Game: Now Playing (Chapter 1)steemCreated with Sketch.

in #myanmar6 years ago

FB_IMG_1527335451652.jpg

ခုတလော ဂိမ်း သိပ်မဆော့ဖြစ်ပေ။ မအားတာလည်း ပါသလို ယခင်ကတည်းက ဂိမ်းကလည်း ဂိမ်းဆော့လေ့ ဆော့ထ မရှိသောကြောင့် ဖြစ်၏။ တခါတလေ ပျင်းပျင်းရှိမှ ထထပြီး ဆော့ခြင်း ဖြစ်၏။ ကျနော်သည် Story, Action, Funny ဂိမ်းအမျိုးအစားများကို ကြိုက်နှစ်သက်၏။ ဘောလုံးဂိမ်း ကတော့ ပြောပြနေစရာ မလိုသည့် သည်းခြေကြိုက် ဂိမ်း ဖြစ်၏။ ကျနော့် phone ထဲ၌ ဂိမ်းအများကြီး မရှိပေ။ အလွန်ဆုံး ရှိမှ (၂) ခု၊ (၃) ခုထက် မပိုပေ။ လက်ရှိ ဆော့ ဖြစ်နေသည့် ဂိမ်းများက Plant and Zombie နှင့် Dream League ဖြစ်၏။

Dream League ကိုက (2016) လောက်ကတည်း က နှစ်အလိုက် ထွက်သည့် version များကို မပျက် ဆော့လာခဲ့၏။ ယခု (2018) ဂိမ်းမှာတော့ ကိုယ်ပိုင် ဂျာစီတောင် လုပ်ပြီး ဆော့လိုက်သေး၏။ YouTube ကနေ video များ ရှာကြည့်ပြီး လုပ်ခြင်း ဖြစ်၏။ အစပိုင်းက တိုင်ပတ်ပေမယ့် နောက်ပိုင်းကြ လွယ်သွား၏။ နောင်အလျင်းသင့်မှ ကိုယ်ပိုင် ဂျာစီလုပ်နည်း တင်ပေးပါဦးမည်။ Plant and Zombie ကတော့ ယခင် computer ဂိမ်းမှာကတည်းက ဆော့ကစားဖူးခဲ့ခြင်း ဖြစ်၏။ ယခု phone version မှာတော့ ပိုပြီး အဆင်ပြေသွား၏။ လက်ရှိ ကျနော် ဆော့နေတာက Plant and Zombie 2 ဖြစ်၏။

ဂိမ်းတွေက ကျနော့် phone ထဲမှာ ကြာကြာမနေရပေ။ မကြာမကြာ ကလိလေ့ ရှိသဖြင့် Firmware ပြန်ပြန်တင်နေရသောကြောင့် App များလည်း ပြန်ပြန်ပြီး သွင်းနေရသောကြောင့် ဖြစ်၏။ ထို့ကြောင့် ဂိမ်းများလည်း သိပ်ပြီး မသွင်းထားခြင်း ဖြစ်၏။ level တွေအများကြီး ရောက်ပြီးမှ ပြန်သွင်းရလျှင် ပိုပြီး ဆိုးသေး၏။ Google account နှင့် ချိတ်ထားသော Online ဂိမ်းမျိုးဆိုလျှင်တော့ တမျိုးပေါ့။ သို့ပေမယ့် ကျနော်က Online ဂိမ်းကြပြန်တော့ သိပ်မဆော့ပေ။ အဓိကက Internet Data နှင့် အချိန်ကုန်သောကြောင့် ဖြစ်၏။

FB_IMG_1547468079878.jpg

FB_IMG_1547468067887.jpg

FB_IMG_1547468060851.jpg

သို့ဆို ခု ဆော့နေသည့် offline ဂိမ်းတွေက Data မကုန်ပေမယ့် အချိန်မကုန်ဘူးလားဟု မေးစရာ ရှိ၏။ ကျနော်က အားမှ ကစားခြင်း ဖြစ်၏။ အားတာတောင် တော်တော်လေး အားမှ ဖြစ်၏။ တကယ်တမ်းမှာ ဂိမ်းဆော့ပြီး ပျော်ရွှင်ရခြင်းထက် ထိုဂိမ်းနှင့် ပတ်သက်ပြီး ရှာဖွေ စမ်းသပ်မှု လုပ်ရခြင်းကို ပိုကြိုက်ခြင်း ဖြစ်၏။ ထို့ကြောင့် ဘယ်ဂိမ်းမှာ ကျနော့်မှာ ပြီး ပြတ်သွားသည် မရှိပေ။ Dream League လောက် သာ Elite League အထိ ရောက်ပြီး နောက်ဆုံး အဆင့် မိမိအသင်းနှင့် မိမိ ပြန်လည် ယှဉ်ပြိုင်ရသည်အထိ ဆော့ကစားဖူး၏။ ကျန်ဂိမ်းများကတော့ ဆုံးခန်းတိုင်သွားသည် ဆိုပြီး မရှိလပေ။

နောက်ပိုင်း Dream League ကိုလည်း သိပ်မကြိုက်လှတော့ပေ။ အဘယ်ကြောင့် ဆိုသော် Dream League ဆိုသည့် အတိုင်း ပြင်ပမှာ ကဲ့သို့ မဟုတ်ပဲ သူ့စိတ်တိုင်းကျ ဖန်တီး ရေးဆွဲထားသည့် League ပုံစံအတိုင်း ကန်ရခြင်း ဖြစ်၏။ Dream League မှာ ကျနော် ကြိုက်သည့် အချက်က Phone တလုံးမှ host port ထောင်ပြီး wifi ချိတ်ကာ local အချင်းချင်း ချိတ်ကစားလို့ ရခြင်း ဖြစ်၏။ Internet ဖွင့်ပြီး Online မှာ အခြားသူများနှင့်လည်း ချိတ်ဆက်ကစားလို့ ရ၏။ ကျနော်တို့ သူငယ်ချင်းတစုကတော့ အချင်းချင်း ချိတ်ပြီး ဆော့ဖြစ်သည်ကသာ များ၏။

ဆက်ပါဦးမည်

Don Jaun

MSC 31

Sort:  

ဂိမ်းကဆော့ရင် စွဲလွန်လို့ မဆော့မိအောင် တားထားရတယ်

ပိုက်ပိုက် ကောင်းကောင်းရမယ့် ဂိမ်းလေး ပြောပြပါ😁

Posted using Partiko Android

အဟီး ...

ဂိမ်းတော့ တကယ့်ကို ဝါသနာမပါဘူးရယ်

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63811.18
ETH 2610.29
USDT 1.00
SBD 2.83