Keep DreamingsteemCreated with Sketch.

in #myanmar6 years ago

FB_IMG_1527335451652.jpg

ခုတလော အနားရချိန်၊ အားချိန် နည်းလာ၏။ ဆယ်တန်း စာမေးပွဲက နီးလာပြီ မဟုတ်လား။ ထို့ကြောင့် ကျူရှင်ဆရာ ဖြစ်သော ကျနော့်အဖို့ နားချိန်၊ အားချိန်လည်း နည်းလာတော့၏။ ထို့ကြောင့်ပင် ပိုစ့် ရေးဖို့ကိုလည်း မနည်းအချိန်လုရတော့၏။ ပိုစ့်က မရေးလို့ မဖြစ်၊ ထို့ကြောင့်ပင် နားချိန်ထဲက ဖဲ့ပြီး ရေးရတော့၏။ ယခင်ရက်များက နေ့လည်ခင်း ကလေးများကို စာကျက်ခိုင်းထားချိန်၌ စာရေးလို့ ရသေး၏။ ယခုအခါ ထိုအချိန်တွင် စာမကျက်ခိုင်းတော့ပဲ စာသင်ပေးရတော့မည် ဖြစ်သဖြင့် စာရေးလို့ မရတော့ပေ။ သို့နှင့် ညနေ (၄) နာရီနှင့် (၇) နာရီကြားတွင်သာ စာရေးရတော့မည် ဖြစ်၏။

ထိုအချိန်ကလည်း လာမည့် တပတ်လောက်ထိသာ ရမည့် ပုံဖြစ်၏။ နောက်ပိုင်းဆိုလျှင် ညဖက် ကျူရှင် ပြန်လာပြီးမှ ရေးရတာ့မည် ဖြစ်၏။ မတ်လအထိတော့ အချိန်ကို မရမက ရှာကြံပြီး ရေးမှ ရမည် ဖြစ်၏။ ဤသို့ ပြောနေခြင်းသည် ကျနော် အလုပ်တွေ မတရား ရှုပ်နေပါတယ်ဟု ပြောလိုခြင်းထက် အချိန်နည်းနည်းနည်းပဲ ရတာကိုတောင် စာရေးခြင်း၊ ပိုစ့်တင်ခြင်း အမှုကို မရပ်လိုခြင်းကို သိသာစေလိုခြင်း ဖြစ်၏။ အမယ်လေးကွာ ဈေးတွေ ဒီလောက် ကျနေတာကို မင်းမလို့ အဲ့လောက်ထိကြီး ရေးချင်နေရတယ်လို့ ဟု ဆိုချင်စရာ ရှိ၏။

ဟုတ်တော့လည်း ဟုတ်ပါသည်။ သို့သော် ကိုဟင် ပြောခဲ့တာလေးကိုတော့ မမေ့လိုစေချင်ပေ။ ဈေးကျနေတုန်းပဲ စုလို့ ရမှာ ဈေးတက်သွားရင် စုဖို့ မလွယ်တော့ဘူးနော့် ဆိုသည့် စကားပင်။ ထို့ပြင် နောက်ဆက်တွဲ စကား ဖြစ်သည့် ဈေးမတက်မှာကို မပူနဲ့ မိမိလက်ထဲ Steem Power ထိုက်သင့်သလောက် မရှိမှာကိုပဲ ပူ ဆိုသည့် စကား ဖြစ်၏။ ယနေ့အချိန်ထိ ကျနော် တကုတ်ကုတ် မဆုတ်မနစ် စိတ်မပျက်ပဲ ရေးနေသည်မှာ ကိုဟင်၏ ထိုစကား တို့ကြောင့် ဖြစ်၏။ ထို့ပြင် ကျနော်၏ နဂို ဗီဇကကို စာပေ ရေးသားခြင်း၌ ၀ါသနာထုံသောကြောင့် ဖြစ်၏။

1_G2WAemZCqwmJ8O1sIaknKA (1).png
photo from Google

ကိုဟင်နှင့် Steemit မှ ဂရုကြီးများ၏ စကားအရ လာမည့် နှစ်သည် Steem ကို အဆုံးအဖြတ်ပေးမည့် နှစ် ဖြစ်သည်ဟု ဆိုလို့ ရ၏။ တခုမဟုတ်၊ တခုတော့ ထူးမှ ရတော့မည် ဖြစ်၏။ ထိုသို့မှ မဟုတ်လျှင် ဒီ platform အပေါ်ကို မျှော်လင့်ထားကြသည့် နောက်ဆုံး လက်ကျန်တွေပင် စွန့်ပစ်သွားနိုင်၏။ ကျနော်တို့သည် မျှော်လင့်ချက်နှင့် အသက်ရှင်နေရသော် သူများ မဟုတ်လား။ မျှော်လင့်ချက်များ သေဆုံးသွားလျှင် အိပ်မက်များ၊ အစီအစဉ်များ အားလုံး သဲထဲရေသွန် ဖြစ်သွားနိုင်သည် မဟုတ်လား။ အမျှော်လင့်ကြီး မျှော်လင့်ထားပြီးမှ ဘာမှ မဖြစ်လာခဲ့လျှင် ခံစားရ ပေလိမ့်မည်။

