How to get free steem coin daily

in #myanmar6 years ago (edited)

FB_IMG_1527335451652.jpg

Steemit က HF20 သို့ update လုပ်လိုက်ပြီ ဖြစ်၏။ မည်သို့သော အပြောင်းအလဲများကို တွေ့ကြုံရမည်ကိုတော့ သေချာ မသိရသေးပေ။ (၂) ရက်၊ (၃) ရက်လောက် ကျနော်တို့လည်း post မတင်နိုင်ပဲ ဖြစ်သွားကြ၏။ ရနေပြီးသော အရှိန်တို့ တန့်သွားကြ၏။ သို့သော် ကျနော်ကတော့ တနေ့တပုဒ် မှန်မှန် ရေးထား၏။ update အဆင်ပြေသွားပြီး ပုံမှန်အတိုင်း လည်ပတ်နိုင်လာလျှင် အသာလေး ကောက်တင်လိုက်ရုံပင်။ Steemit ကြောင့် နေ့စဉ် စာရေးသည့် အကျင့် ရနေပြီ ဖြစ်၏။ ကိုဟင် ပြောသလိုပင် ကျနော့်တွင်လည်း Steemit ရောဂါ စွဲကပ်နေပြီ ဖြစ်၏။ မည်မျှ steemit ကို စွဲနေသလဲ ဆိုလျှင် တနေ့တနေ့ အချိန်ရလျှင် ရသလို steemit နှင့် ပတ်သက်သည်များကို ရှာဖွေပြီး ဖတ်ရှု လေ့လာနေမိ၏။

မိမိကိုယ်တိုင်က အရင်းအနှီး အများကြီး မစိုက်ထုတ်နိုင်သူ ဖြစ်နေသောကြောင့် steem free စုလို့ ရနိုင်မည့် နည်းလမ်းများကို ရှာဖွေ မိ၏။ ယခင် BTC ကို free ရှာစုသလိုပေါ့။ Btc free ရှာဖွေလို့ ရသော site များ များသလောက် steem free စုလို့ရသော site များတွင်တော့ (၂) ခုသာ တွေ့၏။ ကျနော်ရှာတာပဲ အားနည်းလို့လည်း ဖြစ်ချင် ဖြစ်မည်။ ထို (၂) ခုထဲမှ တခုကို ယခု ပြောပြလို၏။ earncrypto ဖြစ်၏။ ထို site တွင် steem မှာ မဟုတ် အခြား crypto coin များစွာကို ရှာဖွေလို့ ရ၏။ ကျနော်က steem ကို ဦးတည်သူ ဖြစ်သောကြောင့် main coin နေရာတွင် steem ကို ထားလိုက်ခြင်း ဖြစ်၏။ တချိန်ချိန်တွင် steem ဈေး ကောင်းလာလိမ့်မည်ဟု ယုံကြည်သည့် အလျောက် ယခုကတည်းက steem ကို ရလျှင် ရသလို ရှာဖွေ စုဆောင်းထားလို ခြင်းဖြစ်၏။

