FIFA 2020 (mod 14)

in #myanmar4 years ago

bwe0ql8m96.jpg

ဂိမ်းတွေဖက် မလှည့်ဖြစ်တာ အတော်လေး ကြာသွားပြီ ဖြစ်၏။ ဂိမ်းတွေ ဟု ပြောရအောင်လည်း ဘောလုံးဂိမ်းလောက်သာ အဆော့များခဲ့၏။ PES, FIFA, Dream League, Top Eleven, FTS အစရှိသည့် ဂိမ်းများ ဆော့ကစားဖြစ်ခဲ့၏။ အခြား RPG ဂိမ်းမျိုး၊ Avenger ဂိမ်းမျိုးတွေတော့ အဆော့နည်း၏။ ထို့ပြင် လက်ရှိ ချိန်ထိ online ဂိမ်းဆော့ကစားခဲ့တာ အတော်လေး နည်း၏။ ဘောလုံးဂိမ်းထဲမှာဆိုလျှင် Top Eleven လောက်သာ online အနေနှင့် ဆော့ကစားခဲ့၏။ ဘောလုံးဂိမ်း မဟုတ်ဘဲ online အနေနှင့် ဆော့ကစားဖြစ်သည့် ဂိမ်းဆိုလို့ Mobile Legend သာ ရှိ၏။

ယခင်က ဘောလုံးဂိမ်းများကို တော်တော်များများ ဆော့ကစားဖြစ်ပေမယ့် နောက်ပိုင်း ဂိမ်းအများစုက Online ဂိမ်းတွေ ဖြစ်လို့ လာတော့ သိပ်မဆော့ ဖြစ်၊ မဆော့ချင်တော့ပေ။ ထိုစဉ်က ကိုယ်က internet (wifi) မှ မယူနိုင်သေးတာကိုး။ ယခု အခါမှာတော့ wifi ယူထားပြီး ဖြစ်ပေမယ့် အဆိုပါ Online ဘောလုံးဂိမ်းများကို မဆော့ ဖြစ်သေးပေ။ online ဘောလုံးဂိမ်းများကို offline အနေနှင့် ဆော့ကစားလို့ ရသည့် mod ဂိမ်း များလည်း ထွက်လို့လာခဲ့၏။ Pes ဂိမ်းကိုတော့ offline အနေနှင့် သိပ်မတွေ့ရပေ။ FIFA ဂိမ်းကိုတော့ အစဉ်အဆက်၊ ခုနှစ် အလိုက်ကို တွေ့ရ၏။ အကုန်လုံးကတော့ 2014 ကို အခြေခံထားပြီး mod ထားခြင်း ဖြစ်၏။

lhp7z5atxg.png

FIFA ဂိမ်းက 2014 အထိ offline ရခဲ့သည်ကိုး။ ထိုနောက်ပိုင်းနှစ်တွေမှာတော့ online ဖြစ်သွား၏။ ထို့ကြောင့် mode ဂိမ်းများသည် 2014 setting ပုံစံနှင့်သာ များ၏။ သို့ပေမယ့် ကစားသမား၊ အသင်း တံဆိပ်၊ ၀တ်စုံများကတော့ ယခု လက်ရှိ အတိုင်း ဖန်တီးထားပေး၏။ အဆိုပါ FIFA mode ဂိမ်းကို 2018 version ကော၊ 2019 version ကော ဆော့ကစားဖူးခဲ့၏။ ဆော့လို့ကောင်း၏။ 2019 mod က တော်တော်လေး ကောင်း၏။ 2019 ကို တော်တော် အချိန်ကြာကြာ ဆော့ ဖြစ်လိုက်သေး၏။ ထို့နောက် သိပ်မကြိုက်တော့သဖြင့် ပြန်ဖြုတ်လိုက်၏။

သည့်နောက်တွင်တော့ Mobile Legend သာ ဆော့ ဖြစ်ခဲ့၏။ ဒီနေ့မှာတော့ ခပ်ပျင်းပျင်း ရှိသဖြင့် ဘောလုံးဂိမ်းတွေ ထပ်ရှာမိ ပြန်၏။ FIFA 2020 mod သွားတွေ့၏။ စမ်းဆော့ကြည့်ချင်စိတ်တွေ ဖြစ်သွား၏။ ဂိမ်းမှာ ညွှန်းထားသည်ကလည်း အလွန်ကြီးကို January အပြောင်းအရွှေ့တွေပါ အမှန်၊ update လုပ်ထားသည်တဲ့။ အတော်လေး လန်းမည့်၊ ကြမ်းမည့်ပုံပင်။ သို့နှင့် download ဆွဲလိုက်၏။ file size ကလည်း မသေးလှပေ။ 1 GB ကျော်၏။ download လုပ်နေသည်ကို စောင့်နေရင်းနှင့် ဘယ်လိုများ နေမလဲဟု ရင်ခုန် စိတ်လှုပ်ရှားနေမိ၏။ ပြီးလျှင်တော့ ဆော့ကြည့်ဦးမည်။ နောက်ရက်မှ ဆော့ကစားရသည့် feeling လေးကို ထပ်ပြောပြပါဥိီးမည်။

Don Jaun

MSC 31

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work!
Dear reader, Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.me/esteem

Coin Marketplace

STEEM 0.18
TRX 0.13
JST 0.028
BTC 57630.83
ETH 3105.65
USDT 1.00
SBD 2.33