Futsal

in #myanmar5 years ago

wyka1x.jpg

တပတ် (၂) ကြိမ် futsal time ကတော့ မှန်မှန်ပင် ခရီးဆက်နေ၏။ ယခင်လောက် လူမများတော့တာလည်း မှန်မှန်ပင်။ ယခင် (၃) သင်း ပတ်လည် ကန်ခဲ့ရသော ကျနော်တို့ အသင်းသည် ယခုအခါမှာတော့ လူ (၁၀) ပြည့်ဖို့ (နှစ်သင်းစာ) ပင် မနည်း ကြိုးစား စုဆောင်းနေရ၏။ အားလိုက်၊ မအားလိုက်နှင့် လူက မစုံတာ အတော်လေး ကြာပြီ ဖြစ်၏။ ယခင်တုန်းကတောင် အားနေကြပြီး ယခု အခါမှ မည်သို့ ဖြစ်သွားသည်ကိုတော့ ကျနော်လည်း အဖြေရှာ မရသေးပေ။ တကယ် မအားတာလား မကန်ချင်ကြတော့တာလားကတော့ သူတို့ ကိုယ်တ်ိုင်သာ သိပေလိမ့်မည်။

တကယ်တမ်း ပြောရလျှင် ခုလို သူငယ်ချင်းတွေ နှင့်အတူ futsal ကစားရခြင်းသည် တကယ့်ကို ပျော်ဖို့ ကောင်း၏။ ကျန်းမာရေးအတွက်လည်း ကောင်းသလို၊ စိတ်လက်လည်း ပေါ့ပါးစေသည် မဟုတ်လား။ တပတ်ကို (၂) ကြိမ်လောက် သူငယ်ချင်းတွေ ဆုံစည်းခွင့် ရကြ၏။ ဟေးလေး ဝါးလေးနှင့် စကြ နောက်ကြနှင့် အတော်လေး ပျော်စရာ ကောင်းလှ၏။ အပျော်တမ်း ဆိုပေမယ့် ကန်သည့် အခါမှာတော့ သေချာကန်ကြ၏။ ပြိုင်ဆိုင်မှု ပြင်းထန်သွားသည့် အခါမျိုးတွေတောင် ရှိသေး၏။ တကယ့်ကို အကြိတ်အနယ် ရှိသွားသည့် ရက်မျိုးတွေ ရှိခဲ့၏။

ယခင် လူများတုန်းက ထိုကဲ့သို့ အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ရသည့် ရက်မျိုးတွေ အတော်လေး များခဲ့၏။ ယခုနောက်ပိုင်း လူမစုံ လူနည်းသွားသည့် အခါမျိုးမှာတော့ ထိုကဲ့သို့ မကစားရသည်မှာ အတော်လေး ကြာခဲ့ပြီ ဖြစ်၏။ ပြီးခဲ့သော အင်္ဂါနေ့ကတော့ ထူးထူးဆန်းဆန်း လူက (၃) သင်းစာ ရှိသွားခဲ့၏။ ထို့ကြောင့် (၃) သင်း ပတ်လည် ရှုံးထွက် ဆော့ကစားကြတော့၏။ လူခွဲေ၀ထားမှုကလည်း တော်တော်လေးကို အဆင်ပြေသွားခဲ့၏။ (၃) သင်းလုံး ခြေရည်တူ၊ အကြိတ်အနယ် ယှဉ်ပြိုင်ကြ၏။ ခြေရည်တူ သဖြင့် အမှားနည်းသည့် အသင်း၊ ဂိုးသွင်းနိုင်သည့် အသင်းက အသာရသွားခဲ့၏။

6f3sm9.jpg

(၂) ဂိုးအရင်သွင်းခံရသည့် အသင်းက ထွက်ရမည် ဖြစ်၏။ ထို့ကြောင့် ဂိုးသွင်းမခံရအောင် ကြိုးစားပြီး ကိုယ်က အရင် (၂) ဂိုးသွင်းနိုင်ဖို့ ကြိုးစားရတော့၏။ ခံစစ်၊ တိုက်စစ် မျှနေဖို့ နှင့် တသင်းလုံး ညီနေဖို့ လို၏။ မညီလျှင် ကိုယ့်အသင်းက ထွက်ရမှကိုး။ အလှည့်ကျ ၀င်လိုက်၊ ထွက်လိုက် ကစားကြရခြင်း ဆိုတော့ မထွက်ရအောင် ကြိုးစားပြီး ကန်ကြ၏။ ပွဲစဉ် များများ ကန်ရသည့် အသင်းကလည်း ထောင်ထောင် ထောင်ထောင်၊ ဟောင်ဖွာ ဟောင်ဖွာ လုပ်လို့ ရသည်ကိုး။ ထို့ကြောင့် (၃) သင်းလုံးက အားစိုက်ပြီး ကစားကြ၏။ ထိုနေ့ကတော့ တကယ့်ကို တော်တော်လေး ကစားလို့ ကောင်းခဲ့၏။

လူမပြည့်တာလည်း ကြာနေခဲ့ပြီကိုး။ ခုလို လူလည်းစုံ၊ ကန်လို့လည်း ကောင်းဆိုတော့ အတိုင်းထက် အလွန်ပေါ့။ အမြဲ မဟုတ်တောင် မကြာမကြာလေး ထိုသို့ ပြန်ပြီး ကန်လို့ကောင်းသည့် အချိန်လေးတွေတော့ လိုချင်၊ ရချင်၏။ မည်သို့ပင် ဆိုစေ ကျနော်တို့ကတော့ တပတ်ကို (၂) ကြိမ် ပုံမှန်လေး ကန်ဖြစ်နေဦးမည်မှာ အသေအချာပင် ဖြစ်၏။

Don Jaun

MSC 31

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work!
Dear reader, Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.me/esteem

Congratulations @donjaun! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :

You published a post every day of the week

You can view your badges on your Steem Board and compare to others on the Steem Ranking
If you no longer want to receive notifications, reply to this comment with the word STOP

To support your work, I also upvoted your post!

Vote for @Steemitboard as a witness to get one more award and increased upvotes!

Coin Marketplace

STEEM 0.18
TRX 0.13
JST 0.028
BTC 64476.22
ETH 3153.91
USDT 1.00
SBD 2.54