FIFA 2020 (Game play)

in #myanmar4 years ago

bwe0ql8m96.jpg

မနေ့က down လို့ပြီးသွားသည့် FIFA 2020 ကို စမ်းပြီး ဆော့ကစားကြည့်၏။ ဆော့လို့ကောင်း၏။ ယခင် 2019 ထပ်ကို တော်တော်လေး သိသိသာသာ ဆော့ကစားလို့ ကောင်း၏။ မနေ့က play off mode ပဲ ဆော့ကြည့်ရသေး၏။ manager mode တော့ မဆော့ကြည့်ရသေးပေ။ manager mode လည်း ယခင်ကထက်ပိုပြီး ဆော့လို့ကောင်းမှာတော့ အမှန်ပင် ဖြစ်၏။ ယခု 2020 က ရုပ်ထွက်ပိုင်းကအစ တော်တော်လေး သိသာ၏။ လူပေးခြင်း၊ ဂိုးကန်သွင်းခြင်းများမှာလည်း ယခင်ထက်ပိုပြီး ကောင်းမွန်လာ၏။ ဂိုးသွင်းပြီး အောင်ပွဲ ခံတာက အစ ပိုမိုက်လာ၏။ ပြင်ပက နာမည်ကျော် ကစားသမားများ၏ အောင်ပွဲခံ ပုံစံအတိုင်း ပြုလုပ်ထားပေး၏။

Manager mode မှာတော့ မိမိ ကြိုက်ရာ အသင်းရွေးပြီး league အလိုက် ဆော့ကစားရမည် ဖြစ်၏။ ဥပမာ မိိမိက Manchester united အသင်းကို ရွေးလိုက်သည် ဆိုပါဆို။ သို့ဆိုလျှင် Premier League မှာ ဆော့ကစားရမည် ဖြစ်၏။ ထို့ပြင် Champion league or Europa league, English cup, FA cup အစရှိသည့် ဖလားပြိုင်ပွဲများကိုလည်း ယှဉ်ပြိုင်ကစားရမည် ဖြစ်၏။ ပြင်ပက လိဂ်တွေ၊ အသင်းတွေလိုပဲပေါ့။ ယခုနှစ် ရာသီ အပြောင်းအရွှေ့စာရင်း အမှန်နှင့် ဖြစ်၏။ ဇန်နဝါရီလ အပြောင်းအရွှေ့များတော့ မပါသေးပေ။ ဒါကလည်း သိပ်တော့ ကိစ္စ မရှိပေ။ နောက်ပိုင်း update များမှာတော့ ပါလာနိုင်၏။

lhp7z5atxg.png

FIFA ဂိမ်းကိုက ထိုသို့ Mod ထွက်ပေမယ့် Pes မှာတော့ ထိုသို့ မထွက်ပေ။ ထိုအချက်ကတော့ သိပ် သဘောမတွေ့စရာ။ ကျနော်က Pes ဂိမ်းကို ပိုသဘောကျ၏။ Pes ၏ ဒီဇိုင်းတွေက ပိုပြီး လန်းသည်ဟု ခံစားရ၏။ ခုက Pes မရလို့သာ FIFA ကို ဆော့နေရခြင်း ဖြစ်၏။ online ဂိမ်း အနေနှင့်ကလည်း မဆော့ချင်ပြန်ဘူးကိုး။ လောလောဆယ်တော့ FIFA 2020 လေးနှင့် သာယာ နေလိုက်ပါဦးမည်။ နောက်မှ Dream League ဘောလုံးဂိမ်းကို download လုပ်ပြီး ဆော့ကစား ကြည့်ပါဦးမည်။

ပိုက်ဆံ အများကြီး ရှိအောင် လုပ်ပြီးမှ Manager mode ကို သွားဆော့ပါဦးမည်။ အပြောင်းအရွှေ့ ဈေးကွက်အတွက်ပေးထားသည့် ငွေက အတော်လေး နည်း၏။ ထို့ကြောင့် ပိုက်ဆံများလာအောင် mod ထပ်လုပ်ရပေလိမ့်ဦးမည်။ ဒါကလည်း သိပ်မခက်လှပေ။ မလုပ်တတ်ခင်ကတုန်းက ခက်ပေမယ့် အခုအခါမှာတော့ အတော်လေး လွယ်သွားခဲ့ပြီ ဖြစ်၏။ Manager mode မှာ ခပ်ကြမ်းကြမ်းလေး ၀ယ်ရောင်းသွားလုပ်လိုက်ဦးမည်။ ကျနော်က ဘောလုံး ကန်ရတာထက် ကစားသမား ၀ယ်ရောင်း လုပ်ရသည်က ပိုပြီး သဘောကျ၏။ တကယ်တမ်း ယခုလို ဘောလုံးဂိမ်းများကို ဆော့ကစားနေရခြင်း အကြောင်းအရင်းကလည်း ကစားသမား ၀ယ်ရောင်း လုပ်လို့ ရနေခြင်းကြောင့် ဖြစ်၏။ မိမိ အားပေးသည့် အသင်းမှာ မိမိ ကြိုက်သည့် ကစားသများကို ရှိိစေချင်၏။ အပြင်မှာ မရနိုင်သည့် ခံစားမှုများ ဂိမ်းထဲမှာ ရနိုင်သည်ကိုး။

Don Jaun

MSC 31

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work!
Dear reader, Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.me/esteem

Coin Marketplace

STEEM 0.18
TRX 0.13
JST 0.028
BTC 57605.72
ETH 3101.08
USDT 1.00
SBD 2.33