Fustal Day
ခြေမက ခြေသဲလန်သွားသည့် ဒဏ်ကြောင့် (၂) ပတ်လောက် ဘောလုံးမကန်ပဲ နေလိုက်ရ၏။ ဘောလုံးအတူ ကန်နေကျ သူငယ်ချင်းများကလည်း ဘောလုံးကန်မည့် ရက် ရောက်တိုင်း phone ဆက်ကာ သက်သာပြီလား၊ ကန်နိုင်လား အစရှိသဖြင့် မေးကြ၏။ ဘ၀မှာ မိတ်ကောင်းဆွေမွန် ရှိတာကလည်း မင်္ဂလာ တပါးပင်။ ပြန်စဉ်းစား တွေးကြည့်လျှင် ကျနော့်ဘ၀မှာ အချစ်ရေးနှင့် ငွေရေး ကြေးရေးကလွဲလျှင် ကျန်သည့်ကံများ ကောင်း၏။ အထူးသဖြင့် သူငယ်ချင်း ကံကောင်း၏။ သူစိမ်းများကပင် ကျနော်နှင့် ကျနော်တို့ သူငယ်ချင်းတစု၏ ခင်မင် ရင်းနှီးမှုကို အားကျ ရလောက်သည် အထိပင်။
ပြီးခဲ့သော တနင်္ဂနွေနေ့က Fustal ပြန်ကန် ဖြစ်၏။ ခြေထောက်က သက်သာပြီ ဆိုပေမယ့် သိပ်ပြီး စွန့်စား အရဲကိုးလို့ မရသေးပေ။ ခြေသဲ ခွာထားသည့် ဒဏ်ရာက အနာတော့ ကျက်သွားပြီ ဖြစ်၏။ ခြေသဲ သေးသေးလေးလည်း ပြန်ထွက်နေပြီ ဖြစ်၏။ ယခင်လောက် ဂရုစိုက်စရာ မလိုတော့ဘူး ဆိုပေမယ့် အနည်းငယ်တော့ စောင့်ကြည့် ရပေလိမ့်ဦးမည်။ ခြေအိတ် မစွပ်ခင် ထိုဒဏ်ရာနေရာလေးကို ၀ါဂွမ်းထူထူလေး အုပ်ပြီး၊ ကပ်ပြီးမှ ခြေအိတ်ကို စွတ်၏။ ပြီးမှ ဖိနပ်စီးပြီး ဒဏ်ရာနေရာကို ဖိကြည့်ကြည့်၏။ မနာပေ။ ဒီလောက်ဆို ရပြီ။ တနင်္ဂနွေနေ့က ပုံမှန်ကန်နေကြအချိန် မနက် (၆) နာရီ ဖြစ်၏။ လူ (၁၂) ယောက် ရှိ၏။ သို့နှင့် တဖက် (၆) ယောက် ခွဲကန် လိုက်၏။
photo from Facebook
Fustal စည်းမျဉ်းအရ တသင်းလျှင် (၅) ယောက်သာ ကန်ခွင့် ရှိ၏။ (၅) ယောက်ထဲဆိုလျှင် ပိုမော၏။ သို့နှင့် ကျနော်တို့က တဖက် (၆) ယောက် ကန်ကြခြင်း ဖြစ်၏။ အားကစားသမား စစ်စစ်တွေ မဟုတ်ပဲ အပျော်တန်း ကစားကြခြင်း ဖြစ်သဖြင့် တဖက် (၆) ယောက်က ကျနော်တို့ အတွက် အဆင်ပြေလှ၏။ တနင်္ဂနွေပွဲမှာတော့ ခြေစွမ်း မပြနိုင်ပေ။ သာမန် ခြေစွမ်းလောက်သာ ကစားနိုင်ခဲ့၏။ (၂) ပတ်လောက် နားထားခြင်း ကြောင့်လည်း ပါမည် ထင်၏။ ဂိုးလည်း တဂိုးမှ မသွင်းနိုင်ခဲ့ပေ။ ကျနော်က အလယ်တန်းနှင့် နောက်တန်း အဓိကထားပြီး ကစား၏။ တချက် တချက်မှ ရှေ့တန်းသို့ တက်၏။ တခါတလေ မောလျှင်တော့ ဂိုးဖမ်း၏။
ဒီနေ့က လကွယ်နေ့ ဖြစ်သောကြောင့် ဘောလုံးကန်ဖက် သူငယ်ချင်း အချို့ အလုပ်ပိတ်၏။ သို့နှင့် ဒီနေ့ မနက်မှာလည်း ကျနော်တို့ ကန်ကြ၏။ ဒီနေ့ကိုတော့ (၂) ချိန်ဆက် ( ၂ နာရီ) ကန် ခြင်း ဖြစ်၏။ သို့သော် ကျနော်ကတော့ တချိန်ပဲ ကန်နိုင်၏။ မကန်နိုင်၍ မဟုတ်ပေ။ ကျူရှင်သွားရဦးမည် ဖြစ်သဖြင့် တချိန်သာ ကန်နိုင်ခြင်း ဖြစ်၏။ ဒီနေ့ လူများ၏။ သိုနှင့် (၃) သင်းခွဲလိုက်ပြီး (၂) ဂိုး ရှုံးထွက် ကန်ကြ၏။ အရင်ဆုံး (၂) ဂိုး သွင်းခံ ရသည့်အသင်းက ထွက်ရခြင်း ဖြစ်၏။ ဒီနေ့ ကန်လို့ ကောင်း၏။ လူခွဲလိုက်ချိန်မှာ ကျနော်တို့ အသင်းတွင် လူညီသည့် သူများ ပါလာ၏။ တယောက်အကြောင်းကို သိနေပြီးသား ဆိုတော့ အချိတ်အဆက်က ပြောနေဖို့ မလိုတော့ပေ။