w3.PNG
w4.PNG

ထို site တွင် ဘာတွေ ပြုလုပ်ခြင်းကနေ steem ပြန်ရမှာလဲ။ ဟုတ်ကဲ့ video ကြည့်ခြင်း၊ ညွှန်ကြားထားသည့် app များကို download ဆွဲခြင်း၊ surveys များ ဖြေကြားခြင်း၊ website များတွင် sign in, register လုပ်ခြင်း နှင့် Data Entry လုပ်ခြင်းတို့ ဖြစ်၏။ ကျနော် အကြိုက်ဆုံးကတော့ Data Entry ဖြစ်၏။ App များ download ဆွဲခြင်းက အတန်ငယ် ရှုပ်၏။ website register ကလည်း ထိုနည်းလည်းကောင်းပင်။ surveys အများစုက Myanmar Region မရပေ။ သို့နှင့် data entry ကိုသာ လုပ်၏။ များများလိုချင် များများ ရိုက် ဖြစ်တော့ မိမိရဲ့ Typing skill လည်း တက်သည် အရှုံးမရှိဟု မှတ်ယူပြီး တနေ့ နာရီဝက် လေးဆယ့်ငါးမိနစ်တော့ ရိုက် ဖြစ်၏။ တနေ့ အနည်းဆုံး 0.12 steem လောက်တော့ ရ၏။ data entry လုပ်ခြင်းကနေ ရသည့် point (or) steem များကို နောက်တနေ့မှာ တွက်ချက်ပြီး မိမိ balance ထဲ ထည့်ပေါင်းပေး၏။ ဒီနေ့လုပ် နက်ဖြန် စာရင်းသွင်းပေးခြင်း ဖြစ်၏။ data entry က ခက်ခက်ခဲခဲများ မဟုတ်ပေ၊ company နာမည်များ၊ လိပ်စာများ ရိုက်ပေးရခြင်း ဖြစ်၏။ Typing speed မြန်သူအဖို့ ကျနော့်လောက်တောင် အချိန်ကြာမည် မဟုတ်ပေ။ Typing လုပ်ခြင်းအားဖြင့် ပြန်လည် ရနိုင်သည့် အခွင့်အရေးကို ပုံတွင် ကြည့်နိုင်ပါ၏။ မိမိ ရိုက်နိုင်သော အချိန်ကာလ ပမာဏနှင့် ချိန်ပြီး တနေ့ နည်းနည်းစီ ရိုက်ပေါ့။

fun.PNG
data entry.PNG
data entry 1.PNG

စာရိုက်ခြင်း၊ video ကြည့်ခြင်း၊ surveys ဖြေကြားခြင်း၊ app များကို ညွှန်ကြားထားသည့်အတိုင်း download လုပ်ကာ အဆင့်ဆင့် ပြုလုပ်ခြင်းများကနေ point များ ပြန်ပေး၏။ 1 point ကို steem ဘယ်လောက် ဆိုပြီး ပြန်ပေး၏။ လောလောဆယ် 1 point ကို 0.0094 steem ပေး၏။ (ဒီနေ့ဆိုရင် 0.01 steem ဖြစ်ပါတယ်) ဈေးအတက်အကျပေါ် မူတည်ပြီး steem အရေအတွက်တော့ ပြောင်း၏။ point 100 ပြည့်မှ မိမိ ထုတ်လိုသည့် မည်သည့် currency ကို မဆို ထုတ်လို့ရ၏။ point 100 ပြည့်အောင် မစောင့်ချင်ရင် Paypal account ရှိက point 40 နှင့် ထုတ်လို့ ရ၏။ Paypal account ဖွင့်ထားသည့် mail နှင့် verified လုပ်ပြီး ထုတ်ခြင်း ဖြစ်၏။ Transaction fee ကိုတော့ 0.01 သတ်မှတ်ထား၏။ သို့ပေမယ့် မိမိ ထုတ်မည့် steem ပမာဏက 10 or 11 steem ထက် ပိုနေပါက Transaction fee ပေးစရာမလိုပေ။

Capture.PNG5.PNG
w.PNG
w2.PNG

ဒီလောက်ဆိုလျှင် earncrypto ကနေ steem မည်သို့ ရယူနိုင်သည်ကို အတန်ငယ် သဘောပေါက်ပြီ ထင်ပါ၏။ steem မှ မဟုတ်ပဲ အခြား crypto coin များကိုလည်း ဤနည်းအတိုင်း ရှာဖွေနိုင်ပါ၏။ Mobile data နှင့် သုံးမည့်သူများကိုတော့ မိမိ သုံးလိုက်သည့် data ပမာဏနှင့် ပြန်ရမည့် steem ပမာဏ ကိုက်မကိုက်ကိုတော့ ကျနော် သေချာမပြောနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ကျနော်က wifi (Telenor Broadband) နှင့် သုံးခြင်း ဖြစ်သဖြင့် data ကုန်ဆုံးသည့် ပမာဏကို တွက်ချက် ပြနိုင်ခြင်း မရှိသောကြောင့် ဖြစ်၏။ စမ်းသပ်ကြည့်လိုက စမ်းကြည့်ကြပေါ့။ အဆင်မပြေတာ ရှိရင်လည်း လာရောက် မေးမြန်းနိုင်ပါတယ်ဗျ။ ကျနော် သိသလောက် ပြောပြပေးပါ့မယ်။ စာမရေးဖြစ်တဲ့ရက်များမှာ အပျင်းပြေ steem စုပြီး power up နိုင်ကြပါစေလို့ ဆန္ဒ ပြုလိုက်ရပါတယ်။ အားလုံး အဆင်ပြေကြပါစေဗျ။

