Game: Now Playing (Chapter 2)steemCreated with Sketch.

in #myanmar6 years ago

FB_IMG_1527335451652.jpg

Dream League ကို ကျနော်က ဒီအတိုင်း မဆော့ပေ။ Hark (mod) ပြီးသား ကိုသာ ရှာ down ပြီး ဆော့၏။ ပိုက်ဆံများမှ မိမိ လိုချင်သည့် ကစားသမား ၀ယ်လို့ ရမည် မဟုတ်လား။ ယခင် version များတုန်းက ပိုက်ဆံ mod ထားပြီးသားကိုသာ ဆော့ခဲ့ပေမယ့် ယခု 2019 version မှာတော့ mod game အပြင် Kit (အသင်း အင်္ကျီ) ကိုပါ ကိုယ်တိုင် လုပ်ပြီး ဆော့ကစား ဖြစ်၏။ YouTube ကနေ ရှာတွေ့ခြင်း ဖြစ်၏။ အစပိုင်းမှာ ပြုလုပ်ရ ခက်ပေမယ့် နောက်ပိုင်းမှာ လုပ်ရင်း ပြုရင်း လွယ်သွား၏။ အကြိမ်ကြိမ်မှားလိုက် ပြင်လိုက်နှင့် နောက်ပိုင်းမှာတော့ လုံးဝကို အဆင်ပြေသွားခဲ့၏။ ယခု 2019 version မှာ မြန်မာ နိုင်ငံ ကိုယ်စားပြု ကစားသမား ဖန်တီးခွင့် ရလာခြင်း ဖြစ်၏။ ယခင် version အဟောင်းများတွင်မှု မြန်မာ ကိုယ်စားပြု ကစားသမား ဖန်တီးလို့ မရသေးပေ။

ကစားသမား ဖန်တီးရာမှာလည်း မိမိ နာမည်နှင့် ကစားသမားကို ဖန်တီး၏။ ကျနော်ကတော့ တယောက်သာ၊ ကျနော့် သူငယ်ချင်းကတော့ create player ကို (၃) ယောက်တောင် ဖန်တီးထား၏။ အင်အားတောင့်တင်းသည့် အသင်း ဖြစ်အောင် အဆင့်ဆင့် ပြုလုပ် ရ၏။ Dream League ဆိုသည့်အတိုင်း မိမိ စိတ်ကူးတွင် ရှိသည့် လိုချင်သည့် အသင်းကို ဖန်တီး ယူခြင်းပေါ့။ ဤသို့ Dream League ကို ဆော့နေရင်းက အခြား ဘောလုံးဂိမ်းများကိုလည်း ထပ်မံ ရှာကြည့်သေး၏။ Top Eleven ဆိုသည့် Manager Game လည်း ဆော့ဖူးလိုက်၏။ Online game ဖြစ်၏။ ကစားသမား နေရာက ဆော့ကစားရခြင်း မဟုတ်ပဲ အသင်း မန်နေဂျာ နေရာကနေ ဆော့ကစားရခြင်း ဖြစ်၏။

telev18hlogobl.png

Level အလိုက်၊ level တူများကို league ဖွဲ့ထားပေးပြီး ယှဉ်ပြိုင်ကစားရခြင်း ဖြစ်၏။ အပြင် ပုံစံနှင့် ဆင်တူ၏။ အသင်းများတော့ မတူပေ။ ကစားသမားများလည်း မတူပေ။ အသင်းကိုတော့ မိမိ စိတ်ကြိုက် နာမည်ပေးထားလို့ ရ၏။ ဆော့လို့တော့ ကောင်း၏။ မိမိ ပွဲရှိသည့် အချိန်မှ online တက်ပြီး manage လုပ်ပြီး ကစားလည်း ရ၏။ မိမိ မအားလို့ online မတက်ဖြစ်လျှင်လည်း သူ့သူ ဆော့ကစား ယှဉ်ပြိုင်ပေးသွား၏။ လူစာရင်းကိုတော့ အစကတည်းက သေချာ ပြင်ဆင်ထားပေးဖို့ လိုတာပေါ့။ လူ မလဲပဲ ပစ်ထားလိုက်လျှင် မိမိအသင်း ရှုံးသွားနိုင်သည် မဟုတ်လား။ ကစားသမား ခေါ်ယူရာမှာလည်း အချိန်အတိုင်းအတာနှင့် ဖြစ်၏။ မိနစ်ပိုင်းကနေ နာရီပိုင်း၊ ရက်ပိုင်းအထိ အချိန်ရ၏။ ထိုကာလအတွင်း ပိုပေးနိုင်သည့်သူက ထိုကစားသမားကို ရမည် ဖြစ်၏။ လေလံ စနစ်လိုပေါ့။