photo from Facebook
တဖက်အသင်းသာ အလှည့်ကျ ပြောင်းသွားသည် ကျနော်တို့ အသင်းက မထွက်လိုက်ရပေ။ ထို့ပြင် တဂိုးလေးတောင် အသွင်းမခံ ရပေ။ ရှုံးထွက်ကို (၈) ပွဲ ဆက်လောက် ကန်ပြီးချိန်မှာတော့ ကျနော်တို့ အသင်း ထွက်ပေးလိုက်၏။ ထို (၈) ပွဲတွင် ကျနော် (၅) ဂိုးသွင်းနိုင်ခဲ့၏။ ဒီနေ့တော့ ခြေစွမ်းပြနိုင်ခဲ့၏။ (၂) ဂိုးသွင်းပြီး နိုင်ပေမယ့် ထွက်ပေးလိုက်ခြင်း ဖြစ်၏။ ကျန် (၂) သင်းကို ပေးကန် လိုက်ပြီး ကျနော်တို့ ခဏ နားနေ လိုက်၏။ ထို (၈) ပွဲဆက်၏ နောက်ဆုံး (၈) ပွဲမြောက်မှာမှ ကျနော်တို့ အသင်း တဂိုး သွင်းခံ ရ၏။ ထို ဂိုးတောင် တဖက် အသင်းက သွင်းခြင်း မဟုတ်ပဲ၊ ကျနော်တို့အသင်းမှ ကစားသမားကပဲ ကိုယ့်ဂိုးကို သွင်းမိခြင်း ဖြစ်၏။ ကျူရှင်ချိန်လည်း နီးနေပြီမို့ အခြားသူများထက် အရင် ကျနော် ပြန်လာလိုက်၏။
ကျနော့်တွင် ဘောလုံးကန် အဖွဲ့ (၂) ဖွဲ့ ရှိ၏။ မနက်ပိုင်းကန်သည့် အဖွဲ့နှင့် ညနေပိုင်း ကန်သည့် အဖွဲ့ ဖြစ်၏။ မနက်အဖွဲ့က ကျနော် ဆိုင်ကယ်ပြင်ရင်းနှင့် ခင်မင်သွားသည့် ဆိုင်ကယ် ၀ပ်ရှော့နှင့် ၀ါယာရိန်း ဆိုင်မှ သူငယ်ချင်းများ ဖြစ်၏။ ညနေပိုင်းအဖွဲ့က Phone service လုပ်သည့် သူငယ်ချင်းများ ဖြစ်၏။ ထို သူငယ်ချင်းများကလည်း ဒီနေ့ညနေကို ကန်မည် ပြော၏။ ည (၇) နာရီကနေ (၈) နာရီ ထိ ဖြစ်၏။ သူတို့နှင့်လည်း လာကန်ဖို့ ခေါ်ထားပြန်၏။ မနက်က ကန်ထားပြီး ဖြစ်သဖြင့် သိပ်မကန်လိုလှပေ။ စိတ်က ကန်ချင်ပေမယ့် လူက လိုက်နိုင်နေဖို့လည်း လိုသေး၏။ လိုက်မကန်လျှင် ထိုသူငယ်ချင်းများက စိတ်ဆိုး စိတ်ကောက်ကျပေလိမ့်ဦးမည်။ မနက်က တအားကြီး ပင်ပန်းအောင် မကန်ထားသဖြင့် လိုက်ကန်မည်ဟုသာ အကြောင်းပြန်လိုက်၏။ မနက်က ခြေစွမ်းပြနိုင်သလို ညနေကော ခြေစွမ်းပြနိုင်မလား ဆိုသည်ကိုတော့ ……
Don Jaun
MSC 31
DJ ဒွန်ကတော့ စုံတာနော်
Posted using Partiko Android
နည်းနည်းပါ ဗျ😁
ခြေသည်းအစွပ် အော်ဒါမှာလို့ရတယ်နော်။
ပျောက်သွားပြီ ဆရာ
ပျောက်ကိုသွားတာပေါ့လေ အံ့ရော
တို့အစ်ကိုက ဘောလုံးအားကစားမှာလည်း ဆရာကြီးပဲနဲ့တူတယ်။(၅)ဂိုးသွင်းလိုက်တယ်ဆိုတော့လေ။
ကြက်ကန်းတိုးတာ
Congratulations! This post has been upvoted from the communal account, @minnowsupport, by Don Jaun from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.
If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.
ဘောလုံးပဲကန်ပါ