Ill (Chapter 1)steemCreated with Sketch.

in myanmar •  2 months ago 

FB_IMG_1527335451652.jpg

ဖြတ်သန်းခဲ့ရသမျှ နွေရာသီတွေထဲမှာ ဒီတနှစ်နွေကတော့ အဆိုးဆုံးပင်။ စာသင်ချိန်များ မရှိလို့ အနားရမလားဆို မနားရပေ။ အလုပ်တွေ ရှုပ်နေ၏။ ပိုက်ဆံ မရသည့် အလုပ်တွေပေါ့။ ပိုက်ဆံ မရပဲ ပင်ပန်းသည့် အလုပ်က အိမ် အလုပ် မဟုတ်လား။ ယခုလို နေ့ရက်များကို ဖြတ်သန်း ကြည့်ရင်း အမေ့ကို ကိုယ်ချင်းစာ မိတော့၏။ တနေ့ တနေ့ အိမ် အလုပ်များနှင့် တကုတ်ကုတ် အချိန်ကုန်နေသော အမေ၊ အိမ်ထောင်မကျခင်ကော၊ အိမ်ထောင် ကျပြီးတဲ့ အထိကော အလုပ်တွေ ရှုပ်နေတဲ့ အမေ၊ သားတွေ သမီးတွေ မြေးတွေ ကိစ္စနှင့်သာ အချိန်ကုန်နေတဲ့ အမေ။

ခုတော့ ကျနော်လည်း အမေ့တာဝန်ကို တဖက်တလမ်းကနေ ဖဲ့ပြီး ထမ်းပေးနေရပြီ မလား။ ဒါကလည်း နွေရာသီ စာသင်စရာ မရှိသောကြောင့်သာ ဖြစ်၏။ စာသင်စရာ ရှိနေလည်း တူ၊ တူမလေးတို့၏ သင်တန်း အကြိုအပို့က ကျနော့် ပင်တိုင် တာဝန်သာ ဖြစ်၏။ အမငယ်က တရားစခန်း ၀င်သဖြင့် တူတော်မောင် နှင့်အတူ အိပ်ပေးရ၏။ ဆိုခဲ့သည့်အတိုင်း ဆရာသမားက ညဆိုလျှင် စောင်တအားကန်၏။ နွေရာသီ ဖြစ်နေလို့သာ တော်သေး၏။ ဆောင်းရာသီဆိုလျှင် အအေးပတ်ပေလိမ့်မည်။ နွေရာသီ မလို့ ဒီအတိုင်း စိတ်မမှတ်ထားပဲ လွှတ်ထားလိုက်မည် ဆိုပေမယ့် ကျနော်ကိုယ်တိုင်က အကျင့်ပါပြီး နိုးနိုးနေခြင်း ဖြစ်၏။

ကျနော် နိုးလာသည့် အချိန်တိုင်းလည်း သူက စောင် မကပ်နေပေ။ သိစိတ်က အိပ်ပစ်လိုက်မည် တွေးထားသော်လည်း မသိစိတ်က သူ့သူ နိုးထနေခြင်း ဖြစ်၏။ ထို့ပြင် အမငယ်၏ အိပ်ယာမှာ လာအိပ်ပေးရခြင်း ဖြစ်သဖြင့် ညညကောင်းကောင်း အိပ်မပျော်ပေ။ ကျနော်က အိပ်ယာပြောင်းလျှင် အိပ်ပျော်ခက်၏၊ အိပ်ရခက်၏။ ထို့ထက် ပိုဆိုးသည်က မီးဖွင့်ပြီး အိပ်ခြင်း ဖြစ်၏။ ကျနော်က မီးလင်းနေလျှင် မအိပ်တတ်ပေ။ တူတော်မောင်က မီးဖွင့်ပြီးမှသာ အိပ်တတ်၏။ သူနှင့် စအိပ်ကလည်းက အိပ်ရေးပျက်ရတော့၏။

P90411-201414.jpg

မနေ့က အမေက အ၀တ်တွေ လျှော်၏။ အ၀တ်လျှော်စက်နှင့်ပါ။ လျှော်တာကိုတော့ စက်နှင့် လျှော်ပြီး ရေကျင်းသည်ကိုတော့ အပြင်မှာသာ ကျင်း၏။ စက်နှင့် ကျင်းလျှင် ရေ ပိုကုန်သောကြောင့် ဖြစ်၏။ အမေ ရေကျင်းမည် ဆိုးသဖြင့် ကျနော်က ၀င်ပြီး ကျင်ပေးလိုက်၏။ နေ့လည်ခင်း (၁၂) နာရီ ခွဲ နေကလည်း ပူသည် မဟုတ်လား။ အမေက နေတအားပူလျှင် ခေါင်းကိုက်တတ်၏။ ထို့ကြောင့် ကျနော်က ကိုယ်စား ၀င်လုပ်ပေးလိုက်၏။ ပူသဖြင့် အင်္ကျီ ချွတ်ပြီး ရေကိုင်လိုက်၏။ အ၀တ်တွေ ရေကျင်းပြီးနောက် တူတောင်မောင်ကို သင်တန်း လိုက်ပို့ပေး၏။ သူ့ ပို့ပြီးနောက် အိမ်ပြန်လာပြီး တူမလေးကို နောက်သင်တန်း တခု ပို့ပေး၏။

ညနေ သူတို့ကို ပြန်ကြိုလာပြီးနောက် လူက နည်းနည်း နေရခက်လာ၏။ ကိုယ်လက်တွေ ကိုက်ခဲလာ၏။ နုံးချိချိ ဖြစ်နေ၏။ သေချာပြီ ကျနော် ဖျားချင်နေပြီ ဖြစ်၏။ နေ့လည်က အင်္ကျီချွတ်ကြီးနှင့် ရေကိုင်လိုက်ပြီး တူလေးကို လိုက်ပို့ပေးချိန်က နေပြင်းပြင်း ပူနေချိန် ဖြစ်သဖြင့် အပူရှပ်ပြီး ဖျားပြီ ထင်၏။ ထို့ပြင် ညညလည်း အိပ်ရေးပျက်ထားတာတွေကြောင့်လည်း ပါမည် ထင်၏။

ဆက်ပါဦးမည်

Don Jaun

MSC 31

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

Take care your health

Posted using Partiko Android

Congratulations! This post has been upvoted from the communal account, @minnowsupport, by Don Jaun from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

ကျမ်းမာခြင်းသည်​ လဒ်​တပါးတဲ့​နော်​ အာစိ

နွေရာသီ​နေ့ခင်းတအားပူ​တော့​ရေသတိထားရတယ်​....

Posted using Partiko Android