Exam Coming

in #myanmar4 years ago

85ptci.jpg

ခုချိန်ထိ ဟိုယောင်ယောင် ဒီယောင်ယောင်၊ ဟိုလိုလို ဒီလိုလိုနှင့် ဖြစ်၏။ နေ့စဉ် လုပ်စရာ ရှိသည့် အလုပ်တွေကို လုပ်နေပေမယ့် ယခု တလော စာသင်သည့် အလုပ်ကို သိပ်မလုပ်ချင်သလို ဖြစ်နေ၏။ လုံး၀ကြီး စိတ်ကုန်သွားခြင်းမျိုး မဟုတ်ပေ။ ခဏတဖြုတ်လောက် စိတ်ညစ်၊ စိတ်ပန်းနေသည့် ပုံစံမျိုး ဖြစ်နေခြင်း ဖြစ်၏။ စာမေးပွဲနား နီးလို့ ပင်ပန်းလာခြင်းလည်း ဖြစ်မယ် ထင်၏။ ထို့ကြောင့်ပဲ ထိုသို့ တွေးမိခြင်း ဖြစ်၏။ ဒီနှစ်ကလေးတွေက မနှစ်က ကလေးတွေလိုပဲ လိမ္မာကြ၏။ ကျနော့်မှာ ကံကောင်းသည့်အချက်က တခါသားမှ မလိမ္မာသည့် တပည့်များနှင့် မကြုံခဲ့ရသေးခြင်းပင် ဖြစ်၏။

လိမ္မာ ကြပေမယ့် ပြောစကား အကုန်လုံး နားထောင်သည့် တပည့်မျိုးတွေနှင့်တော့ အခုထိ မကြုံဖူးသေးပေ။ ဒါကလည်း ကြုံဖို့ မဖြစ်နိုင်ပေ။ ကိိုယ်တိုင် ကျောင်းသားဘ၀ တုန်းကလည်း ဆရာ၊ ဆရာမ ပြောသမျှ အားလုံးကိုမှ နားမထောင်ခဲ့ပဲ။ ခု ဆရာ ဘ၀ ရောက်လာမှ ထိုအဖြစ်ကို ကိုယ်ချင်းစာမိတော့၏။ သူတို့်အတွက် ပြောပေမယ့် ကလေးတွေက လိုက်မလုပ်တော့ စိတ်ထဲ မကောင်းလှပေ။ ထို့ပြင် ဆရာ၊ ဆရာမတွေ၏ ကျေးဇူးကိုလည်း ပိုပြီး နားလည်လာခဲ့။

lpvjhg.jpg

ကလေးတွေက စာမလုပ်လို့လား ဆိုတော့ မဟုတ်၊ လုပ်တော့ လုပ်ကြ၏။ သို့ပေမယ့် လုံလောက်အောင်၊ စိတ်ကျေနပ်ဖွယ်ကောင်းလောက်အောင် မလုပ်ကြာခြင်း ဖြစ်၏။ ထိုအချက်က သဘောမကျ စရာပင်။ စာမေးပွဲ အတွက် လုပ်စရာ၊ ကျက်စရာ၊ တွက်စရာများကို သေချာ ကျက်မှတ်၊ တွက်ချက် ထားနိုင်ဖို့ လိုသည် မဟုတ်လား။ သူတို့ကား ပြောလိုက်လျှင်တော့ ဟုတ်ကဲ့၊ ဟုတ်ကဲ့နှင့်။ သို့ပေမယ့် ပြီးလျှင်လည်း တကယ် လိုက်မလုပ်ကြပေ။ (၁၀) ယောက်မှာ (၄)၊ (၅) ယောက်လောက်သာ ပြောသည့် အတိုင်း တကယ်လုပ်ကြ၏။ ကိုယ် လိုချင်သည့် ပုံစံ ၀င်ကြ၏။

ကိုယ်သင်ပေးရသည့် ကလေး အားလုံးသာ ကိုယ်လိုချင်သည့် ပုံစံလေးဖြစ်နေလျှင် တော်တော်လေး ကောင်းပေလိမ့်မည်။ ခက်တာက ဒါကလည်း ဘယ်လိုမှ မဖြစ်နိုင်သည့် ကိစ္စဖြစ်၏။ ကလေး အားလုံး ကိိုယ့်စကား နားထောင်သည် ဆိုသည်မျိုးက ဆရာ (၁၀၀) မှာ ဆရာ (၁) လောက်တောင် ကြုံဖူးပါ့မည်ရဲ့လား မသိပေ။ ဆရာတွေကလည်း နတ်ဘုရားတွေ၊ တန်ခိုးရှင်တွေမှ မဟုတ်ဘဲ။ ပြောသင့် ပြောထိုက်တာကို ပြောပြမည်။ လိုက်လုပ်လျှင်တော့ သူတို့အတွက်လည်း ကောင်းသလို၊ ကိုယ်တွေလည်း ပျော်ရွှင်ရသည်ပေါ့။

စာမေးပွဲနား နီးလာတိုင်း သူတို့်တော့ မသိ၊ ဆရာ ဆရာမတွေမှာတော့ ယခင်ထက် ပိုပြီး မောကြရ၏။ ရသလား၊ သိသလား၊ နားလည် သလား လိုက်မေးနေရ၏။ သူတို့က အရင် စပြီး မမေးတော့ ဆရာ၊ ဆရာမတွေကပဲ လိုက်မေးပြီး ပြန်သင်၊ ပြန်ရှင်း ပြနေရ၏။ မောလိုက်သည် ဖြစ်ခြင်း။ မည်သို့ပင် ဆိုစေ တနှစ် တနှစ်ကလည်း မလွယ်ဘူး မလား။ သူတို့လေးတွေ အဆင်ပြေပြေ၊ ချောချောမောမောနှင့် အောင်သွားဖို့က ကျနော်တို့လို ဆရာ၊ ဆရာမတိုင်း၏ ရည်ရွယ်ချက် အိပ်မက်ပင် မဟုတ်ပါလား။ ဘာတွေပဲ ဖြစ်နေနေ၊ ဘယ်လောက်ပဲ မောမော အပင်ပန်းခံရပေလိမ့်ဦးမည်။

Don Jaun

MSC 31

Sort:  

Congratulations @donjaun! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :

You published a post every day of the week

You can view your badges on your Steem Board and compare to others on the Steem Ranking
If you no longer want to receive notifications, reply to this comment with the word STOP

To support your work, I also upvoted your post!

Do not miss the last post from @steemitboard:

SteemitBoard Ranking update - A better rich list comparator
Vote for @Steemitboard as a witness to get one more award and increased upvotes!

Coin Marketplace

STEEM 0.26
TRX 0.11
JST 0.032
BTC 63510.75
ETH 3065.54
USDT 1.00
SBD 3.82