w5.PNG
Withdraw proof

အောက်မှာ account ဖွင့်ရမည့် link လေး ပေးထားပါတယ်ဗျ။ သူ့မှာ refer system လည်းပါပါတယ်။ refer ရှာချင်လို့ ရေးပြ၊ ပြောပြနေရခြင်းထက် steemit ပေါ်က မိတ်ဆွေများကို သိစေချင်တာလည်း ပါပါတယ်ဗျ။ refer ရှာတာ ငါးဆယ်၊ သိစေချင်တာ ငါးဆယ်ပေါ့ဗျာ။ account ဖွင့်ရလည်း မခက်ပါဘူး။ ပေးထားတဲ့ link ကနေ register လုပ်။ ပြီးရင် မိမိ mail ထဲဝင် verify လုပ်ပြီး point တွေ ရအောင် job တွေ စလုပ်လို့ ရပါပြီ။ point မြန်မြန်ပြည့်မယ့် job လေးတွေ ကျနော် ညွှန်းပေးပါ့မယ်။ device တခုထဲမှာ account ပွားတွေ အများကြီး ဖွင့်လို့ မရပါဘူး။ IP address တူရင် bun ပါလိမ့်မယ်။ one person, one device, one IP, one account ပါ။

https://www.earncrypto.com/?r=246601

Hello Everyone,

I want to introduce how to get steem coin from earncyrpto.com. You can get steem by watching video, downloading app, making surveys and typing data entry. Among them data entry is one of the thing I like. It is really simple. Type address, name, zip code, … something like that. When you have done some job, you can get point. 1 point is equivalent to 0.0094 steem (this value is changing depend on market). You can withdraw when you reach 100 point. If you have PayPal account you don’t need to wait to reach 100 point. Only 40 point to have by verifying PayPal account mail.

The transaction fee is 0.01 steem. If you withdraw 10 or above steem, you don’t need to pay fee. You can get other crypto coin instead of steem. As for me I believe and trust in steemit, so I tend to collect steem coin as I can. I deeply wish have a nice time in steemit and enjoy by earning crypto coin (steem) from earncrypto coin. Here website link

https://www.earncrypto.com/?r=246601

Notice

You can make only one account with one IP address. If you open another account with same IP address you may be restricted and your account may be bun

Don Jaun

MSC 31

Sort:  

Thank for your sharing.

Posted using Partiko Android

You Welcome, ko hein

လုပ်ပီလေ ကျေးဇူးဘာ😁

လုပ်ပါဗျာ

လေ့လာပါမည်ဘာမှမသိသေးပါ

Posted using Partiko Android

လေ့လာပါ အန်တီ
ကျနော်လည်း လေ့လာနေဆဲပါဗျ

ရှာရဦးမယ် Steem ရေ

ရှာပါဗျာ

စမ်းကြည့်မယ်အစ်ကို

ဟုတ်

ဖုန်းနဲ့ဆိုတော့ လက်ကွက်ကရဘူး ကွန်ပျူတာလေးနဲ့
ရုံးမှာ ဝိုင်ဖိုင်ဖရီးလေးရှိခဲ့တုန်းကဆို မိုက်ချက်ပ

Telenor လေး ဝယ်ပလိုက်ဗျာ

နည်းပညာက​တော့တိုး​လေ​ကောင်း​လေပါ့ဆရာဒွန်​ရာ

ဟုတ်ပ

စုံပါ‌ပေတယ်‌ဗျာ။‌တော်‌လည်း‌တော်‌ပါတယ်‌။

အဟီး
ဟုတ်ရပါဘူးဗျာ

စမ်းကြည့်​ပါ့မယ်​...

Posted using Partiko Android

ဟုတ်

အမျိုးမျိုးဘဲကွယ် ပြေးလိုက်နေရတယ်

Posted using Partiko Android

မီတယ် မစု ဖြည်း ဖြည်း

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.028
BTC 61940.19
ETH 2433.78
USDT 1.00
SBD 2.50