နှင့် လုပ်မရပေ။ ထို့ကြောင့် ဒီနေ့မှ အဆိုပါ Link2SD လေးကို ပြန်သတိရသွားခြင်း ဖြစ်၏။ ကျနော်က magisk root ရှိထားပြီးပြီ ဖြစ်သဖြင့် အဆိုပါ app ကောင်းကောင်း အလုပ်လုပ်၏။ သိပ်မသုံး ဖြစ်သည့် system app တွေကို freeze လုပ်ထားလိုက်၏။ လုံးဝကြီး uninstall တော့ မလုပ်ထားပေ။ firmware update တင်လိုက်လျှင်လည်း အဆိုပါ app တွေက ပြန်ပါလာဦးမှာပင် ဖြစ်၏။ ထို့ကြောင့် freeze လောက်သာ လုပ်ထားလိုက်၏။

freeze လုပ်လိုက်ခြင်းဖြင့် ထို app တွေကို မိမိ phone app drawer list ထဲမှာ တွေ့မြင်ရတော့မှာ မဟုတ်ပေ။ ထို app နှင့် ပတ်သက်သည့် notification တွေကိုလည်း တွေ့မြင်ရတော့မည် မဟုတ်ပေ။ တကယ့်ကို freeze ဆိုသည့် အတိုင်း လုံးဝကို freeze ထားလိုက်ခြင်း ဖြစ်၏။ Link2SD app ထဲ ပြန်ဝင်ပြီး unfreeze ပြန်လုပ်မှာသာ အသုံးပြုလို့ ရမည် ဖြစ်၏။ တကယ့်ကို အဆင်ပြေလှ၏။ ကျနော်တို့လို china rom သုံးသူတွေအဖို့ ကိုယ်မကြိုက်သည့် china app တွေကို freeze ထားလို့ ရပြီ ဖြစ်၏။ အဆိုပါ Link2SD နှင့် အခြား လုပ်ဆောင်လို့ ရသည့် အရာများလည်း ရှိသေး၏။ စမ်းသပ် သုံးစွဲကြည့်ပါဟု အကြံပြုလိုက်ရပါ၏။

Don Jaun

MSC 31

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work!
Dear reader, Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.me/esteem

Coin Marketplace

STEEM 0.16
TRX 0.17
JST 0.029
BTC 69701.45
ETH 2509.99
USDT 1.00
SBD 2.56