မည်သို့သော် ထိတွေ့မြင်သာသည့် အရင်းအနှီး တစုံတရာမှ စိုက်ထည့်ရခြင်း မရှိပေမယ့်။ အချိန်၊ အသိ စသည့်အရာများ စိုက်ထုတ်ထားရသဖြင့် ကျနော်တို့ စွမ်းအင် အရင်းအနှီးများ ဆုံးရှုံးသည်ဟု တွေးလို့ ရပြန်၏။ သို့သော် ထိုသို့ မတွေးပဲ မိမိ အရည်အသွေးများ တက်လာအောင် လေ့ကျင့်ခွင့် ရလိုက်သည်ဟုလည်း တွေးလို့ ရပြန်သေး၏။ ကျနော်ကတော့ ကျနော့် အရေအသွေးများ တက်လာအောင် လေ့ကျင့်ခွင့် ရသည်ဟုသာ ခံယူ၊ မှတ်ယူထား၏။ ထို့ကြောင့် မျှော်လင့်ချက် မထားဘူးလားဆို ထားတော့ ထား၏။ သိပ်ပြီး စိတ်ထိခိုက်သွားရလောက်အောင်အထိတော့ မျှော်လင့်မထားတော့ပေ။

ကိုယ်လုပ်စရာ ရှိသည်ကို လုပ်နေသည်ဟုသာ တွေးထားတော့၏။ ရှင်သန်နေထိုင်ရေးအတွက် နေ့စဉ် အစား စားရသလိုပေါ့။ Steemit သည်လည်း ကျနော့် စိတ်အဟာရအတွက် နေ့စဉ် ဓါတ်စာ ဖြစ်၏။ ယခုများ တနေ့တနေ့ စာလေး၊ ပိုစ့်လေးမှ မရေးလိုက်ရလျှင် ဟိုနား နာသလို၊ ဒီနား ကိုက်သလိုနှင့် နေလို့ မကောင်းပေ။ စာရေးရမည့် အချိန် အကြောင်း တခုခုကြောင့်များ အပြင် ရောက်နေလျှင် အိမ်သို့ပြန်ပြီး စာစီ စာရိုက် ပိုစ့်တင်ဖို့ ဖင်တကြွကြွနှင့် ဖြစ်နေတော့၏။

ကျနော်သည် ဗေဒင် ဆရာ၊ အကြားအမြင် ဆရာတော့ မဟုတ်ပေ။ သို့သော် Steemit Platform သည် လွယ်လွယ်နှင့်တော့ မပျက်သွားနိုင်ဟု ကျနော် ထင်၏။ ထင်သည်ဆိုတာထက် ယုံကြည်၏။ ဘာလို့လဲဟုတော့ လာမမေးပါနှင့် ယုံကြည်ချင်လို့ကို ယုံကြည်နေခြင်း ဖြစ်၏။ ကဲ ဒါဖြင့် ဘယ်လောက်ထိများ ယုံကြည်လဲဆိုလျှင် သေသေချာချာ လေးလေးနက်နက်ကြီးကို ယုံကြည်သည်ဟု ဆိုရပေလိမ့်မည်။ ဈေးလေးကျနေရုံ ကောလဟာလတွေ ကြားနေရုံနှင့် ကိုယ်လုပ်နေသည့် အလုပ်ကို ရပ်ပစ်လိုက်ဖို့ မရှိပေ။ အဘယ်ကြောင့် ဆိုသော် ကျနော့်တွင် အဆုံး မရှိသော၊ မည်သည့် အရာကမှ ဖျက်ဆီးလို့ မရသော အိပ်မက်များ ရှိနေသောကြောင့် ဖြစ်၏။

Don Jaun

MSC 31

Sort:  

ရင်ဘတ်ချင်းတူရင် အိမ်က်ချင်းလဲလာတူနေတာပ
ရေးနေရတာကိုက မျော်လင့်ချက်တစ်ခု အရင်းပြုထားတယ်လေ

မသိဘူးဗျာ

ရေးတာနားတော့မယ်လို့ ဆုံးဖြတ်တိုင်း

post က သွားသွားတင်နေမိတယ်

နောက်နေ့ တွေလည်း ကုန်ကြမ်းရှာနေမိတယ်

မသိတော့ပါဘူး အကိုဒွန်ရာ

သေရင်သေပါစေတော့

ရွှေထီးကိုလည်း မမျှော်မှန်းဝံ့တော့ပါဘူး

ကိုဒွန်ရေ Fighting!

fighting အကို

စုလို့က အတော်ကောင်းတယ် ဝယ်ဖို့ပဲ မရဲသေးတာ

Posted using Partiko Android

Coin Marketplace

STEEM 0.16
TRX 0.15
JST 0.028
BTC 54523.93
ETH 2291.82
USDT 1.00
SBD 2.35