သေချာပြီလား ... (Chapter 8)steemCreated with Sketch.

in #myanmar7 years ago

FB_IMG_1527335451652.jpg

ထို့ပြင် ကျနော် phone ဆက်ပြီး အသိကို လာကြည့်ခိုင်းလိုက်မယ် ဆိုကတည်းက လာကြည့်ချိန်ကို မရလိုက်။ ရောင်းထွက်သွားပြီ ပြော၏။ နောက်တလုံးကြ ညကြီးမင်းကြီး ကားပေါ်တင်ပေးလိုက်မည် ဆိုပြန်၏။ ပိုက်ဆံ တ၀က်လောက်ပဲ ဖြစ်ဖြစ် လွှဲပေးလိုက်တဲ့။ သူ့မှာ ထို phone ကို ကောက်ထားလိုက်ဖို့ လောလောဆယ် ပိုက်ဆံ မရှိသေးဘူး ဆို၏။ နောက်နေ့ Group ထဲမှာကြတော့ ကျနော့် ထံ ပို့ပေးလိုက်သည့် ပုံတွေနှင့် အရောင်းပိုစ့်က တင်ထားပြန်၏။ နောက်ထပ် အသိအကိုတယောက်ကို အကူအညီတောင်းပြီး သွားကြည့်၊ သွားစစ်ခိုင်းမည် လုပ်တော့ သူက ခရီးထွက် (နေပြည်တော်) ရောက်နေသည် ဆို၏။ ထို့နောက် ကားဂိတ်ကနေ ပစ္စည်းထည့်ပေးတာ အစ၊ ငွေလွှဲခိုင်းတဲ့ ပုံစံက အဆုံး ပြန်စဉ်းစားကြည့်လျှင် မသင်္ကာစရာများ တွေ့လာရ၏။

သူ မန္တလေး ပြန်ရောက်ပြီး ကျနော့်ကို ဆက်သွယ်လာလျှင်တော့ ဒီ မတင်မကျမှုကြီးက အဖြေ ထွက်သွားပေလိမ့်မည်။ စိတ်မကောင်းစွာပင် ကျနော့် အထင်က မှန်နေ၏။ ထိုသူ ကျနော့်ကို ထပ်မဆက်သွယ်လာတော့ပေ။ မဆက်သွယ်လာသည့် အပြင် သူ့ facebook account ပါ ဖျက်ပစ်လိုက်ပြီ ထင်၏။ ကျနော့် ဖက်က မှန်မှန်ကန်ကန် ရှိခဲ့ပေမယ့် သူ့ဖက်ကတော့ အကုန်လုံး အလိမ်အညာတွေ နီးပါး ဖြစ်၏။ တော်သေး၏။ သူပြောသလို ပြောင်းပြန် ငွေမလွှဲလိုက်လို့၊ ခဏနေ ထိုငွေကိုပါ ဆရာသမားက ထုတ်ပြီး ယူသွားဦးမည်။ password ခံထားလည်း လွှဲပေးသူ နေရာမှာ သူ့ နာမည်နှင့် ဆိုတော့ password မေ့သွားလို့ပါ ဆိုပြီး လုပ်သွားနိုင်သေးသည် မဟုတ်လား။

received_2149531511931735.jpeg

ထိုအချက်တွေလောက်နှင့် ထိုသူဟာ လူလိမ်ဟု ကျနော် ဆုံးဖြတ်လို့ ရသွားပြီ မဟုတ်လား။ ကားဂိတ်ကို သွားနေစရာ မလိုတော့ပေ။ ထိုသူသည် အနှီ ၀ယ်ရောင်း Group ထဲမှာပင် အခြား ပိုစ့်များကိုလည်း တင်ထားသေး၏။ အထူးသဖြင့် သူ့နား phone ယူပြီး ပိုက်ဆံ အကျေ မချေသွားသည့် သူများကို နေရပ်၊ လိပ်စာများ တင်ပြီး ပိုစ့်တင် ရေးသားထားခြင်း ဖြစ်၏။ ကျနော်နှင့် အရောင်းအ၀ယ် လုပ်သည့် အခါမှာလည်း ဟိုအရင်က ခံခဲ့ရဖူးလို့ သေချာမှ၊ စိတ်ချရမှ လုပ်မယ် ဆုံးဖြတ်ထားလို့ပါ ဆို၏။ အင်မတန် အကွက်ရွှေ့တော်လှသူ ဖြစ်၏။ ပိုက်ဆံလေး (၂) သိန်း၊ (၃) သိန်းနှင့် မလိမ်ပါဘူး ပြော၏။ ကား (၂) စီး ရှိကြောင်း၊ ကားလည်း ၀ယ်ရောင်း လုပ်ကြောင်း ဆို၏။ ပိုက်ဆံ (၂) သိန်း၊ (၃) သိန်းက သူ့အတွက် တရက် ရှာစာသာ ရှိကြောင်း ဆို၏။ ထိုစကားတွေ ပြောလိုက်ခြင်းဖြင့် သူ့ကို ကျနော် ယုံသွားမည် ထင်နေ၏။ ကျနော်ကလည်း ငတုံး၊ ငအ မှ မဟုတ်ပဲ။ စဉ်းစားတတ်၊ တွေးတတ်၏။ phone အကြောင်းလည်း နားလည်၏။

သို့ပေမယ့်လည်း နေရင်း ထိုင်ရင်း ကျနော် ပိုက်ဆံ တသောင်းတာ့ ကုန်သွား၏။ wave ငွေလွှဲခနှင့် တန်ဆာခ ဖြစ်၏။ ဤသည်ကလည်း ကျနော့် အပြစ်သာ ဖြစ်၏။ အခြား ၀ယ်ရောင်းများထက် ဈေးသက်သာနေခြင်း၊ phone နှင့် contact လုပ်လို့ ရနေခြင်း၊ ထိုသူ နေထိုင်သည့် နေရာ (မြို့) မှာ ကျနော့် အသိများ ရှိနေခြင်း၊ လူတဖက်သားကို ယုံလွယ်ခြင်း၊ အားနာတတ်လွန်းခြင်းတို့ကြောင့် ယခုလိုမျိုး ကြုံတွေ့ ရသည်ဟု ပြောလို့ ရ၏။ မည်သို့ပင် ဆိုစေ ပိုက်ဆံ တသောင်းနှင့် သင်ခန်းစာတော့ တော်တော် ရလိုက်၏။ Online ၀ယ်ရောင်းများနှင့် ပတ်သက်ပြီးတော့လည်း အရင်ထက် ပိုပြီး သတိထားဖို့လည်း ကိုယ့်ကို သတိပေးမိ၏။ တခါသေဖူး ပျဉ်ဖိုး နားလည် မဟုတ်လား။

ဆက်ပါဦိးမည်

Don Jaun

MSC 31

Sort:  

ယုံကြည်လိုက်စမ်းဘာ ☺

မယုံရဲဘူး

ကိုဒုန်ကြီးကိုတော့ ယုံကြည်တယ် ။ 1 steem ဘေ တစ်ထောင် ပြန်လုပ်ပါါ်ဦး ကိုဒုန် ။

ငှယ့် 1 steem ကို bill 1000 တဲ့ ...
သာသာ လုပ်ပါအေ

Coin Marketplace

STEEM 0.04
TRX 0.32
JST 0.081
BTC 59511.06
ETH 1566.48
USDT 1.00
SBD 0.42