ပွဲစဉ်များကို အနိုင်ရအောင် ကစားရင်း တဖြည်းဖြည်း တဆင့်ပြီး တဆင့် level များ တက်လာ၏။ တက်လာသော level အလိုက် ပိုမိုပြီး ခက်ခဲသည့် ပြိုင်ဖက်များနှင့် ရင်ဆိုင်ရ၏။ အဘယ်ကြောင့် ဆိုသော် အခြားသူများကလည်း မိမိလို level တက်လာကြသောကြောင့် ဖြစ်၏။ နိုင်ပွဲနည်းပြီး level မတက်ခဲ့လျှင်တော့ ယခင် level မှာပင် နောက်တက်လာသည့် လက်သစ်ကလေးများနှင့် league ပွဲ ယှဉ်ပြိုင်ပေါ့။ နိုင်လျှင်၊ သရေကျလျှင် point များ ရ၏။ ထို point များကို ကစားသမားဝယ်ယူသည့် နေရာနှင့် မိမိအသင်းကို upgrade လုပ်သည့် နေရာများတွင် သုံးနိုင်၏။ အနှီဂိမ်းသည် ဘောလုံးပွဲ ကစားရုံသာ မဟုတ်ပဲ၊ ဘောလုံးကွင်းတွင်း ရှိသည့် အခြားအရာများကိုလည်း ပြင်ဆင်ခြင်း၊ တိုးတက်အောင် လုပ်ဆောင်ခြင်းများ လုပ်ရ၏။ ဥပမာ ကွင်းအဆင့် မြှင့်တင်ခြင်း၊ ကားပါကင်များ တိုးချဲ့ပြင်ဆင်ခြင်း၊ ပွဲလာကြည့်သူများ စားသောက်နိုင်ရန် စားသောက်ဆိုင်များ ဖွင့်ခြင်း၊ အဆင့်မြှင့်တင်ခြင်း မျိုးတို့ကိုပါ လုပ်ဆောင်ရ၏။ အပြင်မှာ တကယ့် ဘောလုံးကွင်းတွေကို စီမံ ဆောင်ရွက်ရသလိုပေါ့။

ဂိမ်းက ဆော့လို့တော့ ကောင်း၏။ သို့သော် online game ဖြစ်နေတာက တကြောင်း၊ မိမိ အသင်းပွဲရှိချိန်က မအားချိန်မျိုးနှင့် ကြုံနေတတ်သည်က တကြောင်း တို့ကြောင့် ထိုဂိမ်းကိုလည်း ဆက်မဆော့ ဖြစ်တော့ပေ။ ကျနော့် အသင်းလေးတော့ ထိုဂိမ်း၏ server ထဲမှာ ရှိနေဦးမည် မှာ အသေအချာပင်။ အဘယ်ကြောင့်ဆိုသော် ကျနော်က Guest အနေနှင့် မဟုတ်ပဲ Google Account နှင့် ချိတ်ဆက်ပြီး ဆော့ ကစားထားခြင်းကြောင့် ဖြစ်၏။

ဆက်ပါဦးမည်

Don Jaun

MSC 31

Sort:  

ဆော့တော့ ဆော့တတ်ချင်သားဗျာ...

Posted using Partiko Android

ဆော့ကြည့် ကောင်းတယ်

စိတ်ဝင်စားစရာကောင်းအောင် ဂိမ်းတွေရဲ့ စွဲဆောင်မှု

Coin Marketplace

STEEM 0.20
TRX 0.15
JST 0.029
BTC 63706.08
ETH 2615.50
USDT 1.00
SBD 2.82