Home (Chapter 6)

in #myanmar4 years ago

IMG_4862-01.jpeg

အိမ်ပြောင်းခြင်း အကြောင်းကို ဒီလောက်နှင့် ရပ်လျှင်တော့ ကောင်းမည် ထင်၏။ ကြာတော့ မရှည် ရှည်အောင် ရေးနေမိသည်ဟု ကိုယ့်ကိုထင်လာမိ၏။ (အမှန်မှာလည်း ထိုအတိုင်းပင်။ တကယ်လည်း မရှည် ရှည်အောင် အချိန်ဆွဲ ရေးနေမိသည်ကိုး) ပိုစ့်တင်နိုင်ဖို့ တခါတလေတော့ ထိုသို့ လူလည် လုပ်မှ ရပေလိမ့်မည်။ တခါတလေပေါ့။ အမြဲတမ်းကြီး ထိုသို့ လုပ်လျှင်လည်း သိပ်ပြီး မကောင်းလှပေ။ ဘာပဲ ဖြစ်ဖြစ် လောလောဆယ် အိမ်ပြောင်းရခြင်းကြောင့် ကျနော် ပိုစ့် အများကြီး ရလိုက်၏။ (နောက်မှ ထပ်ရေးပါဦးမည်)

အိမ်ပြောင်းရမည် ဆိုတော့ ကျနော့်မှာ ညဖက် အိပ်မပျော်တော့ပေ။ ကျနော့်ထက် ဆိုးတာက အမေ။ သူ့ မြေးတွေ (ကျနော့် တူ၊ တူမလေး) အတွက်၊ နောက် ရှေ့ရေး အတွက် တွေးရင်း အိပ်မရတော့ပေ။ သတင်း ကြားကြားချင်း ညကဆိုလျှင် အမေ လုံး၀ အိပ်မပျော်ပေ။ ငါ့ကိုငါ တရားတွေ လုပ်လှပြီထင်တာ ခုလိုမျိုးကြီး ဖြစ်တော့ အတွေးတွေကို ဘယ်လိုမှ ရပ်မရ၊ ပြောင်းမရဘူး ဆိုပြီး အမေ ကျနော့်ကို ပြောရှာ၏။ အမေ မပြောနှင့် ကျနော်တောင် တွေးနေမိသည်ကိုး။

IMG_20200303_235516.jpg

အတွေးတွေက ကြောက်ဖို့ ကောင်းလှ၏။ အိပ်ခါနီး အိပ်ရာထဲမှာများ တခုခုကို အစဖော် တွေးလိုက်ပါက သေချာတယ် တော်တော်နှင့် အိပ်မပျော်ဖို့၊ အိပ်မရဖို့က များပြီး ဖြစ်၏။ သို့ပေမယ့်လည်း ခက်သားရယ်။ သတိထားနေရဲ့သားနှင့် ဖြစ်ဖြစ်သွား၊ တွေးမိသွားသည်ဟု ပဲ ပြောရမလားပင်။ မတွေးတော့နှင့် ဆိုမှပဲ ပိုပို တွေးမိနေခဲ့၏။ အမေနှင့် ကျနော် ထိုသို့ ဖြစ်သွားခြင်း ဖြစ်မည် ထင်၏။ အမေလည်း အမေ့ အတွေးနှင့် ကျနော့်မှာလည်း ကျနော့် အတွေးနှင့်။ သားအမိ (၂) ယောက်လုံး တူတာက ကလေးတွေ အတွက် ဖြစ်၏။

ကလေး (၂) ယောက်ကား တဝမ်းကွဲတွေ ဖြစ်ပေမယ့် မွေးလာပြီး နောက်ပိုင်းကတည်းက တနေရာထဲမှာ တပူးတွဲတွဲ နေလာရပြီး ဖြစ်သဖြင့် တအူတုံဆင်းတွေလို ဖြစ်နေပြီ ဖြစ်၏။ ခု ကျနော့် အမငယ်က လွိုင်ကော် ပြောင်း ရမည် ဆိုတော့ တူလေးက သူ့ အမေနှင့် လိုက် သွားမည် ဖြစ်၏။ တူလေးနှင့် သူ့အမေ (ကျနော့် အမ) ကား တတွဲတွဲ၊ တလုံးလုံး။ သူများ သားအမိတွေ ပူးတယ်၊ ကပ်တယ် ဆိုတာကို သူတို့ သားအမိက သနားတယ်ဟုပင် ပြောရလောက်အောင်ပင် ပူးကြ ကပ်ကြလွန်း၏။

တူလေးက သူ့အမေကို ကပ်လွန်းသလို၊ ကျနော့် အမကလည်း ထိုနည်း အနည်းပင်။ ထိုသို့ ပြောနေသဖြင့် သားအမိပဲ ကပ်တာ၊ ပူးတာ ဘာဆန်းလဲ ဟု မေးစရာရှိ၏။ မှန်၏။ မဆန်းပေ။ သို့သော် တူမလေး (မမကြီး၏ သမီး) အဖို့တော့ ထိုသို့ မဟုတ်ပေ။ ကျနော့် အမ (၂) ယောက်မှာ မငယ်က သူ့သားနှင့် တပူးတွဲတွဲ လက်ပွန်းတီးတီး နေသလောက် မမကြီးကတော့ ဘာသိဘာသာပင် နေနိုင်အား၏။ ထို့ကြောင့်ပင် တူမလေးက အမေကို ချစ်ပေမယ့် အမေနှင့် အနီးကပ် နေရလည်း သိပ် ပြဿနာ မရှိဟု ပြောလို့ ရ၏။

ဆက်ပါဦးမည်

Don Jaun

MSC 31

Sort:  

တွေးလေ ပူလေ

အမှန်ပဲ

According to the Bible, God is everywhere: Fact or Fiction.

Watch the Video below to know the Answer...

(Sorry for sending this comment. We are not looking for our self profit, our intentions is to preach the words of God in any means possible.)


Comment what you understand of our Youtube Video to receive our full votes. We have 30,000 #SteemPower. It's our little way to Thank you, our beloved friend.
Check our Discord Chat
Join our Official Community: https://steemit.com/created/hive-182074

Coin Marketplace

STEEM 0.32
TRX 0.11
JST 0.034
BTC 66785.29
ETH 3229.75
USDT 1.00
SBD 4.30